အမျိုးသမီးရောဂါကုဌာန

အမျိုးသမီးရောဂါကုဌာန ၌ သမားတော်များနှင့် ဆွေးနွေးတိုင်ပင်ရန်နှင့် သမားတော်များစမ်းသပ်စစ်ဆေးမှုပြုရန် သက်တောင့်သက်သာရှိသော ကိုယ်ပိုင်ပတ်ဝန်းကျင် ရှိပါသည်။ ထိုဌာနကို အမျိုးသမီးများ၏ အထူးလိုအပ်ချက်ကို ဖြည့်ဆည်းရန် ရောဂါရှာဖွေခြင်း၊ ကုထုံးနှင့်ဆိုင်သောဆေးပညာ၊ ကုသခြင်းနှင့် ခွဲစိတ်ခြင်း အစရှိသောအထူးပြုမှုများကို ဆောင်ရွက်ပေးသောသမားတော်ပေါင်း (၄၀) ကျော်နှင့် ဖွဲ့စည်းထားပါသည်။

သားဖွားမီးယပ်နှင့်ဆိုင်သော (OB/GYN) အဆောက်အအုံ

အမျိုးသမီးရောဂါကုဌာနတွင် လူနာများအသုံးပြုရန်အတွက် စမ်းသပ်ကုသမှုခံယူရန် ကိုယ်ပိုင် နေရာများနှင့် သန့်စင်ခန်းများပါရှိသည့် ကိုယ်ပိုင်ဆွေးနွေးတိုင်ပင်ခြင်းပြုလုပ်နိုင်သော အခန်း (၁၀) ခန်း ရှိပါသည်။
အမျိုးသမီးများအတွက် ပြည့်စုံသော ရောဂါရှာဖွေရေးဌာန
  • အာထရာစောင်းဖြင့် ရောဂါရှာဖွေခြင်း
  • ကွန်ပြူတာသုံး၍ ဓာတ်မှန်ဖြင့် ရင်သားအားစစ်ဆေးခြင်းနှင့် ကိုယ်တွင်းအင်္ဂါရှိ တိကျသောနေရာမှ အသားစယူ၍ စစ်ဆေးခြင်း
  • ပါးလွှာသောအရည်တွင်ရှိသည့် ဆဲလ်များအားလေ့လာခြင်း တိကျမှုနှင့် သားအိမ်ခေါင်းကင်ဆာ စောလျင်စွာ တွေ့ရှိရန်အတွက် သားအိမ်လည်တံမှဆဲလ်များကိုခြစ်ယူ၍ စစ်ဆေးခြင်း
  • အရိုးသိပ်သည်းမှုအား စမ်းသပ်သောစက်၊အရိုးသိပ်သည်းမှုနှင့် အရိုးပွခြင်း အား တိုင်းတာခြင်း
  • ကိုယ်တွင်းကြည့်မှန်ပြောင်းသုံး၍ ခွဲစိတ်ရာ အဆောက်အအုံ
  • သားမွေးလမ်းကြောင်းအတွင်း ကြည့်ရှုစစ်ဆေးခြင်း

သားဖွားမီးယပ်နှင့်ဆိုင်သော (OB/GYN) ဝန်ဆောင်မှုများ

  • ကလေးမမွေးဖွားမီ စောင့်ရှောက်မှု
  • ကလေးမွေးဖွားပြီးနောက်စောင့်ရှောက်မှု
  • သန္ဓေသားစစ်ဆေးခြင်း
  • သွေးဆုံးခြင်း
  • အန္တရာယ်များသောကိုယ်ဝန်ဆောင်ခြင်း
  • ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါများအား မှန်ပြောင်းဖြင့် ကြည့်ရှုခြင်း
  • ကလေးမမွေးမီသန္ဓေသားမျိုးရိုးဗီဇစစ်ဆေးခြင်း
  • အမျိုးသမီးအင်္ဂါပိုင်းဆိုင်ရာ ကင်ဆာရောဂါ
  • မျိုးပွားခြင်းဆိုင်ရာဆေးပညာနှင့် သန္ဓေအောင်စေသည့်ကုသမှုများ
  • ဆက်စပ်ကုသမှုများ
  • အလှအပဆိုင်ရာ ရုပ်ပြင်ခွဲစိတ်ဌာန

ရင်သားကုသမှုဌာန

 
ရင်သားကုသရေးဆေးခန်းသည် ရင်သားရောဂါဖြစ်သောအမျိုးသမီးများကို ခွဲစိတ်မှု ဓါတ်ရောင်ခြည်ဖြင့်ကုသမှုနှင့် ကီမိုဖြင့်ကုသမှုအပါအဝင် ကုသမှုအပြည့်အဝပေးပါသည်။ ဟော်ရီဇုန်ကင်ဆာမှ အထူးကုများသည် ကုသမှုကို ထိရောက်စေရန် လူနာများနှင့် ရင်းရင်းနှီးနှီးအလုပ်လုပ်ကြပါသည်။ ရင်သားကင်ဆာထက် ပိုပါသည်။ဆေးခန်းမှ အမျိုးသမီးများကို ကင်ဆာမဟုတ်သော အဖုနှင့်အကျိတ်၊ရင်သားနာခြင်း၊ကင်ဆာမဟုတ်သော ရင်သားအကျိတ်နှင့် အခြားသော သာမန်မဟုတ်သည်များအတွက် ကူညီဆောင်ရွက်ပေးသည်။

မီးဖွားခြင်းနှင့်ဆိုင်သောဌာန

 
  • စိတ်ငြိမ်ပြီး သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် မိခင်များ သားဖွားနိုင်စေရန် မီးဖွားခန်း (၆) ခန်း
  • စနစ်တကျစီမံထားသော  သဘာဝမီးဖွားခန်း၊ မီးဖွားသန့်စင်ကန်နှင့် မိခင်သည် မီးဖွားသော အတွေ့အကြုံကို မိသားစုနှင့် မျှဝေနိုင်ရန် မီးဖွားကုတင်ရှိသောမီးဖွားရာဌာန
  •  ခွဲစိတ်သားဖွားရန်အခန်း (၄) ခန်း
  • နို့ချိုတိုက်ကျွေးရန် ထောက်ပံ့ပေးသောအဖွဲ့
  • မွေးကင်းစကလေးများပြုစုစောင့်ရှောက်ရာ ဌာန

မွေးကင်းစ အထူးကြပ်မတ်ကုသရေးအဆောင်


A Level IIID NICU အဆောင်သည် အထူးကြပ်မတ်မှုကို လိုအပ်သောမွေးကင်းစကလေးငယ်များအတွက် (၂၄) နာရီ ကြပ်မတ်စောင့်ရှောက်မှုကို ပေးပါသည်။ ထိုအဆောင်တွင် အမေရိကန်၌ လေ့ကျင့်သင်ကြားခဲ့သော မွေးကင်းစအထူးပြုပညာရှင်များနှင့် သူနာပြုများကို ထားရှိသည်။
 

သန္ဓေတည်ခြင်းနှင့်ဆိုင်သောဌာန


  • သားသမီးရလိုသော ဇနီးမောင်နှံများအား နောက်ဆုံးပေါ်ခေတ်မီနည်းပညာနှင့် ကျွမ်းကျင်မှုကို အသုံးပြု၍ သားသမီးရစေရန်အတွက် ကုသမှု
  • သန္ဓေသားအထူးပြု သမားတော်များ၊ ခွဲစိတ်ဆရာဝန်များနှင့် သန္ဓေသားနှင့်ဆိုင်သောကျွမ်းကျင်သူများ
  • အဆောက်အအုံနှင့်တွဲ၍ တည်ရှိနေသော သန္ဓေသားဓာတ်ခွဲခန်း

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။