ရိုးဗီဇအားစစ်ဆေးခြင်း။
မျိုးရိုးဗီဇအားစစ်ဆေးခြင်းသည် ကျွန်ုပ်တို့၏ DNA နှင့် ခရိုမိုဆုန်းများ၏ မျိုးရိုးဗီဇအချက်အလက်များကို ဖော်ပြပေပြီး၊ ၎င်းအချက်အလက်များသည် ကျွန်ုပ်တို့ မည်မျှအသက်ရှည်မည်နှင့် မည်မျှကျန်းမာစွာ နေထိုင်နိုင်မည့်အပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေသည်။ ထို့အပြင် ၎င်းသည် ကျွန်ပ်တို့ မည်သည့်ဆေးကို သောက်သုံးရမည်နှင့် မသောက်သုံးရမည်ကိုလည်း ကျွန်ုပ်တို့အား သိရှိစေပါသည်။
ဟိုမုန်းဓာတ်စစ်ဆေးခြင်း။
ဟိုမုန်းဓာတ်များသည် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် အသက်ရှည်ခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် အိပ်ခြင်းမှ ဆာလောင်ခြင်းနှင့် လိင်နှင့်ဆိုင်သောကျန်းမာရေးအထိ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အားလုံးနီးပါးကို ထိန်းညှိပေးသော အဆိုပါဓာတုသတင်းပေးသမားများဖြင့် ပြည့်နေသည်။ ကျွန်ုပ်တို့၏ဟိုမုန်းဓာတ်များ ညီမျှနေသောအခါ ကျွန်ုပ်တို့သည် နေထိုင်ကောင်းသည်။
သေးငယ်သောအာဟာရဓာတ် စစ်ဆေးခြင်း။
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် ကောင်းမွန်စွာ အလုပ်လုပ်ရန် သေးငယ်သောအာဟာရဓာတ်များ (ဗိုက်တာမင်နှင့်သတ္တုဓာတ်များ) လိုအပ်ပါသည်။ သို့သော် အကောင်းဆုံးကျန်းမာရေးအတွက် ၎င်းဓာတ်များအား ကျွန်ုပ်တို့ မည်မျှလိုအပ်သည်မှာ ဆန်းကြယ်မှုတစ်ခုပင် ဖြစ်သည်။ ၎င်းတို့သည် ခန္ဓာကိုယ်လုပ်ဆောင်မှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သော်လည်း သမားရိုးကျဆေးနှင့် နှစ်စဉ်ပုံမှန် ဆေးစစ်မှုများတွင် ၎င်း၏သွေးထဲရှိပမာဏကို စစ်ဆေးမှုသည် မရှိသလောက်ပင် ဖြစ်သည်။
အသက်ရှည်နိုင်ခြင်းအား စစ်ဆေးခြင်း။
အသက်ရှည်နိုင်ခြင်းအား စစ်ဆေးခြင်း။ Vitallife တွင် သင်၏ဇီဝနှင့်ဆိုင်သော အသက်အရွယ်ကို ကျန်းမာရေးဆေးစစ်မှု၏ အပိုင်းတစ်ပိုင်းအနေဖြင့် စစ်ဆေးမှုပေါင်းများစွာကို ကြည့်ပြီး သတ်မှတ်ပါသည်။ ၎င်းစစ်ဆေးမှုများတွင် နှလုံးရောဂါဖြစ်နိုင်မှု အလားအလာ၊ သွေးချိုရောဂါနှင့် ကင်ဆာအပြင် ရောင်ရမ်းခြင်းဖြစ်နေသောအတိုင်းအတာနှင့် အခြားအရေးကြီးသောအချက်များ ပါဝင်သည်။
သိပ္ပံပညာတိုးတက်မှုများသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာနှင့် ၎င်း၏လုပ်ဆောင်နိုင်စွမ်းအားကို ပို၍နားလည်သိရှိစေရန် နည်းလမ်းများ ပေးလျက်ရှိသည်။ Vitallife သည် သွေးဖိအားနှင့် ကိုလက်စရောပမာဏကို စစ်ဆေးခြင်းထက် ကျော်လွန်၍ ကျွန်ုပ်တို့သည် မည်မျှအသက်ရှည်မည်နှင့် မည်မျှကျန်းမာစွာနေထိုင်နိုင်မည်ကို ဆုံးဖြတ်ပေးသော မျိုးရိုးဗီဇများနှင့် ဇီဝဓာတုဖြစ်စဉ်များကို ကျွန်ုပ်တို့အား သိမြင်စေသည်။