ကျောရိုးဌာန

ကျောရိုးဌါနသည် ထိုင်းနိုင်ငံ၏အကောင်းဆုံး ကျန်းမာရေးစင်တာဖြစ်သည်။ခါးနှင့်လည်ပင်းပြဿနာရှိသော လူနာများကို အဆင့်မြင့်နည်းပညာဖြင့် ကုသပေးသည်။ ကျွန်ုပ်တို့သည် ထိုရောဂါများကို ကုသရာတွင် နောက်ဆုံးပေါ် ခွဲစိတ်မှုနှင့် ခွဲစိတ်မှုမပြုရသော ကုထုံးများကို အသုံးပြုပါသည်။ ပို၍အရေးကြီးသည်မှာ အကောင်းဆုံးနည်းသည် ခွဲစိတ်မှုမပြုရသောနည်းလမ်းများနှင့် ပြန်လည်သန်စွမ်းရေးနှင့်ဆိုင်သော နည်းလမ်းများ ဖြစ်သည့်တိုင်အောင် ရောဂါ၏အရင်းအမြစ်ကို သိရန်နှင့် အကောင်းဆုံးကုထုံးနည်းလမ်းကို ဆုံးဖြတ်ရန် ရောဂါတစ်ခုစီကို သေချာစွာစစ်ဆေးမှုပြုသည်။
၎င်း၏ဌာနမှူးများသည် ကမ္ဘာအရပ်ရပ်မှ ကျွမ်းကျင်သူပညာရှင်များကို ကျောနှင့်လည်ပင်းနာမှုအတွက် နောက်ဆုံးပေါ် ခွဲစိတ်မှုနှင့် ခွဲစိတ်မှုမလိုသော ကုသမှုများကို လေ့ကျင့်သင်ကြားပေးသည်။ ဖြစ်နိုင်လျှင် ကာယလေ့ကျင့်ခန်းကုသမှုနှင့် နာကြင်မှုကိုသက်သာစေသောနည်းကိုသာသုံးပြီး လိုအပ်မှသာ ခန္ဓာကိုယ်ဖြတ်တောက်စရာမလိုသော မှန်ကြောင်းထည့်၍ ကြည့်သည် ထောင်ပေါင်းများစွာသော လူနာများသည်  နာကျင်မှုမှ သက်သာကာ၊ မြန်ဆန်စွာ နာလန်ထူနိုင်ကြသည်။ ကျောရိုးခွဲစိတ်မှုမှာ စိန်ခေါ်မှုများသည်။ထူးခြားသော ကျောရိုးပုံစံ ကျောရိုးပုံမမှန်ခြင်း သို့မဟုတ် ကျောရိုးကို ပြင်ဆင်ရန်ခွဲစိတ်ဖို့လိုသော လူနာများဆိုလျှင် နှစ်ဆပိုခက်သည်။
ကံကောင်းသည်မှာ လက်ရှိဆေးပညာတိုးတက်မှုကြောင့် ကျောရိုးခွဲစိတ်မှုတွင် အထူးကိရိယာများသုံး၍ ကျောရိုးခွဲစိတ်ခြင်း၊ပို၍ကောင်းမွန်စွာ ထိန်းနိုင်ခြင်းသည် ပို၍ကောင်းသောရလဒ်ကို ရစေသည်။ ဥပမာတစ်ခုမှာ ခွဲစိတ်ဆရာဝန်များကို ကျောရိုးခွဲစိတ်ရန်  ကူညီသော စက်ရုပ်အကူဖြင့် ကျောရိုးခွဲစိတ်ခြင်းဟုသိကြသော လက်ရှိသုံးနေသည့် စက်ရုပ်လက်နှင့် လှုပ်ရှားသောစနစ်ဖြစ်သည်။ ကျောရိုးအဖွဲ့စည်းမှ ထိုင်းနိုင်ငံနှင့်တကမ္ဘာလုံးရှိ မထိန်းချုပ်နိုင်သောနည်းလမ်းမှ အရှုပ်ထွေးဆုံး ကျောရိုးခွဲစိတ်မှုနှင့်ခါးခွဲစိတ်မှု နည်းလမ်းများကို ပေးခဲ့သည်။ ကျောရိုးအဖွဲ့စည်းအကြောင်းသိရန် ဤဗွီဒီယိုကိုကြည့်ပါ 

သင်တန်းပရိုဂမ်

 
ကျောရိုးအတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းသည် အကျိုးရှိသော နည်းပညာသစ်ဖြစ်ပြီး ခါးကြောညှပ်ခြင်း၊ခါးရိုးဆစ်ကျဉ်းခြင်း၊ အရိုး အတက်ထွက်ခြင်းနှင့် အဆစ်လွဲခြင်းတို့ကို ကုသရန် အသုံးပြုပါသည်။ ဂျာမနီရှိ စိန့်အဲနာဆေးရုံမှကျောရိုးခွဲစိတ်မှုနှင့်နာကြင်မှုကိုကုသသောဌါနမှ ဆေးရုံအုပ်နှင့် အလွန့်အလွန်လေးစားရသော သမားတော် ဒေါက်တာစီဘာစတိန် ရူတန်မှ အလွန်သေးငယ်သော (၇.၉မီလီမီတာ)ရှိအပေါက်မှ အတွင်းကြည့်မှန်ပြောင်းထည့်ကုနည်းကို တီထွင်ခဲ့သည်။ အတွင်းကြည့်မှန်ပြောင်းအဆုံးမှ ကင်မရာသည် ခွဲစိတ်ဆရာဝန်ကို တစ်ရှူးဘေးပတ်ဝန်းကျင်တွင် မည်သည့်ပြဿနာမှမရှိဘဲ ဖြစ်နေသောအကြောကို ရှာ၍ဖယ်ရှားနိုင်သည်။ ဤနည်းလမ်းသည် လူနာ၏ပြန်လည်သက်သာချိန်ကိုမြန်စေပြီး ခွဲစိတ်ပြီးနောက်ဆက်တွဲအကျိုးများ ခံစားခြင်းကို လျှော့နည်းစေသည်။ 

ဤကျောရိုးနှင့်လည်ပင်း မှန်ပြောင်းကြည့်ခွဲစိတ်မှုနည်းလမ်းကို တကမ္ဘာလုံးမှ ကျောရိုးဆရာဝန်များက လက်ခံလာသည်။ ဘမ်ရွန်ဂရက်ကျောရိုးဌါနမှ  ဒါရိုက်တာ ဒေါက်တာဗီရာပန်  ကန်ဆောင်ထန်ကို ဒေါက်တာရူတန်က အာရှရဲ့ပထမဆုံးနဲ့တခုတည်းသော မှန်ပြောင်းကြည့်ခွဲစိတ်မှုဌါနအဖြစ် ရွေးချယ်ခဲ့ပါသည်။

စက်ရုပ်အကူညီဖြင့် ကျောရိုးခွဲစိတ်ခြင်း

 
ကျောရိုးခွဲစိတ်မှုမှာ စိန်ခေါ်မှုများသည်။ထူးခြားသော ကျောရိုးပုံစံ ကျောရိုးပုံမမှန်ခြင်း သို့မဟုတ် ကျောရိုးကို ပြင်ဆင်ရန်ခွဲစိတ်ဖို့လိုသော လူနာများဆိုလျှင် နှစ်ဆပိုခက်သည်။ ကံကောင်းသည်မှာ လက်ရှိဆေးပညာတိုးတက်မှုကြောင့် ကျောရိုးခွဲစိတ်မှုတွင် အထူးကိရိယာများသုံး၍ ကျောရိုးခွဲစိတ်ခြင်း၊ပို၍ကောင်းမွန်စွာ ထိန်းနိုင်ခြင်းသည် ပို၍ကောင်းသောရလဒ်ကို ရစေသည်။ ဥပမာတစ်ခုမှာ ခွဲစိတ်ဆရာဝန်များကို ကျောရိုးခွဲစိတ်ရန်  ကူညီသော စက်ရုပ်အကူဖြင့် ကျောရိုးခွဲစိတ်ခြင်းဟုသိကြသော လက်ရှိသုံးနေသည့် စက်ရုပ်လက်နှင့် လှုပ်ရှားသောစနစ်ဖြစ်သည်။

စက်ရုပ်အကူညီဖြင့် ကျောရိုးခွဲစိတ်ခြင်းသည် ဖြတ်တောက်ရန်အနည်းငယ်သာလိုသောကြောင့် သေးငယ်တဲ့ခွဲစိတ်မှုကိုဖြစ်စေပါသည်။ ခွဲစိတ်နေစဉ်အတွင်း စက်ရုပ်လက်သည် ပို၍သေးငယ်သော ကျပ်သောနေရာများထဲ ဝင်နိုင်ပြီး ဖြတ်တောက်မှုအနည်းငယ်သာလုပ်ရသောကြောင့် ပိုးဝင်သောအန္တရာယ်နှင့် ကြွက်သားပြန်ကျုံ့ခြင်းဖြစ်ရန် အန္တရာယ်နည်းသွားကာ သက်သာတာမြန်ပြီး သွေးဆုံးရှုံးမှုနည်းစေပါသည်။ 
  • အခြေနေ
    • ခါးနာခြင်း
    • ဖောင်းကား၍ ထွက်လာသောအချက်ပြား
    • လည်ပင်းကျီးပေါင်းတက်ခြင်း
    • အရွတ်ပြားပျက်ဆီးခြင်း
    • ခါးကြောညှပ်ခြင်း
    • လည်ပင်းနာခြင်း
    • အရိုးကျွတ်ရောဂါ
    • ခါးရိုးဆစ်ရှိ အာရုံကြော ထိခိုက်ခြင်း
    • ကျောရိုးပွခြင်း
    • ကျောရိုးဆစ်ကျဉ်းခြင်း
    • ခါးဆစ်ရိုးနေရာလွဲခြင်း
    • အရွတ်ပြားပါးခြင်း
  • အကြောင်းရင်း

     

    • ကိုယ်နေကိုယ်ထားမမှန်ခြင်း:ကိုယ်နေကိုယ်ထားမမှန်ခြင်းနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုများသည် ခါးနာစေသောအဓိက အကြောင်းရင်းဖြစ်ပြီး အထူးသဖြင့် ကွန်ပျူတာ(အထူးသဖြင့် လက်ဆွဲကွန်ပျူ)တွင် ကြာရှည်စွာ ထိုင်သောသူများတွင်ဖြစ်သည်။ ခါးကုန်း၍ ထိုင်သောကိုယ်နေကိုယ်ထားမမှန်ခြင်း ပခုံးကုန်း၍ ကွန်ပျူတာစကရင်သို့ ခေါင်းကိုငုံ့ထားခြင်း လေးလံသောပစ္စည်းများသယ်ဆောင်ရန် ခါးကုန်းခြင်း
    • ခါးဒဏ်ရာရခြင်း:မတော်တဆမှု သို့မဟုတ် အားကစား(ဘောလုံး ရပ်ဘီ)ကြောင့်ဖြစ်သော ခါးဒဏ်ရာ အားကစားကြောင့် ထိခိုက်မှုအဆက်မပြတ်ဖြစ်ခြင်းသည် ကျောရိုးပျက်ဆီးခြင်းကို ဖြစ်စေသည်။
    • မွေးရာပါ ပုံမမှန်ခြင်း:မွေးရာပါ ကျောရိုးဆစ်ကျဉ်းခြင်း၊မွေးရာပါ ကျောရိုးစောင်းခြင်း၊မွေးရာပါ ကျောရိုးဘုဖြစ်ခြင်း(ခါးရိုးပုံမမှန်ခြင်း)သည် ခါးနာခြင်းကိုဖြစ်စေသည်။
    • ကျောရိုးနှင့်ကြွက်သား ပုံမမှန်ခြင်း:ကျောရိုးနှင့်ကြွက်သားအခြေနေသည် ခါးနာခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည် ၎င်းတို့မှာ
    • ရောဂါများ:ကျောက်ကပ်ရောဂါ၊သားဥအိမ်နှင့်သားအိမ်ရောဂါ၊ဝမ်းဗိုက်ထဲရှိ သွေးကြောမ ဖောင်းပွခြင်း သို့မဟုတ် ကျောရိုးတွင် ကင်ဆာပျံ့ခြင်းသည် ခါးနာစေသော အကြောင်းရင်းဖြစ်သည်။
  • ကုသမှု
    • နာကြာင်မှုကို ကုစားခြင်း

    • ရုပ်ပိုင်းကုသပေးခြင်း

    • ကျောရိုးရှိ လည်ပင်းနေရာမှ ပျက်ဆီးနေသော အရွတ်ပြားကို ခွဲစိတ်ခြင်း(ACDF)
    • လည်ပင်းအရွတ်အတု အစားထိုးခြင်း
    • အန်ဒို အိုလစ်(အတွင်းကြည့်မှန်ပြောင်းအကူညီဖြင့် ကျောရိုးခွဲစိတ်ခြင်း)
    • ကျောရိုးကျဉ်းခြင်းအတွက် အတွင်းကြည့်မှန်ပြောင်းဖြင့် ဖိအားပေးခြင်း
     
    • ခါးပိုင်းနှင့်လည်ပင်းအရွတ်အဆစ်ရိုးအတွက် အတွင်းကြည့်မှန်ပြောင်းဖြင့် ကြားခံလွှာကို ခွဲစိတ်ခြင်း
    • အရိုးလွှာဖြတ်ထုတ်ခြင်း
    • ကျောရိုးခွဲစိတ်မှု
    • Miniopen-ALIF(ကျောရိုးနှင့်ပျက်ဆီးနေသော အရွတ်ပြားကို ခွဲစိတ်ခြင်း)
    • အရေပြားပေါ်တွင် အပေါက်ငယ်များဖောက်ပြီး ခါးရိုးဆစ်တွဲခြင်း(TLIF)
    • ကျောရိုးဆစ်တွယ်ဆက်ခြင်း
    • နောက်ကျောအရေပြားမှ အပ်ဖြင့်ထိုးကုခြင်းနှင့် ဘောလုံးသုံး၍ ကျိုးကြေသွားသော ကျောရိုးဆစ်ကို ကုခြင်း

လူနားအတ္ထုပတ္တိ

အတွင်းကြည့်မှန်ပြောင်းဖြင့် ကျောရိုးခွဲစိတ်ပြီး လူနာကိုအင်တာဗျူးလုပ်ခြင်း ၇.၉၉မီလီမီတာ ဖြတ်ဆောက်ခြင်း

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။