အရေပြားရောဂါကုသမှုဌာန

အရေပြားရောဂါကုသမှုဌာန သည် အရေပြားကျန်းမာရေးကို အထူးဂရုပြုပါသည်။ အရေပြားမှစ၍ ဆံပင်နှင့်လက်သည်းခြေသည်းများအထိ ကျွန်ုပ်တို့သည် အရေပြားရောဂါအခြေအနေများကို ကာကွယ် ကုသခြင်းနှင့် ပုံမှန်အရေပြားအား ကျန်းမာစိုပြည်လာစေရန်အတွက် နည်းလမ်းများပေးခြင်းအားဖြင့် သင့်အားကူညီရန် အသင့်ရှိနေပါသည်။ အရေပြားရောဂါကုသမှုဌာနတွင် အရေပြားရောဂါအခြေအနေများကို ကုသရာတွင် အတွေ့အကြုံရှိသော အရေပြားဆေးပညာကျွမ်းကျင်သူပေါင်း (၂၀) ကျော် ရှိပါသည်။ ၎င်းတို့သည် အမြဲအသင့်ဖြစ်နေသော သူနာပြုကျောင်းမှဘွဲ့ရသူနာပြုများ ဆေးရုံဝန်ထမ်းများအဖွဲ့နှင့် တွဲဖက်အလုပ်လုပ်ကာ ရောဂါရှာဖွေရေးတွင် အထောက်အပံ့ဖြစ်စေရန် ထိရောက်သော ခေတ်မီကုထုံးများကို ပေးပြီ: နောက်ဆုံးပေါ်စက်ကိရိယာများကို အသုံးပြုကြသည်။

အခြေအနေများ

  • ဝက်ခြံ
  • ဓါတ်မတည့်ခြင်း
  • အားကစားသမားခြေထောက်
  • မွေးရာပါအမှတ်
  • အရေပြား လောင်ကျွမ်းမှု
  • ငါးမျက်စိ
  • ဗောက်
  • အရေပြားနာ
  • ဒါမတိုဖိုက်ဘရိုးမား
  • နှင်းခူနာ
  • အဆီကျိတ်
  • မှိုတက်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ရေယုန်
  • အင်ပြင်
  • တင်းတိတ်
  • မှဲ့
  • လက်သည်းမှိုတက်ခြင်း
  • ဆိုရီရေးစစ်ရောဂါ
  • အဖုအပိတ်ထွက်ခြင်း
  • အရေပြားနီရဲနေသောရောဂါ
  • ဆားဝက်ခြံ
  • နေရောင်ခြည်ကြောင့် အရည်ပြားပျက်ဆီးခြင်း
  • မလိုလားအပ်သော အမွှေး
  • ခရုသင်း
  • ကြွက်နို့

ကုသမှုနှင့်လုပ်ထုံးလုပ်စဉ်များ

Botox

အရေးကြောင်းနှင့်ပါးရေတွန့်ခြင်းကို လျှော့ချရန် အောက်တွင်ရှိသော ကြွက်သားကို အကြောသေစေရန် ဆေးထိုးခြင်း

Fillers

ပါးရည်တွန့်ခြင်းသက်သာရန် သို့မဟုတ် ခွက်နေသောနေရာ နှုတ်ခမ်းကဲ့သို့ သေးငယ်သောနေရာကို ဖူးနေစေရန် သို့မဟုတ် မျက်နှာကဲ့သို့ ပိုကြီးသောနေရာကို ပြန်လည်ကောင်းမွန်လာစေရန်သုံးသည်။

Laser

နောက်ဆုံးပေါ် လေဆာကုသမှုနည်းပညာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်လေဆာ၊YAGလေဆာ၊တက်တူးဖြတ်ရန်လေဆာနှင့် အမွှေးများဖယ်ရှားရန် လေဆာဟူ၍ ရှိသည်။

Ultraformer

Ultraformerသည် အရေပြားအတွင်းထဲထိ မိုက်ခရိုအပူပေးခြင်းကိုသုံးပြီး အလွှာအဆင့်ဆင့်ကို မတင်ပေးခြင်း အသားရေတင်းရင်းပြီးနုပျိုစေခြင်းအတွက် သုံးသည်။

Thermage

တင်းရင်းပြီးမျက်နှာပုံပေါ်စေရန်သုံးသည့်အတွက် အသားအရေတွဲခြင်း သို့မဟုတ် ပါးရေတွန့်ခြင်းကို သက်သာစေပြီး ချောမွတ်သော တင်းရင်းသော ပို၍နုပျိုသော သွင်ပြင်ကို ရစေမှာဖြစ်ပါသည်။

FRAXEL

Fraxelသည် အသားရောင်ကိုအရောင်ခြယ်ခြင်း၊အရောင်ပြောင်းခြင်း၊တင်းတိပ်၊နေလောင်ကွက်၊အသက်ကြီး၍ဖြစ်သော အကွက်၊ဝက်ခြံအမာရွတ်နှင့် နုပျိုစေရန် ကုသရာတွင် အကျိုးအရှိဆုံးဖြစ်သည်။

Fotona 4D

အဆင့်၄ဆင့် လေဆာနည်းပညာဖြင့် အသားရည်ကို အတွင်းမှအပြင်သို့ မတင်ပေးသည်။

PRP Treatment

သွေးရည်ကြည်ကုထုံး(PRP)သည် အရည်ပြားထဲကို ဆေးထိုး၍ မိမိကော်လဂျင်ကို တိုးပွားစေခြင်း တစ်ရှူးကို ပြန်လည်ထုတ်ပေးခြင်းကြောင့် သဘာဝကျကျ ချောမွတ်၍ တင်းရင်းသောအသားရည်ဖြစ်စေသည်။

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။