အဆုတ်နှင့်ရင်ခေါင်းရောဂါကုဌာန

အဆုတ်နှင့်ရင်ခေါင်းရောဂါကုဌာန၏ ထူးခြားမှုသည် ထိုင်း၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံရှိ အသိအမှတ်ပြုခြင်းခံရသောကျောင်းများမှ ကျွမ်းကျင်သူပညာရှင်များပင် ဖြစ်သည်။ ထိုပညာရှင်များသည် အဆုတ်နှင့်အသက်ရှုအဖွဲ့အစည်းဆိုင်သောရောဂါများကို စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့တွင် အတွေ့အကြုံများစွာ ရှိသူများဖြစ်သည်။ ဆေးကုသစဉ်နှင့် ဆေးကုသပြီးကာလများတွင် လူနာများ၏ဘဝအရည်အသွေးကို မြှင့်တင်ပေးရန်အတွက် ပြန်လည်သန်စွမ်းရေးနှင့် ဆွေနွေးတိုင်ပင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ရရှိနိုင်ပါသည်။ သမားတော်များနှင့် ဝန်ထမ်းများသည် အကောင်းဆုံးဖြစ်နိုင်သော ကုသမှုရလဒ်များကို ရရှိရန် ပေါင်းစည်းထားသောအဖွဲ့တစ်ဖွဲ့ကဲ့သို လက်တွဲ၍ အလုပ်လုပ်ပါသည်။
  • အခြေနေ
    အဆုတ်နှင့် အသက်ရှုအဖွဲ့အစည်း၏ ရောဂါဝေဒနာများ
    အသက်ရှုရန်နှင့် ချောင်းဆိုးရန် ခက်ခဲခြင်း၊ ရင်ဘတ်နာခြင်းနှင့် အရောင်ပြောင်းသွားသော သလိပ်၊ သွေးပါသောသလိပ်များသည် အဆုတ်နှင့် အသက်ရှုအဖွဲ့အစည်း၏ မူမမှန်မှုများကို ပြသသည်။  
    အခြေအနေများ
    • ပန်းနာရင်ကျပ်ရောဂါ
    • နာတာရှည်လေပြွန်ရောင်ရမ်းခြင်းရောဂါ (COPD)
    • Aluminium အမှုန့်ကြောင့်ဖြစ်သော အဆုတ်ရောဂါ
    • အဆုတ်အတွင်းပိုင်းအားလုံးအားပျံ့နှံ့နေတတ်သော အဆုတ်ရောင်ရောဂါ
    • အဆုတ်ကင်ဆာ၊ အဆုတ်၏ပျံ့နှံ့တတ်သောကင်ဆာ (အဆုတ်၏အခြားအစိတ်အပိုင်းများတွင် ဖြစ်ပေါ်သည့် ကင်ဆာများ)၊ အဆုတ်ဖုံးမြှေး။
    • အဆုတ်အတွင်းရောက်ရှိလာသောသံကောင်အမျိုးမျိုး
    • အဆုတ်ပိုးကပ်ခြင်း (ဥပမာ။ တီဘီရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အဆုတ်လေပြွန်ရောင်ရောဂါ၊ မှိုကပ်ခြင်း)
    • အဆုတ်သွေးကြောများတွင်သွေးခဲပိတ်ဆို့ခြင်းနှင့် အဆုတ်သွေးကြောများအတွင်းသွေးဖိအားများခြင်း
    • ဟောက်ခြင်:နှင့် အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်:
    • ဖုန်မှုန့်တစ်မျိုးရှုမိသောကြောင့် ဖြစ်ပေါ်လာသော အဆုတ်ရောဂါ
      • Asbestos အမှုန့်ကြောင့်ဖြစ်သော အဆုတ်ရောဂါ
      • Silica အမှုန့်ကြောင့်ဖြစ်သော အဆုတ်ရောဂါ
      • Beryllium အမှုန့်ကြောင့်ဖြစ်သော အဆုတ်ရောဂါ
  • ရောဂါရှာဖွေခြင်း
    အဆုတ်နှင့်ရင်ခေါင်းရောဂါကုဌာန တွင် ရောဂါရှာဖွေရေးနှင့် ရောဂါ၏အတိမ်အနက်ကို လေ့လာစစ်ဆေးရေးအတွက် ဆေးနှင့်ဆိုင်သောစက်ပစ္စည်းကိရိယာများနှင့် နည်းပညာများကို အသုံးချသည်။
    • ရင်ဘတ်ဓာတ်မှန်
    • ကွန်ပြူတာအကူ အိပ်စ်ရေးဓာတ်ရောင်ခြည် (CT) ကိုအသုံးပြု၍ ခန္ဓာအစိတ်အပိုင်းများအားကြည့်ရှုခြင်း
    • အဆုပ်ကင်ဆာရောဂါစစ်ဆေးရန် ကွန်ပြူတာအကူအိပ်စ်ရေးရောင်ခြည် (CT) ဓာတ်မှန် – ၎င်းသည် ဓာတ်ရောင်ခြည် အနည်းကိုသာ သုံးပြီး၊ ထင်ရှားပြတ်သားသော 3D ပုံရိပ်များကို ထုတ်ပေးနိုင်သည်။
    • ပိုစီထရွန်ဒြပ်သုံးသောအဏုမြူဓာတ်မှန်(PET)/ကွန်ပြူတာအကူအိပ်စ်ရေးရောင်ခြည်ဓာတ်မှန်(CT) – ၎င်းသည် အဆုတ်ကင်ဆာ၏အဆင့်ကို ဓာတ်ရောင်ခြည်ဖြင့် စစ်ဆေးခြင်း ဖြစ်သည်။ သကြားကို သွေးကြောထဲသွင်း၍ သကြားဓာတ်များ ကင်ဆာဆဲလ်များအတွင်းသို့ ရောက်ရှိသောအခါ ကင်ဆာဆဲလ်များကို ပုံမှန်ဆဲလ်မျာထက် ပိုမိုထင်ရှားစွာ မြင်တွေ့နိုင်သည်။
    • အဆုတ်၏သွေးလည်ပတ်မှုနှင့် လေဝင်လေထွက်အားကြည့်ရှုခြင်း
    • အသားစယူခြင်း
    • မှန်ပြောင်းဖြင့်လေပြွန်ကြည့်ရှုစစ်ဆေးခြင်း
    • အဆုတ်၏လုပ်ဆောင်မှုများအား စစ်ဆေးခြင်း
    • အဆုတ်လေပြွန်များ၏ ခံနိုင်ရည်ရှိမှုအား Methacholine အသုံးပြု၍စစ်ဆေးခြင်း
    • အိပ်ပျော်ခြင်းကိုစစ်ဆေးခြင်း – ၎င်းသည် အိပ်ပျော်ခြင်းနှင့်ဆိုင်သောရောဂါများ၏ အတိမ်အနက်ကို လေ့လာစစ်ဆေးရန်အတွက် ဖြစ်သည်။ ဥပမာ။ အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှုရန် ခက်ခဲခြင်းနှင့် အိပ်နေစဉ် ရုတ်တရက်အသက်ရှုရပ်ခြင်း
  • ကုသခြင်း
    ကုသမှုနည်းလမ်းများသည် လူနာတွင်ရှိသော ရောဂါဝေဒနာများနှင့် ရောဂါအခြေအနေများအပေါ်မူတည်သည်။ ကုသမှုအတွက် ရွေးချယ်ရန် ဥပမာများမှာ
     
    အခြေနေ ကုသမှုကို ရွေးချယ်ခြင်း
    အဆုတ်ပိုးကပ်ခြင်း ပိုးသတ်ဆေးဖြင့် ကုသခြင်း
    အဆုတ်ကင်ဆာ ခွဲစိတ်ခြင်း၊ဓါတ်ကင်ခြင်း(ဓါတ်ရောင်ခြည်ကုထုံးနှင့်ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း)ဆေးပေးနည်း၊ကီမိုကုနည်း
    အဆုတ်အတွင်းပိုင်းအားလုံးအားပျံ့နှံ့နေတတ်သော အဆုတ်ရောင်ရောဂါ စတီရှိုက်ကုသခြင်း သို့မဟုတ် တခြားဆေးဝါးဖြင့်ကုခြင်း
    အသက်ရှုလမ်းကြောင်းရောဂါကို တားဆီးခြင်း ဥပမာ ပန်းနာ၊COPD လေပြွန်ကျယ်ဆေး၊စတီရှိုက် သို့မဟုတ် အန်တီဟစ်တာမင်းကဲ့သို့ ဆေးများ
     
    ၁ာမ်ရွမ်ဂရတ်ရှိ အဆုတ်ပြန်လည်သန်စွမ်းရေး ဌာနနှင့် အဆုတ်နှင့်ပတ်သတ်၍ လူပ်ဆောင်မှုများ ပြန်လည်ကောင်းမွန်စေရန် အဆုတ်ကုသရေးဌာနတို့ ပူးပေါင်းပြီး ပြုလုပ်ပေးပါသည်။ ထိုပူးပေါင်းမူတွင်အဆုတ်မခွဲစိတ်မှီနှင့် ခွဲစိတ်ပြီးနာကျင်သက်သာစေရန် ပုံမှန်နေ့စဉ်လူဝ်ရှားမှုများကို ဆောင်ရွက်စေရန် ကုသမှုများပါဝင်ပါသည်။

အဆုပ်ကင်ဆာရောဂါစစ်ဆေးရန် ကွန်ပြူတာအကူအိပ်စ်ရေးရောင်ခြည် (CT)

နောက်ဆုံးပေါ် နည်းပညာဖြင့် အဆုတ်ကင်ဆာစစ်ဆေးခြင်းကို ကွန်ပျူတာဓါတ်မှန်(CT)ဖြင့် စစ်ဆေးနိုင်သည်။ ဤစမ်းသပ်မှုတွင် ကြည်လင်ပြတ်သားသော ဓါတ်ရောင်ခြည်ကို လျှော့ချ၍ အဆုတ်၏ 3d အက်စ်ရေးကို ရိုက်သည်။ CTဖြင့် ဓါတ်မှန်ရိုက်ခြင်းဖြင့်

  • သေးငယ်သော သို့မဟုတ် ပိတ်နေသော ကင်ဆာဖြစ်စေနိုင်သည့် သာမန်မဟုတ်သည်များကို တွေ့နိုင်သည်။ CTဓါတ်မှန်ရိုက်ခြင်းသည် ကင်ဆာဖုကြီးများ သို့မဟုတ် နှလုံး အရိုး သို့မဟုတ် အဆုတ်နောက်တွင် ပုန်းကွယ်နေသောအဖုကိုသာမြင်နိုင်သော ပုံမှန်ရင်ဘက်ကိုဓါတ်မှန်ရိုက်ခြင်းထက် ပိုမြန်သည်။
  • အဆုတ်ကင်ဆာဖြစ်ခြင်းကို အစောပိုင်းအဆင့်မှာတင် သိနိုင်ပြီး အခြားခန္ဓာကိုယ်အပိုင်းသို့ ကင်ဆာမပျံ့မီ ကုသနိုင်သည်။
  • CTဓါတ်မှန် ရိုက်ခြင်းကြောင့် ဓါတ်ရောင်ခြည် ထိတွေ့ခြင်း နည်းစေသည်။

တိကျသောမျိုးရိုးဗီဇ (သို့) ပရိုတိမ်းကိုပစ်မှတ်ထားကာ ဆေးဝါးသုံး၍ ကင်ဆာရောဂါကုသမှု

ကီမိုကုသမှုသည် တချို့လူများတွင် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဆေးသည် တခါတရံ ကင်ဆာဆဲလ်များအပြင် ကျန်းမာသောဆဲလ်များကိုပါ တိုက်ခိုက်သောကြောင့်ဖြစ်သည်။


ဤအရာကို ကာကွယ်ရန် ကင်ဆာဆဲလ်ကိုသာ တိုက်ခိုက်သည့် ကုသမှုအသစ်ဖြစ်သော ဆေးပေးကုသမှုကို တီထွင်ခဲ့သည်။. ဤပုံစံကုသမှုသည် ကင်ဆာဆဲလ်ဖြစ်စေသော ဆဲလ်အမျိုးအစားတမျိုးကိုသာ ကန့်သတ်ထားပြီး ကင်ဆာဆဲလ်ကို ခွဲခြားပြီး သာမန်ဆဲလ်ကိုလည်း အကျိုးသက်ရောက်မှု အနည်းငယ်သာရှိသည်။ ကီမိုကုသမှုဆေးနှင့် နှိုင်းယှဉ်လျှင် ဆေးပေးကုသမှုသည် ဘေးထွက်ဆိုးကျိုးနည်းသည်ဟူ၍ အဓိပ္ပါယ် သက်ရောက်သည်။

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။