ဆံပင်အစားထိုးပြုပြင်ခြင်း
Cost*: THB 120
This package is valid until ဒီဇင်ဘာ 31, 2018
အကျိုးဆက်
ဆံပင်စိုက်ခြင်းသည် အလွန်ဘေးကင်း၍ ခွဲစိတ်မှုအသေးစားဖြစ်သည်။ ခေါင်းပေါ်တွင်တွေ့ရသော စိုက်ထားသောဆံပင်များသည် အစပိုင်းတွင် ကျွတ်မည်ဖြစ်ပြီး အမြစ်မှာ ၆-၁၂ပတ်အထိ ရှိနေမည်ဖြစ်သည်။ ထိုအချိန်ပြီးလျှင် ဆံပင်အသစ်များ ထပ်ပေါက်လာမည်။
လုပ်ထုံးလုပ်နည်း
ဆံပင်စိုက်ရာတွင် ဦးခေါင်းခွံနောက်ပိုင်း(ဆံပင်သုံးမည့်ဧရိယာ)သို့မဟုတ် ဘေးမှ ဆံပင်ပေါက်သော အရည်ပြားလွှာကို ခွာလိုက်ပြီးနောက် နည်းအမျိုးမျိုးကိုသုံး၍ ထိုအရည်ပြားလွှာထဲကို မိုက်ခရိုဆံပင်စိုက်ခြင်း(ဆံပင် ၁-၃ချောင်းပါဝင်)နှင့် မီနီဆံပင်စိုက်ခြင်း(ဆံပင်၃-၈ချောင်းပါဝင်)ဖြင့် ဆံပင်ကိုစိုက်ပါသည်။ မိုက်ခရို/မီနီဆံပင်စိုက်ခြင်းနည်းဖြင့် ထိပ်ပြောင်သောနေရာ သို့မဟုတ် ဆံပင်ပါးသော ဦးရည်ပြား(ဆံပင်လက်ခံမည့်ဧရိယာ)တွင် ဆံပင်ကို အသေးစိတ် စိုက်ပါသည်။ မိုက်ခရိုဆံပင်စိုက်နည်း(ဆံပင်စိုက်ခြင်းနည်းပညာ)သည် သဘာဝကျကျ ဆံပင်ထူထူစိုက်နိုင်ရန်နှင့် နှစ်ပေါင်းများစွာ“အရုပ်ဆံပင်ပုံစံ”ဖြစ်နေသည်ကို ရုတ်တရက် ရှောင်ရန် လုပ်ပေးပါသည်။ မီနီဆံပင်စိုက်နည်းကို ဆံစပ်နောက်မှာ ဆံပင်ထူစေရန် အသုံးပြုပါသည်။
အရှေ့ပိုင်းဧရိယာနဲ့ထိပ်ပိုင်းဧရိယာမှာ ထိပ်ပြောင်တာပေါ်မူတည်ပြီး လိုချင်သော ဆံပင်အုံရရန် ၁-၃နည်းလမ်းအပါအဝင် ရာနဲ့ချီအများအပြား သို့မဟုတ် ၁၅၀ဝ သို့မဟုတ် ထိုထက်ဆံပင်စိုက်ရန် အများအပြားလိုအပ်မည်။(ဆံပင်ကျွတ်တာများလျှင် သို့မဟုတ် ဆံပင်အုံထက်ထူချင်လျှင် နောက်ထပ် လုပ်ထုံးလုပ်နည်းများကို ပြုလုပ်ရဦးမည်။) ၂၄နာရီအတွင်း ဆံပင်စိုက်ထားသောနေရာတွင် အပေါ်ယံအခွံမာအသေးလေးများဖြစ်လာပြီး ကွာရန် ၇-၁၀ရက်နီးပါးကြာမည်။ လုပ်ထုံးလုပ်စဉ်ပြီးသည့်နောက် ၆-၁၂ပတ်အတွင်း စိုက်ထားသောဆံပင်များပေါက်လာပြီး တသက်လုံး ဆက်ပေါက်နေမည်ဖြစ်သည်။
ယခင်နှင့်ယခု ဓါတ်ပုံများ
အကောင်းဆုံးသင့်လျော်သောသူ
ဆံပင်ကျွတ်၍ ပြန်မပေါက်သောမည်သူမဆို ဆံပင်စိုက်ခြင်းခွဲစိတ်မှုပြန်ရန် သင့်လျှော်သည်။
- အမျိုးသားဖြစ်တတ်သော ထိပ်ပြောင်ခြင်းအပါအဝင်
- အချို့ဆံပင်ပါးသွားတတ်သော အမျိုးသမီးများ
- ဒဏ်ရာရ၍ အမာရွတ်ဖြစ်သောနေရာ သို့မဟုတ် မျက်နှာမတင်သော လုပ်ထုံးလုပ်စဉ်များ ပြုလုပ်ပြီးနောက် ဆံပင်ကျွတ်သောသူများ
- မျက်ခုံးမွှေး မျက်ဆောင်နှင့် မုတ်ဆိတ်ကို ပြန်ထူချင်သောသူများ
အန္တရာယ်
ခွဲစိတ်မှုတိုင်းတွင် အန္တရာယ်ရှိသည်ဖြစ်၍ ခွဲစိတ်ရန် သဘောမတူမီ ဤလုပ်ဆောင်မှု၏ဆေးဖက်ဆိုင်ရာ အန္တရာယ်များကို အပြည့်အဝ နားလည်ပြီးဖြစ်ရမည်။ ခွဲစိတ်ဆရာဝန်နှင့်တိုင်ပင်သောအခါ ဤအန္တရာယ်များကို တိုင်ပင်မည်ဖြစ်ပြီး မိမိနားမလည်သည်များရှိပါက မေးခွန်းမေးရန် တိုက်တွန်းလိုပါသည်။
သင့်ကို အန္တရာယ်ရှိကြောင်း အသိပေးပြီးဖြစ်ကြောင်းနှင့် ထိုအန္တရာယ်ကို နားလည်ပြီးလက်ခံကြောင်းကို မခွဲစိတ်မီ လက်မှတ်ရေးထိုးရပါမည်။ ဤအရာများသည် ဆေးရုံ၏ သဘောတူစာချုပ်ဖြစ်ပြီး လက်မှတ်မရေးထိုးပါက ခွဲစိတ်ပေးမည် မဟုတ်ပါ။
ခွဲစိတ်မှုတွင်ထိခိုက်စေသော သို့မဟုတ် အန္တရာယ်ပိုများစေသော အဓိကဆေးဖက်ဆိုင်ရာအချက်လက်များကို ဆရာဝန်ကို အသိပေးရန်မှာ သင့်တာဝန်ဖြစ်သည်။ ၎င်းတွင် သင်သောက်နေသောဆေး၊ရောဂါသမိုင်း၊နောက်ဆက်တွဲမကောင်းသည့် အကျိုးဆက် စသည်များ ပါဝင်သည်။
အချက်လက်ပေါ်မူတည်၍ လူနာတစ်ယောက်နှင့်တစ်ယောက် အန္တရာယ်များတာ နည်းတာချင်း မတူပါ။ လူနှစ်ယောက်သည် မတူပါ။
ခွဲစိတ်ခြင်း
လိုအပ်သောအချိန်:၃-၈နာရီ
မေ့ဆေး:အပြင်လူနာပေါ် မူတည်၍ ထုံဆေးပေးခြင်း သို့မဟုတ် မေ့ဆေးပေးခြင်း
ခွဲစိတ်မှုပြီး နောက်ဖြစ်သောဘေးထွက်ဆိုးကျိုး
စိုက်ခါစ ဆံပင်မွှေးညင်းပေါက်အနီးအနားတွင် ပိုးဝင်တတ်ခြင်း အတွင်းတွင်ပေါက်နေသော ဆံပင်တွင်လည်း ပိုးဝင်တတ်ခြင်း သို့မဟုတ် ဝက်ခြံပေါက်ခြင်း ဖြစ်တတ်သည်။ အမာရွတ် အသေးစား လူနာသည် ခွဲစိတ်မှုပြုပြီး ရက်အနည်းငယ်ထိ နဖူးဧရိယာတွင် အနည်းငယ်ယောင်ခြင်းကို ခံရပြီး အရှေ့ဖက်ဦးခေါင်းခွံတွင် ဆံပင်စိုက်ထားခြင်းဖြစ်ပါက ဖြစ်တော့ဖြစ်ခဲ မျက်ကွင်းညိုခြင်းကို ခံစားရမည်။
ပြန်သက်သာချိန်
ယောင်ခြင်းနှင့်အတွင်းကြေခြင်းသက်သာရန် ခွဲစိတ်ပြီး ၂-၃ရက်အတွင်း လူနာကို ကြက်ပူထိုးပေးခြင်း သို့မဟုတ် စပရေးဖြန်းခြင်းနှင့် မတ်မတ်ထိုင်လျှက်အိပ်စေခြင်းကို ပြုစေမည်။ ဆံပင်စိုက်ထားသောနေရာတွင် အပေါ်ယံအခွံမာများဖြစ်တတ်ပြီး ရှိပြီးသားဆံပင်နှင့်ဖုံးကွယ်ကာ ဆံပင်လက်ခံထားသော ဧရိယာနှင့်အတူ ခေါင်းဖြီးနိုင်သည်။ ဤအပေါ်ယံအခွံမာများသည် ခွဲစိတ်ပြီး ၁၀-၁၄ရက်အတွင်း ကွာကျမည်။ ခွဲစိတ်ပြီးနောက် ဆံပင်သုံးသောဧရိယာ သို့မဟုတ် လက်ခံသောဧရိယာတွင် ထုံထိုင်းချင်းဖြစ်တတ်ပြီး ၂-၈လအတွင်း ပျောက်နိုင်သည်။
ဤအချက်လက်များသည် သင့်ကုသမှုအတွက် လမ်းညွှန်အဖြစ် သုံးသင့်သည်။ အသေးစိတ်ကို သင်၏ဆရာဝန်နှင့် သင်နှင့်ဆွေးနွေးသောအခါ တိုင်ပင်ပါ။