Tummy Tuck
Cost*: THB 316,360
This package is valid until ဒီဇင်ဘာ 31, 2018
ဝမ်းဗိုက်အရေပြားခွဲစိတ်ပြုပြင်ခြင်းဆိုတာ ဘာလဲ
ဝမ်းဗိုက်အရေပြားခွဲစိတ်ပြုပြင်ခြင်းသည် တင်းရင်းပြီးချောမွတ်သော ဝမ်းဗိုက်ကိုရစေရန် ဖန်တီးထားခြင်းဖြစ်သည်။ ပိုနေသော အရည်ပြားနှင့်အဆီကို ဖယ်ထုတ်ပေးပြီး ဝမ်းဗိုက်နံရံမှာ ကြွက်သားများကို တင်းမာအောင် လုပ်သော လုပ်ထုံးလုပ်နည်းဖြစ်သည်။
ဝမ်းဗိုက်အရေပြားခွဲစိတ်ပြုပြင်ခြင်းလုပ်သည် ၄နာရီထိကြာမည်။ ခွဲစိတ်ရာတွင် မေ့ဆေးသုံးရပြီး ၂ရက်မှ ၄ရက်အထိ ဆေးရုံတက်ရသည်။ တင်ပါးဆုံရိုးနှင့်ချက်ကြားရှိ ကွေးသောသောအရေပြားကိုဖြတ်ပြီး အရည်ပြားကို မတင်ခြင်းဖြစ်သည်။ ပိုနေသော အရေပြားကို ဖယ်ရှားပြီးသည်နှင့် ချက်အပေါ်မှ အရေပြားကို ဆွဲချပြီး တင်ပါးဆုံရိုးထိ ဆွဲဆန့်ကာ ချုပ်လိုက်ခြင်းဖြစ်သည်။ အဆီပို ထုတ်ပြီးသားဖြစ်ပြီး တချိန်တည်းတါင် အောက်မှကြွက်သားကို တင်းမာစေသည်။ အချို့သောကိစ္စရပ်များတွင် အရေပြားကို နဂိုချက်ထိ ဆွဲချပြီး ထိုအရာ ဖြတ်သန်းသွားရန် အပေါက်အသစ်ကို ဖောက်သည်။ ခွဲစိတ်ပြီးလျှင် အသေအချာသက်သာစေရန် ပတ်တီးနှင့်ပိုက်ကို တပ်ထားပေးသည်။
ကိုယ်အလေးချိန် အလွန်အမင်းကျခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ပြီးနောက် ဗိုက်ကြွက်သားတွဲခြင်းနှင့် ဗိုက်တွင်အဆီနှင့်အသားများတတ်သည်။ အစားလျှော့စားခြင်းနှင့် လေ့ကျင့်ခန်းမှ မစွမ်းဆောင်နိုင်သော ပြဿနာများတွင် တခုတည်းသော ဖြေရှင်းသောနည်းမှာ ခွဲစိတ်၍ အသားပိုများကို ဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။
နောက်ဆက်တွဲအကျိုးများ မကြာခဏဖြစ်တတ်ပြီး အသေးအမွှားများဖြစ်သည်။ သို့သော် မည်သည့်ခွဲစိတ်မှုတွင်မဆို အန္တရာယ်ရှိသည်။
- ခွဲစိတ်ပြီး နောက်ဆက်တွဲဖြစ်တတ်သည်များမှာ သွေးဆုံးရှုံးခြင်းနှင့် သွေးသွင်းခြင်း၊ခြေထောက်တွင် သွေးပိတ်ခြင်း (သွေးပိတ်ခြင်း သို့မဟုတ် DVT)နှင့် ရင်ဘက်(အဆုတ်သွေးကြောဆို့ခြင်း)၊ရင်ဘက်တွင် ပိုးဝင်ခြင်းနှင့် မေ့ဆေးကိုတုံ့ပြန်ခြင်းတို့ဖြစ်သည်။
- မြင်သာသောအမာရွတ်ဖြစ်စေသော သက်သာမှုနှေးသောအခါ ဒုတိယခွဲစိတ်မှုလုပ်ရန် လိုအပ်သည်။
- ခွဲစိတ်မှုကြောင့်ကွဲနေသောအသားနှင့် ပိုးဝင်မှုကြောင့် တစ်ရှူးဆုံးရှုံးမှုဖြစ်ပြီး ပိူသတ်ဆေးလိုက်အပ်တတ်ပြီး အချို့ကိစ္စရပ်များတွင် ဆေးရုံတက်ရတတ်သည်။
- အရည်ပြားအောက်တွင် အရည်များစုစည်းမှုဖြစ်ပါက အပြင်လူနာအနေဖြင့် နောက်ထပ်လာရန်လိုသည်။
- ခွဲစိတ်ပြီး လူနာများသည် ထုံထိုင်းမှုကို ခံစားရတတ်ပြီး တစ်ခါတရံ အမြဲတမ်းအတွက် ဖြစ်သွားတတ်သည်။
မခွဲစိတ်မီနှင့် ခွဲစိတ်ပြီး ခွဲစိတ်ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာလျှင် အန္တရာယ်နည်းနိုင်သည်။
ခွဲစိတ်ဆရာဝန်သည် ဝမ်းဗိုက်အရေပြားခွဲစိတ်ပြုပြင်ခြင်း လုပ်ထုံးလုပ်စဉ်နှင့် ပတ်သက်ပြီး အခြားရွေးချယ်စရာများကို ဆွေးနွေးလိမ့်မည် ဝမ်းဗိုက်အဆီများကို ဖယ်ရှားရန် အဆီစုတ်ထုတ်ခြင်းကိုသာ သုံးရန်ဖြစ်နိုင်သည်။ သို့သော် ဝမ်းဗိုက်အရေပြားခွဲစိတ်ပြုပြင်ခြင်း၏ အဓိက ရွေးချယ်မှုမှာ ဝမ်းဗိုက်ကို နဂိုအတိုင်းထားခြင်းဖြစ်သည်။
ဝမ်းဗိုက်အရေပြားခွဲစိတ်ပြုပြင်ရန် အကောင်းဆုံးသင့်လျော်သောသူများမှာ ပိန်ပြီးဖြစ်သော်လည်း ဗိုက်တွင်စုနေသောအဆီနှင့်အရည်ပြားကို အစားလျှော့ခြင်း သို့မဟုတ် လေ့ကျင့်ခန်းနှင့် မပြောင်းလဲနိုင်သူများအတွက် ဖြစ်သည်။ ခွဲစိတ်မှုသည် ကိုယ်ဝန်ဆောင်ခြင်းကြောင့် တွဲပြီးအားနည်း ဝမ်းဗိုက်ကြွက်သားများရှိသည့် ကလေးမွေးပြီးသောအမျိုးသမီးများအတွက် အသုံးဝင်သည်။ ခွဲစိတ်ဆရာဝန်မှ လူနာတစ်ယောက်ချင်းစီကို စစ်ဆေး တိုင်ပင်ပြီးမှသာ လူနာနှင့်ကိုက်မကိုက်ကို ဆုံးဖြတ်မည်။