နှာခေါင်းခွဲစိတ်မှု

Cost*: THB 42,480

This package is valid until ဒီဇင်ဘာ 31, 2018

နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း အကျိုးဆက်

နှာခေါင်းအလှခွဲစိတ်ခြင်းဟူ၍လည်း သိသော နှာခေါင်းခွဲစိတ်ပြုပြင်ခြင်းသည် နှာခေါင်းကို ပို၍ အချိုးအစားကျပြီး မျက်နှာတစ်ခုလုံးနဲ့ ကိုက်ညီစေရန် ပြန်လည် ပြုပြင်ပေးခြင်းဖြစ်သည်။

နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း လုပ်ထုံးလုပ်နည်း

ဤခွဲစိတ်မှုလုပ်ထုံးလုပ်စဉ်သည် သင်၏နှာခေါင်းအရွယ်စားကို ကြီးနိုင် သေးနိုင်ခြင်း နှာခေါင်းထိပ် သို့မဟုတ် နှာတံကိုပြောင်းလဲခြင်း နှာခေါင်းပေါက်ကျဉ်းခြင်း သို့မဟုတ် နှာခေါင်းနှင့်အပေါ်နှုတ်ခမ်းကြား အကွာဝေးကို ပြောင်းလဲခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။ မွေးရာပါချို့တဲ့မှု သို့မဟုတ် ဒဏ်ရာရခြင်းကို ပြုပြင်နိုင်ရန် သို့မဟုတ် အသက်ရှူပြဿနာကို ဖြေရှင်းရန် အထောက်အကူဖြစ်စေသည်။


နှာခေါင်းခွဲစိတ်ပြုပြင်ရန် အကောင်းဆုံး သင့်လျော်သောသူ

  • ကျန်းမာသော အရွယ်ရောက်ပြီးသူ
  • အသက်၁၄နှစ်ကျော်အရွယ်ရှိသူ


အန္တရာယ်

ခွဲစိတ်မှုတိုင်းတွင် အန္တရာယ်ရှိသည်ဖြစ်၍ ခွဲစိတ်ရန် သဘောမတူမီ ဤလုပ်ဆောင်မှု၏ဆေးဖက်ဆိုင်ရာ အန္တရာယ်များကို အပြည့်အဝ နားလည်ပြီးဖြစ်ရမည်။ ခွဲစိတ်ဆရာဝန်နှင့်တိုင်ပင်သောအခါ ဤအန္တရာယ်များကို တိုင်ပင်မည်ဖြစ်ပြီး မိမိနားမလည်သည်များရှိပါက မေးခွန်းမေးရန် တိုက်တွန်းလိုပါသည်။

သင့်ကို အန္တရာယ်ရှိကြောင်း အသိပေးပြီးဖြစ်ကြောင်းနှင့် ထိုအန္တရာယ်ကို နားလည်ပြီးလက်ခံကြောင်းကို မခွဲစိတ်မီ လက်မှတ်ရေးထိုးရပါမည်။ ဤအရာများသည် ဆေးရုံ၏ သဘောတူစာချုပ်ဖြစ်ပြီး လက်မှတ်မရေးထိုးပါက ခွဲစိတ်ပေးမည် မဟုတ်ပါ။

ခွဲစိတ်မှုတွင်ထိခိုက်စေသော သို့မဟုတ် အန္တရာယ်ပိုများစေသော အဓိကဆေးဖက်ဆိုင်ရာအချက်လက်များကို ဆရာဝန်ကို အသိပေးရန်မှာ သင့်တာဝန်ဖြစ်သည်။ ၎င်းတွင် သင်သောက်နေသောဆေး၊ရောဂါသမိုင်း၊နောက်ဆက်တွဲမကောင်းသည့် အကျိုးဆက် စသည်များ ပါဝင်သည်။

အချက်လက်ပေါ်မူတည်၍ လူနာတစ်ယောက်နှင့်တစ်ယောက် အန္တရာယ်များတာ နည်းတာချင်း မတူပါ။ လူနှစ်ယောက်သည် မတူပါ။ အောက်တွင်ဖော်ပြထားသောအရာများသည် ဤကဲ့သို့ခွဲစိတ်မှုမျိုးတွင် ဖြစ်တတ်သော အန္တရာယ်များဖြစ်ပြီး မည်သည့်အတိုင်းတာထိ ဖြစ်နိုင်သည်ကို ဖော်ပြထားခြင်းဖြစ်သည်။

ပိုးဝင်ခြင်း သွေးကြောပေါက်၍ သေးငယ်သော အနီရောင်အကွက်ဖြစ်စေသည်။ တိုးတက်ပြောင်းလဲမှုမဖြစ်ပါက ခွဲစိတ်မှုထပ်လုပ်ရန်လိုသည်။


ခွဲစိတ်ခြင်း

လိုအပ်သောအချိန်:၁-၂ နာရီ
မေ့ဆေး:မေ့မြောစေခြင်း သို့မဟုတ် ကုသမည့်နေရာတွင်သာ ဆေးထိုးခြင်း


ခွဲစိတ်မှုပြီး နောက်ဖြစ်သောဘေးထွက်ဆိုးကျိုး

မသက်မသာဖြစ်ခြင်း
နှာခေါင်းနှင့်မျက်လုံးတဝိုက်တွင် အနာတရဖြစ်ခြင်း
သွေးထွက်ခြင်းနှင့်နှာခေါင်းပိတ်ခြင်း


နှာခေါင်းခွဲစိတ်ပြုပြင်ပြီး ပြန်သက်သာချိန်

အလုပ် သို့မဟုတ် ကျောင်းသို့ပြန်သွားရန်:၁-၂ ရက်
ပြင်းထန်သော လှုပ်ရှားမှု:၂-၃ပတ်
နောက်ဆုံးရုပ်လုံးပေါ်ချိန်:၁နှစ်နှင့်အထက်
 

ဤအချက်လက်များသည် သင့်ကုသမှုအတွက် လမ်းညွှန်အဖြစ် သုံးသင့်သည်။ အသေးစိတ်ကို သင်၏ဆရာဝန်နှင့် သင်နှင့်ဆွေးနွေးသောအခါ တိုင်ပင်ပါ

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။