အထီးရင်သားလျှော့ချရေး
Cost*: THB 152,780
This package is valid until ဒီဇင်ဘာ 31, 2018
နို့အုံကြီးထွားခြင်းကုသမှု အကျိုးဆက်
အမျိုးသားနို့အုံကို သေးအောင်လုပ်ခြင်းဟူ၍လည်း သိကြသော နို့အုံကြီးထွားခြင်းကုသမှုသည် ပြား၍ တင်းမာသော ပို၍ကျစ်သော ရင်ဘက်ကို ရစေသည်။ သို့သော် အမျိုးသား ၄၀မှ၆၀ ရာခိုင်နှုန်းသည် နို့အုံကြီးထွားခြင်းကို ခံစားနေရသည့်အကြောင်း မပြောသလောက်ပင်ဖြစ်သည်။ ရင်ဘက်တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် ဖြစ်နိုင်သည်။
နို့အုံကြီးထွားခြင်းကုသမှု လုပ်ထုံးလုပ်စဉ်
ဤခွဲစိတ်မှုလုပ်ထုံးလုပ်စဉ်သည် အမျိုးသားများထံမှ အဆီ အဖုကျိတ်နှင့် ရင်ဘက်ရှိ အသားများကို ဖယ်ရှားပေးသည်။
နို့အုံကြီးထွားခြင်းကို ခွဲစိတ်ရန် အကောင်းဆုံးသင့်လျော်သောသူ
ရင်ဘက်အလွန့်အလွန်ကြီးထွားသော ကျန်းမာရေးကောင်းသော အမျိုးသား
အန္တရာယ်
ခွဲစိတ်မှုတိုင်းတွင် အန္တရာယ်ရှိသည်ဖြစ်၍ ခွဲစိတ်ရန် သဘောမတူမီ ဤလုပ်ဆောင်မှု၏ဆေးဖက်ဆိုင်ရာ အန္တရာယ်များကို အပြည့်အဝ နားလည်ပြီးဖြစ်ရမည်။ ခွဲစိတ်ဆရာဝန်နှင့်တိုင်ပင်သောအခါ ဤအန္တရာယ်များကို တိုင်ပင်မည်ဖြစ်ပြီး မိမိနားမလည်သည်များရှိပါက မေးခွန်းမေးရန် တိုက်တွန်းလိုပါသည်။
သင့်ကို အန္တရာယ်ရှိကြောင်း အသိပေးပြီးဖြစ်ကြောင်းနှင့် ထိုအန္တရာယ်ကို နားလည်ပြီးလက်ခံကြောင်းကို မခွဲစိတ်မီ လက်မှတ်ရေးထိုးရပါမည်။ ဤအရာများသည် ဆေးရုံ၏ သဘောတူစာချုပ်ဖြစ်ပြီး လက်မှတ်မရေးထိုးပါက ခွဲစိတ်ပေးမည် မဟုတ်ပါ။
ခွဲစိတ်မှုတွင်ထိခိုက်စေသော သို့မဟုတ် အန္တရာယ်ပိုများစေသော အဓိကဆေးဖက်ဆိုင်ရာအချက်လက်များကို ဆရာဝန်ကို အသိပေးရန်မှာ သင့်တာဝန်ဖြစ်သည်။ ၎င်းတွင် သင်သောက်နေသောဆေး၊ရောဂါသမိုင်း၊နောက်ဆက်တွဲမကောင်းသည့် အကျိုးဆက် စသည်များ ပါဝင်သည်။
အချက်လက်ပေါ်မူတည်၍ လူနာတစ်ယောက်နှင့်တစ်ယောက် အန္တရာယ်များတာ နည်းတာချင်း မတူပါ။ လူနှစ်ယောက်သည် မတူပါ။ အောက်တွင်ဖော်ပြထားသောအရာများသည် ဤကဲ့သို့ခွဲစိတ်မှုမျိုးတွင် ဖြစ်တတ်သော အန္တရာယ်များဖြစ်ပြီး မည်သည့်အတိုင်းတာထိ ဖြစ်နိုင်သည်ကို ဖော်ပြထားခြင်းဖြစ်သည်။
အစားထိုးကုခြင်းကြောင့် အနေအထား ရွှေ့လျားခြင်း သို့မဟုတ် အတိအကျမဖြစ်ခြင်း သို့မဟုတ် အနီးအဝိုက်တွင် ပိုးဝင်ခြင်းဖြစ်တတ်ပြီး ဒုတိယအကြိမ် ခွဲစိတ်ရန် သို့မဟုတ် ဖယ်ရှားဖြစ်ရန် လိုအပ်သည်။
ရင်သားအတုတဝိုက်ရှိ အမာရွတ်တစ်ရှူး(“ရင်သားအတု တဝိုက်ကျုံ့လာခြင်း”)တင်းမာလာခြင်းက သဘာဝမကျသော ပုံစံဖြစ်စေသည်။
အဝလွန်ရောဂါရှိသော အမျိုးသားများ သို့မဟုတ် ကိုယ်အလေးချိန်လျှော့ချရန် သို့မဟုတ် လျှော့ချရန် ကြိုးစားသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော ကိုယ်အလေးချိန်များသော အမျိုးသားများကို ခွဲစိတ်ရန် အားမပေးပါ။ အရက်အလွန်အကျွံသောက်သူများ သို့မဟုတ် ဆေးခြောက်သောက်သောသူများ ခွဲစိတ်ရန် မသင့်တော်ပါ။ ကြွက်သားအားတိုးဆေးများသည် နို့အုံကြီးထွားခြင်းကိုဖြစ်စေသည်။ ထို့ကြောင့် ခွဲစိတ်မှုမလုပ်မီ ဤဆေးများသောက်သုံးခြင်းကိုရပ်၍ ရင်ဘက်ဖွံ့ဖြိုးမှု ရပ်မရပ်ကို ကြည့်ရမည်။
ခွဲစိတ်ခြင်း
လိုအပ်သောအချိန်:၁နာရီမှ ၂နာရီကြား
မေ့ဆေး:မေ့မြောစေခြင်း သို့မဟုတ် ကုသမည့်နေရာတွင်သာ ဆေးထိုးခြင်း
ခွဲစိတ်မှုပြီး နောက်ဖြစ်သောဘေးထွက်ဆိုးကျိုး
ယောင်ခြင်း၊ထုံထိုင်းခြင်း၊ခေါင်းကိုက်ခြင်း၊အတွင်းကြေခြင်း ဖြစ်နေကျပုံစံ:ယားယံခြင်းနှင့် ဆံပင်ကျွတ်ခြင်း
နို့အုံကြီးထွားခြင်း ပြန်လည်သက်သာချိန်
အလုပ်ပြန်လုပ်ရန်:၅-၇ရက်
ပြင်းထန်သော လှုပ်ရှားမှု: ၂-၃ပတ်
အတွင်းကြေခြင်းမှ သက်သာချိန်:၃-၆လ
ရလဒ် တာရှည်ခံချိန်
၅နှစ်မှ ၁၀နှစ်အထိ ခံတတ်သည်
ဤအချက်လက်များသည် သင့်ကုသမှုအတွက် လမ်းညွှန်အဖြစ် သုံးသင့်သည်။ အသေးစိတ်ကို သင်၏ဆရာဝန်နှင့် သင်နှင့်ဆွေးနွေးသောအခါ တိုင်ပင်ပါ