ခန္ဓာကိုယ်အတွက်မလိုအပ်သော အဆီပိုများအားဖယ်ရှားခြင်း

Cost*: 151,200

This package is valid until ဒီဇင်ဘာ 31, 2018

အဆီစုတ်ထုတ်ခြင်းဆိုသည်မှာ အဘယ်နည်း

အဆီစုတ်ထုတ်ခြင်းဆိုသည်မှာ ဝမ်းဗိုက်အထက်နှင့်အောက်မှ မလိုလားအပ်သော အဆီများကို ခေတ်မီခွဲစိတ်ကိရိယာဖြင့် စုတ်ထုတ်ခြင်းဖြစ်သည်။


မည်သို့လုပ်သနည်း

ကုသမှုသည် အရွယ်အစားနှင့်ထုတ်သောအဆီပေါ်မူတည်၍ ကွဲပြားသည်။ အဆီစုတ်ထုတ်ရာတွင် ထုတ်မည့်နေရာတွင် အိပ်ဆေးရော၍ ထုံဆေးထိုးပြီးမှ လုပ်သည်။ ပို၍ ကြီးသော လုပ်ထုံးလုပ်စဉ်အတွက် မေ့ဆေးကို သုံးတတ်သည်။  လုပ်ထုံးလုပ်စဉ်လုပ်နေစဉ် ခွဲစိတ်ဆရာဝန်မှ ကနူလာဟုခေါ်သော ပြွန်အသေးလေးကို ချက် သို့မဟုတ် ချက်အောက်တွင်ရှိတတ်သော အရာမှ ထိုးသွင်းသည်။ အဆီလွှာထဲမှာ ကနူလာကို သွင်းလိုက် ထုတ်လိုက်လုပ်ရင်း အဆီဆဲလ်တွေကို ဖြိုခွဲပေးကာ ထိုအဆီကို စုပ်ထုတ်ခြင်း ဖြစ်ပါသည်။ ခွဲစိတ်ဆရာဝန်မှ “အခြောက်”နည်းလမ်း “ဆေးရည်သွင်းထည့်သော”နည်းလမ်း(အဆီထုတ်မည့်ဧရိယာတွင် အရည်အများအပြားထည့်ခြင်းဖြစ်သည်)ကို သုံးနိုင်သည်။ ခွဲစိတ်ပြီးလျှင် ကုသမှုခံယူထားသောဧရိယာတဝိုက် ကိုယ်ကျပ်အင်္ကျီ သို့မဟုတ် ပတ်တီးကို ကျပ်ကျပ်စည်းရန် လိုအပ်မည်။ 


အဘယ်ကြောင့် ထိုသို့လုပ်ရသနည်း

ကုသမှုခံယူထားသော ဝမ်းဗိုက်အပေါ်အောက်နေရာတွင် ချပ်၍အလှပေါ်စေရန် ဝမ်းဗိုက်အဆီစုတ်ထုတ်ခြင်းဖြစ်သည်။ အဆီကျိတ်(အဆီ၏ ကင်ဆာမဟုတ်သော အန္တရာယ်မပေးသော အကျိတ် )ကို ကုသရန်လည်း ဤခွဲစိတ်မှုကို လုပ်နိုင်သည်။


အန္တရာယ်နှင့်နောက်ဆက်တွဲအကျိုး

အဆီစုတ်ထုတ်ခြင်းနှင့် ဆက်စပ်၍ နောက်ဆက်တွဲအကျိုးများသည် အသေးစားဖြစ်ပြီး မဖြစ်စလောက်သာ ဖြစ်သည်။ သို့သော် မည်သည့်ခွဲစိတ်မှုမဆို အန္တရာယ်ရှိသည့်အပြင်
  • ခွဲစိတ်ပြီးမှ အရည်ပြားအောက်သွေးထွက်ခြင်း(ဟီမာတိုမာ)
  • အနီရောင်ဖု အမာရွတ်
  • ပိုးဝင်လျှင် ပိုးသတ်ဆေးလိုအပ်ပြီး အချို့ကိစ္စရပ်များတွင် ဆေးရုံပင်တက်ရတတ်သည်။
  • အရည်ပြားအနာရေးကြောင်းများ ပုံမှန်မဟုတ်ခြင်း
  • အရည်ပြားအရောင်ပြောင်းပြီး ထိုအဆီထုတ်ထားသောနေရာတွင် အချို့သည် သာမန်ထိတွေ့မှုကို မခံစားရတော့ပေ
  • အဆုတ်တွင် ရေများစုဝေးခြင်း
  • အဆီစုပ်ထုတ်ရာတွင်သုံးသော အရည်ကြောင့် တချို့လူနာများ ဓါတ်မတည့်ခြင်း ဖြစ်တတ်သည်။
  • မေ့ဆေးကို တုံ့ပြန်ခြင်း
ခွဲစိတ်ပြီးနောက် အတွင်းကြေခြင်းနှင့်ယောင်ခြင်း သိသိသာသာဖြစ်တတ်ပြီး လုံးဝပျောက်ကင်းရန် လပေါင်းများစွာကြာမည်။ မခွဲစိတ်မီနှင့် ခွဲစိတ်ပြီး ခွဲစိတ်ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာလျှင် အန္တရာယ်နည်းနိုင်သည်။ 
 

သင့်လျော်သောသူ

အဆီစုပ်ထုတ်ခြင်းအတွက် သင့်လျော်သောသူများသည် ပုံမှန်ကိုယ်အလေးချိန်နှင့် နေရာတနေရာတည်းတွင် အဆီစုနေသူများ ဖြစ်သည်။  တင်းရင်း၍ အိသောအသားရည်များသည် ပိုကောင်းသော နောက်ဆုံးရလဒ်ကို ရနိုင်သည်။ ခွဲစိတ်ဆရာဝန်မှ လူနာတစ်ယောက်ချင်းစီကို စစ်ဆေး တိုင်ပင်ပြီးမှသာ လူနာနှင့်ကိုက်မကိုက်ကို ဆုံးဖြတ်မည်။ သွေးထွက်လွန်ခြင်း သို့မဟုတ် ဆေးဖက်ဆိုင်ရာ ဆိုးရွားသော ပြဿနာရှိသော လူနာများသည် အဆီစုပ်ထုတ်ခြင်းလုပ်၍ မရပါ။

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။