မျက်နှာမတင်ခြင်း

Cost*: THB 280,050

This package is valid until ဒီဇင်ဘာ 31, 2018

မျက်နှာမတင်ခြင်း နောက်ဆက်တွဲအကျိုး

မျက်နှာမတင်ခြင်းသည် လည်ပင်းနှင့်မျက်နှာတဝိုက်ရှိ အရည်ပြားကို တင်းရင်းစေပြီး အရွယ်တင်စေသည်။ အသက်ကြီးသောအခါ ဖြစ်နေကျဖြစ်သော အထူးသဖြင့် နှာခေါင်းနှင့်ပါးစပ်တဝိုက်ရှိ တွန့်ခြင်းကို ဖယ်ရှားပေးသည်။ ပို၍ နုပျိုလန်းဆန်းသော မျက်နှာနှင့် တင်းမာသောအသားရည်ကို ၅နှစ်မှ ၁၀နှစ်အထိ ရရှိနိုင်သည်။


မျက်နှာမတင်ခြင်း လုပ်ထုံးလုပ်နည်း

ဆေးလောကတွင် ရီတီဒက်တိုမီဟုခေါ်သော ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းသည် မျက်နှာအသားရည်နှင့် မျက်နှာနှင့်လည်ပင်းတဝိုက်ရှိ အသားရည်ကို တင်းမာစေသည်။ ထိုတစ်ခုတည်းကို လုပ်နိုင်သလို နဖူးနှင့်မျက်ခွံခွဲစိတ်ခြင်းကိုလည်း ပေါင်းလုပ်နိုင်သည်။


မျက်နှာမတင်ရန် အကောင်းဆုံးသင့်လျော်သောသူ

မျက်နှာမတင်ရန်အကောင်းဆုံးသင့်လျော်သောသူမှာ အရိုးတည်ဆောက်ပုံကောင်းသော်လည်း အသားရေ တွန့်ခြင်း သို့မဟုတ် ပါးစပ်နှင့် နှာခေါင်းတွင် အရေးကြောင်းရှိသော အသက်၄၀ကျော် အမျိုးသား အမျိုးသမီးများဖြစ်ကြသည်။


အန္တရာယ်

ခွဲစိတ်မှုတိုင်းတွင် အန္တရာယ်ရှိသည်ဖြစ်၍ ခွဲစိတ်ရန် သဘောမတူမီ ဤလုပ်ဆောင်မှု၏ဆေးဖက်ဆိုင်ရာ အန္တရာယ်များကို အပြည့်အဝ နားလည်ပြီးဖြစ်ရမည်။ ခွဲစိတ်ဆရာဝန်နှင့်တိုင်ပင်သောအခါ ဤအန္တရာယ်များကို တိုင်ပင်မည်ဖြစ်ပြီး မိမိနားမလည်သည်များရှိပါက မေးခွန်းမေးရန် တိုက်တွန်းလိုပါသည်။

သင့်ကို အန္တရာယ်ရှိကြောင်း အသိပေးပြီးဖြစ်ကြောင်းနှင့် ထိုအန္တရာယ်ကို နားလည်ပြီးလက်ခံကြောင်းကို မခွဲစိတ်မီ လက်မှတ်ရေးထိုးရပါမည်။ ဤအရာများသည် ဆေးရုံ၏ သဘောတူစာချုပ်ဖြစ်ပြီး လက်မှတ်မရေးထိုးပါက ခွဲစိတ်ပေးမည် မဟုတ်ပါ။

ခွဲစိတ်မှုတွင်ထိခိုက်စေသော သို့မဟုတ် အန္တရာယ်ပိုများစေသော အဓိကဆေးဖက်ဆိုင်ရာအချက်လက်များကို ဆရာဝန်ကို အသိပေးရန်မှာ သင့်တာဝန်ဖြစ်သည်။ ၎င်းတွင် သင်သောက်နေသောဆေး၊ရောဂါသမိုင်း၊နောက်ဆက်တွဲမကောင်းသည့် အကျိုးဆက် စသည်များ ပါဝင်သည်။

အချက်လက်ပေါ်မူတည်၍ လူနာတစ်ယောက်နှင့်တစ်ယောက် အန္တရာယ်များတာ နည်းတာချင်း မတူပါ။ လူနှစ်ယောက်သည် မတူပါ။ အောက်တွင်ဖော်ပြထားသောအရာများသည် ဤကဲ့သို့ခွဲစိတ်မှုမျိုးတွင် ဖြစ်တတ်သော အန္တရာယ်များဖြစ်ပြီး မည်သည့်အတိုင်းတာထိ ဖြစ်နိုင်သည်ကို ဖော်ပြထားခြင်းဖြစ်သည်။

မျက်နှာကြွက်သား သို့မဟုတ် ထိတွေ့မှု(ယာယီဖြစ်တတ်သော်လည်း တသက်သာလည်းဖြစ်နိုင်သည်)အာရုံကြောကို ထိခိုက်နိုင်သည်။ ပိုးဝင်ခြင်း သွေးထွက်ခြင်း သက်သာရန်ခက်ခဲခြင်း အမာရွတ် အလွန်အကျွံဖြစ်ခြင်း ဆံပင်ခွဲလိုင်းပြောင်းခြင်း သို့မဟုတ် အချိုးအစားမညီခြင်း


ခွဲစိတ်ခြင်း

လိုအပ်သောအချိန်:၂-၃ နာရီ
မေ့ဆေး:မေ့မြောစေခြင်း သို့မဟုတ် ကုသမည့်နေရာတွင်သာ ဆေးထိုးခြင်း
 

ခွဲစိတ်မှုပြီး နောက်ဖြစ်သောဘေးထွက်ဆိုးကျိုး

ခေတ္တအတွင်းကြေခြင်း၊ယောင်ခြင်း၊ထုံခြင်းနှင့် အသားရည်နုလွန်ဖြခင်း
မျက်နှာတဝိုက် တင်းမာခြင်း
အသားအရည်ခြောက်သွေ့ခြင်း
 

မျက်နှာမတင်ပြီး ပြန်လည်သက်သာချိန်

အလုပ်ပြန်လုပ်ရန်:၁၀-၁၄ရက်
ပြင်းထန်သော လှုပ်ရှားမှု:၂ပတ် သို့မဟုတ် ထိုထက်ပိုမည်
အတွင်းကြေခြင်း:၂ပတ်မှ ၃ပတ်အတွင်း
နေရောင်ခြည်ထိတွေ့ခြင်းကို လပေါင်းများစွာ အကန့်အသတ်နှင့်သာ ထိတွေ့ရမည်။

ဤလက်ကမ်းစာစောင်သည် သင့်ကုသမှုအတွက် လမ်းညွှန်အဖြစ် သုံးသင့်သည်။ အသေးစိတ်ကို သင်၏ဆရာဝန်နှင့် သင်နှင့်ဆွေးနွေးသောအခါ တိုင်ပင်ပါ

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။