မျက်ခုံးခွဲစိတ်ပြုပြင်ခြင်း

Cost*: THB 252,200

This package is valid until ဒီဇင်ဘာ 31, 2018

မျက်ခုံးခွဲစိတ်ပြုပြင်ခြင်း

အကျိုးဆက်

မျက်ခုံးခွဲစိတ်ပြုပြင်ခြင်းဟူ၍လည်းသိသော နဖူးခွဲစိတ်ပြုပြင်ခြင်းဆိုသည်မှာ ပြန်လည်နုပျိုစေရန်၊မျက်လုံးပေါ်ရှိ နေရာကို လန်းဆန်းသောပုံဖြစ်စေရန် ခွဲစိတ်ပြုပြင်ခြင်းဖြစ်သည်။ ဤခွဲစိတ်မှုသည် တွဲကျနေသော မျက်ခုံးကို ပြုပြင်ပြီး လူတစ်ယောက်၏ ဒေါသထွက်နေပုံ ဝမ်းနည်းနည်ပုံ သို့မဟုတ် မောပန်းနေပုံဖြစ်စေသော နဖူးပေါ်မှအရေးကြောင်းများကို သက်သာစေပါသည်။


လုပ်ထုံးလုပ်စဉ်

နဖူးခွဲစိတ်ပြုပြင်ခြင်း သို့မဟုတ် မျက်ခုံးခွဲစိတ်ပြုပြင်ခြင်းတွင် အရေးကြောင်း သို့မဟုတ် တွဲကျခြင်းကို ဖြစ်စေသော ကြွက်သားနှင့်တစ်ရှူးကို ဖယ်ရှားပေးခြင်း သို့မဟုတ် နဖူးကို ချောမွတ်စေရန် မျက်ခုံးပင့်တင်၍ အရေးကြောင်းကို သက်သာစေပါသည်။


နဖူးခွဲစိတ်ပြုပြင်ရန် သင့်လျော်သောသူ

အသက်၄၀-၆၀ကြား အိုမင်းရင့်ရော်မှုကြောင့် မြင်တွေ့ရသောအရေးကြောင်းကို လျှော့ချရန် နဖူးခွဲစိတ်ပြုပြင်မှုကို များသောအားဖြင့် လုပ်ဆောင်ကြပါသည်။ သို့သော် စိတ်ဖိစီးမှု သို့မဟုတ် ကြွက်သားလှုပ်ရှားမှုကြောင့်ဖြစ်သော အရေးကြောင်း သို့မဟုတ် နဖူးပေါ်ရှိအရေးကြောင်းပေါ်နေပြီဖြစ်သည့် အသက်၂၀အထက်ရှိ မည်သူမဆိုအတွက် အထောက်အကူဖြစ်ပါသည်။

မျိုးရိုးဗီဇမှရထားသော မျက်ခုံးအနိမ့်အမြင့် သို့မဟုတ် နှာခေါင်းပေါ်ရှိအရေးကြောင်းရှိသောသူများအတွက် ဤလုပ်ထုံးလုပ်နည်းဖြင့် ပိုမိုနုပျိုလန်းဆန်းစေမည်ဖြစ်သည်။

နဖူးခွဲစိတ်ပြုပြင်မှုကို မျက်နှာခွဲစိတ်ပြုပြင်ခြင်း သို့မဟုတ် မျက်ခွံကိုခွဲစိတ်ပြုပြင်ခြင်းအတွက် အသုံးပြုသည်။


အန္တရာယ်

ခွဲစိတ်မှုတိုင်းတွင် အန္တရာယ်ရှိသည်ဖြစ်၍ ခွဲစိတ်ရန် သဘောမတူမီဤလုပ်ဆောင်မှု၏ဆေးဖက်ဆိုင်ရာ အန္တရာယ်များကို အပြည့်အဝ နားလည်ပြီးဖြစ်ရမည်။
ခွဲစိတ်ဆရာဝန်နှင့်တိုင်ပင်သောအခါ ဤအန္တရာယ်များကို တိုင်ပင်မည်ဖြစ်ပြီး မိမိနားမလည်သည်များရှိပါက မေးခွန်းမေးရန် တိုက်တွန်းလိုပါသည်။

သင့်ကို အန္တရာယ်ရှိကြောင်း အသိပေးပြီးဖြစ်ကြောင်းနှင့် ထိုအန္တရာယ်ကို နားလည်ပြီးလက်ခံကြောင်းကို မခွဲစိတ်မီ လက်မှတ်ရေးထိုးရပါမည်။ ဤအရာများသည် ဆေးရုံ၏ သဘောတူစာချုပ်ဖြစ်ပြီး လက်မှတ်မရေးထိုးပါက ခွဲစိတ်ပေးမည် မဟုတ်ပါ။

ခွဲစိတ်မှုတွင်ထိခိုက်စေသော သို့မဟုတ် အန္တရာယ်ပိုများစေသော အဓိကဆေးဖက်ဆိုင်ရာအချက်လက်များကို ဆရာဝန်ကို အသိပေးရန်မှာ သင့်တာဝန်ဖြစ်သည်။ ၎င်းတွင် သင်သောက်နေသောဆေး၊ရောဂါသမိုင်း၊နောက်ဆက်တွဲမကောင်းသည့် အကျိုးဆက် စသည်များ ပါဝင်သည်။

အချက်လက်ပေါ်မူတည်၍ လူနာတစ်ယောက်နှင့်တစ်ယောက် အန္တရာယ်များတာ နည်းတာချင်း မတူပါ။ လူနှစ်ယောက်သည် မတူပါ။ အောက်တွင်ဖော်ပြထားသောအရာများသည် ဤကဲ့သို့ခွဲစိတ်မှုမျိုးတွင် ဖြစ်တတ်သော အန္တရာယ်များဖြစ်ပြီး မည်သည့်အတိုင်းတာထိ ဖြစ်နိုင်သည်ကို ဖော်ပြထားခြင်းဖြစ်သည်။

အစားထိုးကုခြင်းကြောင့် အနေအထား ရွှေ့လျားခြင်း သို့မဟုတ် အတိအကျမဖြစ်ခြင်း သို့မဟုတ် အနီးအဝိုက်တွင် ပိုးဝင်ခြင်းဖြစ်တတ်ပြီး ဒုတိယအကြိမ် ခွဲစိတ်ရန် သို့မဟုတ် ဖယ်ရှားဖြစ်ရန် လိုအပ်သည်။

ရင်သားအတုတဝိုက်ရှိ အမာရွတ်တစ်ရှူး(“ရင်သားအတု တဝိုက်ကျုံ့လာခြင်း”)တင်းမာလာခြင်းက သဘာဝမကျသော ပုံစံဖြစ်စေသည်။


ခွဲစိတ်မှု

လိုအပ်သောအချိန်:၁နာရီမှ ၂နာရီကြား
မေ့ဆေး:မေ့မြောစေခြင်း သို့မဟုတ် ကုသမည့်နေရာတွင်သာ ဆေးထိုးခြင်း


ခွဲစိတ်မှုပြီး နောက်ဖြစ်သောဘေးထွက်ဆိုးကျိုး

ယောင်ခြင်း၊ထုံထိုင်းခြင်း၊ခေါင်းကိုက်ခြင်း၊အတွင်းကြေခြင်း ဖြစ်နေကျပုံစံ:ယားယံခြင်းနှင့် ဆံပင်ကျွတ်ခြင်း


ပြန်သက်သာချိန်

အလုပ်ပြန်လုပ်ရန်:၇ရက်မှ ၁၀ရက်အတွင်း နဖူးခွဲစိတ်ပြုပြင်ခြင်းအတွက် အတွင်းကြည့်မှန်ပြောင်းကြည့်ရန် စောလွန်းသေးသည်
ပြင်းထန်သော လှုပ်ရှားမှု: အပတ်ပေါင်းများစွာ
အတွင်းကြေခြင်းမှ သက်သာချိန်:၂မှ နေရောင်ခြည်ထိတွေ့ခြင်းကို လပေါင်းများစွာ အကန့်အသတ်နှင့်သာ ထိတွေ့ရမည်။


ရလဒ် တာရှည်ခံချိန်

၅နှစ်မှ၁၀နှစ်အတွင်း
 

ဤအချက်လက်များသည် သင့်ကုသမှုအတွက် လမ်းညွှန်အဖြစ် သုံးသင့်သည်။ အသေးစိတ်ကို သင်၏ဆရာဝန်နှင့် သင်နှင့်ဆွေးနွေးသောအခါ တိုင်ပင်ပါ။

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။