ရင်သားအရွယ်အစားသေးငယ်စေရန် ပြုပြင်ခြင်း

Cost*: 248,750

This package is valid until ဒီဇင်ဘာ 31, 2018

ရင်သားအရွယ်အစားသေးငယ်စေရန် ပြုပြင်ခြင်း (Reduction Mammoplasty)

ရင်သားသေးအောင်လုပ်ခြင်း၏ နောက်ဆက်တွဲအကျိုး

ရင်သားကိုမတင်ခြင်း သို့မဟုတ် ရင်သားခွဲစိတ်ခြင်းဆိုသည်မှာ တွဲနေသောရင်သားများကို ခွဲစိတ်၍ မတင်ခြင်းဖြစ်သည်။ ရင်သားခွဲစိတ်ခြင်းသည် နို့သီးတဝိုက်အရွယ်စားကို သေးစေသည်။ သင်၏ရင်သားသည် သေးငယ်ခြင်း သို့မဟုတ် ပုံစံပျက်နေပါက ရင်သားခွဲစိတ်ပြုပြင်ခြင်းဖြင့် တင်းမာခြင်းနှင့်အရွယ်အစားကို ကြီးစေသည်။
 
ရင်သားသေးအောင်လုပ်ခြင်းတွင် ရင်သားတဝိုက်ကျယ်သောနေရာကိုဝိုင်း၍ ကျောက်ဆူးပုံလုပ်ကာ အောက်သို့ဆွဲချပြီး ရင်သားအောက်မှ ရင်သားပုံစံအတိုင်းလိုက်လုပ်သည်။

ရင်သားသေးအောင်လုပ်ရန်အတွက် အကောင်းဆုံးသင့်လျော်သောသူ

အလွန်ကြီး၍ ရင်သားတွဲသောကြောင့် လှုပ်ရှားမှုများ အကန့်အသတ်တွင်းလုပ်ရပြီး ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်သော အမျိုးသမီး များသောအားဖြင့် ရင်သားသေးအောင်လုပ်ရာတွင် လူနာ၏ရင်သား အပြည့်အဝ ကြီးထွားမှ သေးအောင်လုပ်ပေးနိုင်သည်။အကယ်၍ ရင်သားကြီးခြင်းက ရုပ်ပိုင်းဆိုင်ရာမသက်မသာဖြစ်လျှင် စောစီးစွာလုပ်လည်းရသည်။

ရင်သားသေးအောင်လုပ်ခြင်းသည် နို့တိုက်မိခင်များ မလုပ်သင့်ပါ။

အကောင်းဆုံးအလောင်းလျာများသည် နည်းလမ်းကို သေချာနားလည်ပြီး ရလဒ်ကို လက်ခံနိုင်သူဖြစ်ရမည်။


အန္တရာယ်

ခွဲစိတ်မှုတိုင်းတွင် အန္တရာယ်ရှိသည်ဖြစ်၍ ခွဲစိတ်ရန် သဘောမတူမီ ဤလုပ်ဆောင်မှု၏ဆေးဖက်ဆိုင်ရာ အန္တရာယ်များကို အပြည့်အဝ နားလည်ပြီးဖြစ်ရမည်။ ခွဲစိတ်ဆရာဝန်နှင့်တိုင်ပင်သောအခါ ဤအန္တရာယ်များကို တိုင်ပင်မည်ဖြစ်ပြီး မိမိနားမလည်သည်များရှိပါက မေးခွန်းမေးရန် တိုက်တွန်းလိုပါသည်။

သင့်ကို အန္တရာယ်ရှိကြောင်း အသိပေးပြီးဖြစ်ကြောင်းနှင့် ထိုအန္တရာယ်ကို နားလည်ပြီးလက်ခံကြောင်းကို မခွဲစိတ်မီ လက်မှတ်ရေးထိုးရပါမည်။ ဤအရာများသည် ဆေးရုံ၏ သဘောတူစာချုပ်ဖြစ်ပြီး လက်မှတ်မရေးထိုးပါက ခွဲစိတ်ပေးမည် မဟုတ်ပါ။

ခွဲစိတ်မှုတွင်ထိခိုက်စေသော သို့မဟုတ် အန္တရာယ်ပိုများစေသော အဓိကဆေးဖက်ဆိုင်ရာအချက်လက်များကို ဆရာဝန်ကို အသိပေးရန်မှာ သင့်တာဝန်ဖြစ်သည်။ ၎င်းတွင် သင်သောက်နေသောဆေး၊ရောဂါသမိုင်း၊နောက်ဆက်တွဲမကောင်းသည့် အကျိုးဆက် စသည်များ ပါဝင်သည်။

အချက်လက်ပေါ်မူတည်၍ လူနာတစ်ယောက်နှင့်တစ်ယောက် အန္တရာယ်များတာ နည်းတာချင်း မတူပါ။ လူနှစ်ယောက်သည် မတူပါ။ အောက်တွင်ဖော်ပြထားသောအရာများသည် ဤကဲ့သို့ခွဲစိတ်မှုမျိုးတွင် ဖြစ်တတ်သော အန္တရာယ်များဖြစ်ပြီး မည်သည့်အတိုင်းတာထိ ဖြစ်နိုင်သည်ကို ဖော်ပြထားခြင်းဖြစ်သည်။

သွေးထွက်ခြင်း ပိုးဝင်ခြင်း သို့မဟုတ် မေ့ဆေးထုံဆေးမှ ဒဏ်ပြန်ခြင်း ခွဲစိတ်ခြင်းမှ နို့သီးခေါင်းရှိ နို့ပြွန်ကို ဖယ်ရှားသောကြောင့်  နောက်နောင်တွင်
နို့တိုက်ကျွေးခြင်း မဖြစ်နိုင်ပါ။ အချို့သောလူနာများသည် နို့သီးခေါင်း သို့မဟုတ် ရင်သားတွင် ထိတွေ့မှုကို မခံစားရတော့ပေ။ ဖြစ်ခဲသည် သို့သော် နို့သီးခေါင်းနှင့်နို့သီးတဝိုက်အရွယ်စားတွင် သွေးပံ့ပိုးမှုဆုံးရှုံးပြီး တစ်ရှူးများ သေကုန်မည်။


ခွဲစိတ်ခြင်း

လိုအပ်သောအချိန်: ၁နာရီမှ ၂ နာရီကြား
မေ့ဆေး:မေ့မြောစေခြင်း


ဘေးထွက်ဆိုးကျိုး

အမာရွတ်ဖြစ်ခြင်း၊ရင်သားအရွယ်စား မသိမသာ ကွာခြားခြင်း၊နို့သီးခေါင်း အနေထား မညီခြင်း


ရင်သားသေးအောင်လုပ်ပြီး ပြန်သက်သာချိန်

အလုပ်ပြန်လုပ်ရန်:၃ပတ်မှ ၄ပတ်အတွင်း
ပြင်းထန်သော လှုပ်ရှားမှု:၆ပတ်ဝန်းကျင်
အမာရွန်ပျောက်ချိန်:လပေါင်းများစွာမှ နှစ်ပေါင်းများစွာ သို့မဟုတ် ထိုထက်ပိုမည်။

ဤအချက်လက်များသည် သင့်ကုသမှုအတွက် လမ်းညွှန်အဖြစ် သုံးသင့်သည်။. အသေးစိတ်ကို သင်၏ဆရာဝန်နှင့် သင်နှင့်ဆွေးနွေးသောအခါ တိုင်ပင်ပါ

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။