ရင်သားမြှင့်တင်ပေးခြင်း

Cost*: 248,760

This package is valid until ဒီဇင်ဘာ 31, 2018

ရင်သားမြှင့်တင်ပေးခြင်း (Mastopexy)

ရင်သားကို မတင်ခြင်း၏ နောက်ဆက်တွဲအကျိုး

ရင်သားကိုမတင်ခြင်း သို့မဟုတ် ရင်သားခွဲစိတ်ခြင်းဆိုသည်မှာ တွဲနေသောရင်သားများကို ခွဲစိတ်၍ မတင်ခြင်းဖြစ်သည်။ ရင်သားခွဲစိတ်ခြင်းသည် နို့သီးတဝိုက်အရွယ်စားကို သေးစေသည်။ သင်၏ရင်သားသည် သေးငယ်ခြင်း သို့မဟုတ် ပုံစံပျက်နေပါက ရင်သားခွဲစိတ်ပြုပြင်ခြင်းဖြင့် တင်းမာခြင်းနှင့်အရွယ်အစားကို ကြီးစေသည်။
 

ရင်သားမတင်ခြင်း လုပ်ပုံလုပ်နည်း

ရင်သားမတင်ခြင်းသည် တွဲနေသောရင်သားကို အရည်ပြားအပိုကိုထုတ်ပြီး နို့သီးခေါင်းကို ပြန်လည်နေရာချထားခြင်းဖြင့် မတင်သော အလှအပလုပ်နည်းဖြစ်သည်။


ရင်သားမတင်ရန် အကောင်းဆုံးသင့်လျော်သောသူ

ရင်သားမတင်ခြင်း ခွဲစိတ်မှုကို လုပ်ရန် အကောင်းဆုံးသင့်လျော်သောသူ
  • အသက်ကြီး၍ဖြစ်စေ ကလေးမွေး၍ဖြစ်စေ အမျိုးသမီးတို့၏ ရင်သား တွဲခြင်း ရွဲခြင်း ဖြတ်တတ်သည်။ ဤလုပ်နည်းသည် ရင်သားကြီးသူများအတွက် ပိုလေးလံပြီး ရလဒ်သည် ခေတ္တသာခံ၍ ရင်သားသေးသော အမျိုးသမီးများအတွက် အကောင်းဆုံးဖြစ်သည်။
  • နို့သီးတဝိုက် အရွယ်စားကြီးသော အမျိုးသမီး


အန္တရာယ်

ခွဲစိတ်မှုတိုင်းတွင် အန္တရာယ်ရှိသည်ဖြစ်၍ ခွဲစိတ်ရန် သဘောမတူမီ ဤလုပ်ဆောင်မှု၏ဆေးဖက်ဆိုင်ရာ အန္တရာယ်များကို အပြည့်အဝ နားလည်ပြီးဖြစ်ရမည်။ ခွဲစိတ်ဆရာဝန်နှင့်တိုင်ပင်သောအခါ ဤအန္တရာယ်များကို တိုင်ပင်မည်ဖြစ်ပြီး မိမိနားမလည်သည်များရှိပါက မေးခွန်းမေးရန် တိုက်တွန်းလိုပါသည်။

သင့်ကို အန္တရာယ်ရှိကြောင်း အသိပေးပြီးဖြစ်ကြောင်းနှင့် ထိုအန္တရာယ်ကို နားလည်ပြီးလက်ခံကြောင်းကို မခွဲစိတ်မီ လက်မှတ်ရေးထိုးရပါမည်။ ဤအရာများသည် ဆေးရုံ၏ သဘောတူစာချုပ်ဖြစ်ပြီး လက်မှတ်မရေးထိုးပါက ခွဲစိတ်ပေးမည် မဟုတ်ပါ။

ခွဲစိတ်မှုတွင်ထိခိုက်စေသော သို့မဟုတ် အန္တရာယ်ပိုများစေသော အဓိကဆေးဖက်ဆိုင်ရာအချက်လက်များကို ဆရာဝန်ကို အသိပေးရန်မှာ သင့်တာဝန်ဖြစ်သည်။ ၎င်းတွင် သင်သောက်နေသောဆေး၊ရောဂါသမိုင်း၊နောက်ဆက်တွဲမကောင်းသည့် အကျိုးဆက် စသည်များ ပါဝင်သည်။

အချက်လက်ပေါ်မူတည်၍ လူနာတစ်ယောက်နှင့်တစ်ယောက် အန္တရာယ်များတာ နည်းတာချင်း မတူပါ။ လူနှစ်ယောက်သည်မတူပါ အောက်တွင်ဖော်ပြထားသောအရာများသည် ဤကဲ့သို့ခွဲစိတ်မှုမျိုးတွင် ဖြစ်တတ်သော အန္တရာယ်များဖြစ်ပြီး မည်သည့်အတိုင်းတာထိ ဖြစ်နိုင်သည်ကို ဖော်ပြထားခြင်းဖြစ်သည်။

ထူခြင်း အမာရွတ်ကြီးခြင်း အသားရည်တွဲခြင်း ပိုးဝင်ခြင်း နို့သီးခေါင်း တည်ရှိမှု မညီခြင်း နို့သီးခေါင်း သို့မဟုတ် ရင်သားတွင် တသက်လုံး ထိတွေ့သည်ကို မခံစားရခြင်း.


ခွဲစိတ်မှု

လိုအပ်သောအချိန်: ၁-၃ နာရီ
မေ့ဆေး: သို့မဟုတ် ကုသမည့်နေရာတွင်သာ ဆေးထိုးခြင်း


ဘေးထွက်ဆိုးကျိုး

အဖုထွက်ခြင်း ယောင်ခြင်း မသက်မသာဖြစ်ခြင်း ထုံခြင်း
အသားရည်ခြောက်တွေ့ခြင်း
အမာရွတ်ကျန်

ရင်သားမတင်ခြင်း ပြန်သက်သာချိန်
အလုပ်ပြန်လုပ်ရန်: ၁ပတ် သို့မဟုတ် ထိုထက်ပိုမည်
ပြင်းထန်သော လှုပ်ရှားမှု: ၁လ
အမာရွတ်ပျောက်ချိန်: လပေါင်းများစွာမှ တစ်နှစ်အထိ

ဤအချက်လက်များသည် သင့်ကုသမှုအတွက် လမ်းညွှန်အဖြစ် သုံးသင့်သည်။ အသေးစိတ်ကို သင်၏ဆရာဝန်နှင့် သင်နှင့်ဆွေးနွေးသောအခါ တိုင်ပင်ပါ။
 

ကျေးဇူးပြု၍ မှတ်ထားပါရန်:


ဆေးရုံမှ ခွဲစိတ်ပြုပြင်ရန်အတွက် လိုချင်သော ပုံစံနှင့်အရွယ်အစားများ ရှိနှင့်ပြီးသားဖြစ်ရန် အစွမ်းကုန် ကြိုးစားအားထုတ်မည်ဖြစ်သည်။ သို့သော် အချို့သော ပုံစံနှင့်အရွယ်စားများ ကုန်နေသည်ကို တောင်းပန်၍ အပြောင်းအလဲကို ရုတ်တရက် အကြောင်းကြားပါမည်။ လိုချင်သော ပုံစံရသည်အထိ ထပ်ပြီးမှာ၍ လက်ခံရမည်ဖြစ်၍ ရက်ကိုနောက်ဆုတ်ရတတ်သည်။

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။