ရင်သားပိုမိုကြီးထွားစေရန် ရင်သားအတွင်းပစ္စည်းထည့်ပေးခြင်း
Cost*: 176,400
This package is valid until ဒီဇင်ဘာ 31, 2018
ရင်သားပိုမိုကြီးထွားစေရန် ရင်သားအတွင်းပစ္စည်းထည့်ပေးခြင်း
ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း၏ အကျိုးဆက်
ရင်သားကြီးထွားဖွံ့ဖြိုးအောင် ခွဲစိတ်ခြင်းဟုသိကြသော ရင်သားအလှပြုပြင်ခွဲစိတ်ခြင်းဆိုသည်မှာ အမျိုးသမီး ရင်သားအရွယ်စားနှင့်ပုံစံကို ကြီးအောင် ဆားရည် သို့မဟုတ် ဆီလီကွန်ဂျယ်ကို အစားထိုး ခွဲစိတ်ကုသခြင်းဖြစ်သည်။ ရင်သားတစ်ခုချင်းစီတွင် အစားထိုးထည့်သွင်းခြင်းဖြင့် ခွဲစိတ်ဆရာဝန်များသည် အမျိုးသမီးတို့၏ရင်သားအရွယ်စားကို ဘရာအရွယ်အစား တစ်ဆင့် သို့မဟုတ် ထိုထက်ပို၍ တက်သွားအောင် လုပ်ပေးနိုင်သည်။
ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း လုပ်ပုံ
ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း လုပ်ပုံလုပ်နည်းမှာ တစ်ယောက်နှင့်တစ်ယောက် လုပ်ပုံလုပ်နည်းတူမည်မဟုတ်ပါ။
ရင်သားအလှပြုပြင်ခွဲစိတ်ခြင်းအတွက်သင့်လျော်သောသူ
ရင်သားအလှပြုပြင်ခွဲစိတ်ခြင်းအတွက် အကောင်းဆုံသင့်လျော်သောသူများမှာ
- ရုပ်ပိုင်းဆိုင်ရာကျန်းမာပြီး ခွဲစိတ်မှုမှ လုပ်ဆောင်နိုင်သည် မလုပ်ဆောင်နိုင်သည်ကို လက်တွေ့ဘဝ မျှော်လင့်ချက်နှင့် လက်ခံနိုင်သော အမျိုးသမီးဖြစ်ရမည်။
- ရင်သားအလွန်သေးသည်ဟု ထင်သောအမျိုးသမီး
- ရင်သားနှစ်ဖက်ညီချင်သော အမျိုးသမီး
အန္တရာယ်
ခွဲစိတ်မှုတိုင်းတွင် အန္တရာယ်ရှိသည်ဖြစ်၍ ခွဲစိတ်ရန် သဘောမတူမီ ဤလုပ်ဆောင်မှု၏ဆေးဖက်ဆိုင်ရာ အန္တရာယ်များကို အပြည့်အဝ နားလည်ပြီးဖြစ်ရမည်။ ခွဲစိတ်ဆရာဝန်နှင့်တိုင်ပင်သောအခါ ဤအန္တရာယ်များကို တိုင်ပင်မည်ဖြစ်ပြီး မိမိနားမလည်သည်များရှိပါက မေးခွန်းမေးရန် တိုက်တွန်းလိုပါသည်။
သင့်ကို အန္တရာယ်ရှိကြောင်း အသိပေးပြီးဖြစ်ကြောင်းနှင့် ထိုအန္တရာယ်ကို နားလည်ပြီးလက်ခံကြောင်းကို မခွဲစိတ်မီ လက်မှတ်ရေးထိုးရပါမည်။ ဤအရာများသည် ဆေးရုံ၏ သဘောတူစာချုပ်ဖြစ်ပြီး လက်မှတ်မရေးထိုးပါက ခွဲစိတ်ပေးမည် မဟုတ်ပါ။
ခွဲစိတ်မှုတွင်ထိခိုက်စေသော သို့မဟုတ် အန္တရာယ်ပိုများစေသော အဓိကဆေးဖက်ဆိုင်ရာအချက်လက်များကို ဆရာဝန်ကို အသိပေးရန်မှာ သင့်တာဝန်ဖြစ်သည်။ ၎င်းတွင် သင်သောက်နေသောဆေး၊ရောဂါသမိုင်း၊နောက်ဆက်တွဲမကောင်းသည့် အကျိုးဆက် စသည်များ ပါဝင်သည်။
အချက်လက်ပေါ်မူတည်၍ လူနာတစ်ယောက်နှင့်တစ်ယောက် အန္တရာယ်များတာ နည်းတာချင်း မတူပါ။ လူနှစ်ယောက်သည် မတူပါ။ အောက်တွင်ဖော်ပြထားသောအရာများသည် ဤကဲ့သို့ခွဲစိတ်မှုမျိုးတွင် ဖြစ်တတ်သော အန္တရာယ်များဖြစ်ပြီး မည်သည့်အတိုင်းတာထိ ဖြစ်နိုင်သည်ကို ဖော်ပြထားခြင်းဖြစ်သည်။
အမြဲတမ်း အစားထိုးထားခြင်း တည်ရှိမည်မဟုတ်ပါ။ပြဿနာကိုဖြေရှင်းရန် ခွဲစိတ်၍ ထုတ်ခြင်း သို့မဟုတ် အစားထိုးထားခြင်းကို အစားထိုးရန်လိုအပ်မည်။ပြားသွားခြင်း အစားထိုးထားသောအနီးတဝိုက် အမာရွတ်ဖြစ်ခြင်း(ပြင်ပပစ္စည်းခန္ဓာကိုယ်ထဲထည့်ခြင်း)ကြောင့် ရင်သားတင်းခြင်း သို့မဟုတ် မာခြင်း သွေးထွက်ခြင်း သို့မဟုတ် ပိုးဝင်ခြင်း ဖြစ်နိုင်သည်။ နို့သီးခေါင်း သို့မဟုတ် ရင်သား၏ အထိခံနိုင်မှုတိုးလာခြင်း သို့မဟုတ် လျှော့လာခြင်းသည် အမြဲဖြစ်နေမည်။ ရင်သားကို ဓါတ်မှန်ရိုက်ခြင်းတွင် အထူးနည်းပညာ လိုအပ်သည်။
ခွဲစိတ်ခြင်း
လိုအပ်သောအချိန်: ၁-၂ နာရီ
မေ့ဆေး:မေ့မြောစေခြင်း သို့မဟုတ် ကုသမည့်နေရာတွင်သာ ဆေးထိုးခြင်း
ဘေးထွက်ဆိုးကျိုး
ခေတ္တနာခြင်း
ယောင်ခြင်း အနာဖြစ်ခြင်း နို့သီးခေါင်း ထိတွေ့မှုခံစားမှု ပြောင်းလဲခြင်း
ရင်သားအလှပြုပြင်ခွဲစိတ်ခြင်းမှ ပြန်လည်သက်သာချိန်
အလုပ်ပြန်လုပ်ရန်:၃-၅ ရက်
ပြင်းထန်သော လှုပ်ရှားမှု: ၃-၄ ပတ်
အမာရွန်ပျောက်ခြင်း:လပေါင်းများစွာမှ နှစ်ပေါင်းများစွာ သို့မဟုတ် ထိုထက်ပိုမည်။
ဤလက်ကမ်းစာစောင်သည် သင့်ကုသမှုအတွက် လမ်းညွှန်အဖြစ် သုံးသင့်သည်။ အသေးစိတ်ကို သင်၏ဆရာဝန်နှင့် သင်နှင့်ဆွေးနွေးသောအခါ တိုင်ပင်ပါ
ကျေးဇူးပြု၍ မှတ်ထားပါရန်:
ဆေးရုံမှ ခွဲစိတ်ပြုပြင်ရန်အတွက် လိုချင်သော ပုံစံနှင့်အရွယ်အစားများ ရှိနှင့်ပြီးသားဖြစ်ရန် အစွမ်းကုန် ကြိုးစားအားထုတ်မည်ဖြစ်သည်။ သို့သော် အချို့သော ပုံစံနှင့်အရွယ်စားများ ကုန်နေသည်ကို တောင်းပန်၍ အပြောင်းအလဲကို ရုတ်တရက် အကြောင်းကြားပါမည်။ လိုချင်သော ပုံစံရသည်အထိ ထပ်ပြီးမှာ၍ လက်ခံရမည်ဖြစ်၍ ရက်ကိုနောက်ဆုတ်ရတတ်သည်။ ထိုသို့ ရက်ကိုနောက်ဆုတ်ခြင်းသည် ရှားပါးပြီး ခဏသာဖြစ်သည်။သို့သော် ထိုသို့ တစ်ခါတလေ ဖြစ်တတ်သည်။