ပြန်လည်သန်စွမ်းရေးဌာန

ပြန်လည်သန်စွမ်းရေးဌာန၌  လူနာများအား ထိမိခိုက်မိမှုနှင့်ရောဂါမှ ကာကွယ်ရန်၊ လုပ်ဆောင်နိုင်မှုနှင့် သန်စွမ်းမှုတို့ ပြန်လည်ရရှိစေရန်နှင့် နာကျင်မှု သက်သာစေရန်အတွက် အမျိုးစုံလင်သောဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ ကျွမ်းကျင်သူဝန်ထမ်းများသည် ခေတ်မီနည်းပညာကိုသုံး၍ အသက်အရွယ်ပေါင်းစုံနှင့် ကျန်မာသန်စွမ်းမှု အခြေအနေအမျိုးမျိုးရှိသည့် လူနာများကို ကုသမှုပေးပါသည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ မသန်မစွမ်းဖြစ်မှုကို လျှော့ချရန်နှင့် သင့်အား ပို၍ လွတ်လပ်ပြီ: အောင်မြင်သောဘဝကို ပြန်လည်ပိုင်ဆိုင်စေနိုင်ရန်အတွက် ဖြစ်ပါသည်။

ကျွမ်းကျင်သူ ပညာရှင်များ နှင့် ပြန်လည်သန်စွမ်းရေ:စင်တာ

 
  1. ဆေးဘက်ဆိုင်ရာပြန်လည်သန်စွမ်းရေးဆရာဝန်
  2. ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုများ− နာကျင်မှုနှင့်ရောင်ရမ်းမှုကို လျှော့ချပေးပြီး၊ သန်စွမ်းမှု၊ ရွေ့လျားနိုင်မှု၊ ဟန်ချက်ထိန်းညှိမှုနှင့် လုပ်ဆာင်နိုင်မှုတို့ကို ပြန်လည်ရရှိစေရန်။
  3. လုပ်ငန်းခွင်နှင့်ဆိုင်သော ကုသသူများ−လူနာများအားနေ့စဉ်ပြုလုပ်နေကျ လှုပ်ရှားမှုများဖြစ်သည့်အစာစားခြင်း၊ အဝတ်လဲခြင်းနှင့် ရေချိုးခြင်းတို့ကို ကိုယ်တိုင်လုပ်နိုင်စေရန်။
  4. စကားပြောလေ့ကျင့်ကုသသူများ−လူနာများ၏စကားပြောနှင့်သိနားလည်မှုချွတ်ယွင်းခြင်းများကို ကူညီကုသပေးရန်နှင့် ၎င်းတို့၏ဆက်ဆံပြောဆိုမှုစွမ်းရည်ကို ပြန်လည်ရရှိစေရန်။

အဆောက်အအုံ

  • လည်ပင်းရိုးနှင့်ခါးရိုးအား ဆန့်ဆွဲထားခြင်း လေ့လာအကဲဖြတ်ရန် စက်ပစ္စည်းကိရိယာများ
  • ဟန်ချက်ထိန်းညှိမှုအား အကဲဖြတ်စစ်ဆေးရန်သုံးသည့် စက်ပစ္စည်း (Biodex Balance)
  • ကြွက်သားသန်စွမ်းမှုနှင့် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးရန် လေ့ကျင့်ခန်းစက် Biodex 4 Pro
  • လေ့ကျင့်ခန်းပြုလုပ်ရန် စက်ပစ္စည်းကိရိယာ အသက်ရှုခြင်းနှင့်ဆိုင်သောပြေးစက်၊ ရွေးလျားမှုမရှိသော စက်ဘီးများ
  • အလေးမခြင်းကို လေ့ကျင့်ရန် စက်များ
  • အသက်မရွေး၊ ကျားမ မရွေး အသုံးပြုနိုင်သည့် လေ့ကျင့်ခန်းလုပ်ရန် စက်ပစ္စည်းများ
  • နာကျင်မှုနှင့်  ကြွက်သားရောင်ရမ်းခြင်း ထိန်းချုပ်ဖို့အသုံးပြုကိရိယာများ
  • လျှပ်စစ်ဖြင့် ကိုယ်ခန္ဓာ၌ အပူဓာတ်ဖြစ်ပေါ်စေခြင်း (တိုတောင်းသောလှိုင်း)
  • လျှပ်စစ်ဖြင့် လှုံ့ဆော်ခြင်း
  • အင်အားပြင်းသောလှိုင်းများကိုသုံး၍ အရိုးကြွက်သားများကို ကုသခြင်း (ESWT)
  • ကြွက်သားများနာကျင်မှုကို လျှပ်စစ်လှိုင်းများဖြင့် ကုသခြင်း
  • အသံလွန်လှိုင်း အသုံးပြု၍ ခန္ဓာကိုယ်တွင်းအင်္ဂါများအားပုံရိပ်ဖော်ခြင်း

Physical Therapy

စကားပြောလေ့ကျင့်ကုသမှု

လုပ်ငန်းခွင်နှင့်ဆိုင်သော ကုသမှု

Rehabilitation Therapy

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။