အရိုးရောဂါကုဌာန

အရိုးရောဂါကုဌာန တွင် စုံလင်သော ရောဂါရှာဖွေမှု၊ ကုသမှုနှင့် အရိုးနှင့်ဆိုင်သော ခွဲစိတ်မှု ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ အရိုးရောဂါကုဌာန၏ အရိုးရောဂါနှင့်ဆိုင်သော ကျွမ်းကျင်သူများသည် ထိုင်း၊ အမေရိကန်နှင့် ဉရောပမှ လေ့ကျင့်သင်ကြားမှုနှင့် အတွေ့အကြုံများကို သယ်ဆောင်လာပြီး၊ အရိုးရောဂါနှင့်ဆိုင်သော ကာကွယ်ကုသမှုနည်းလမ်းမျိုးစုံကို အသုံးပြုပါသည်။
နည်းပညာများကိုသုံးကာ အရိုးအဆစ်ပြုပြင်အစားထိုးခွဲစိတ်မှုကို ပြုလုပ်ပေးပါသည်။ကျွန်ုပ်တို့သည် လူနာများကိုမှတ်ပုံတင်ခြင်းမှအစ ခွဲစိတ်ပြီးနောက်ဆက်တွဲ စစ်ဆေးပြုစုကုသမှုများပြုလုပ်ခြင်းအထိ ကုသမှုလုပ်ငန်းစဉ်၏အဆင့်တိုင်းတွင် နိုင်ငံတကာအဆင့်မီ ပြုစုစောင့်ရှောက်မှုကိုပေးရန် အထူးအလေးထားပါသည်။ လူနာများအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးခြင်းဖြင့်လည်းကောင်း၊ မြန်ဆန်သောနာလန်ထူမှု၊ ခွဲစိတ်ပြီးအနည်းဆုံးဖြစ်သောနာကျင်မှု၊ တိုးတက်ကောင်းမွန်လာသော ဒူး၏လုပ်ဆောင်မှု၊ ပုံမှန်ဖြစ်သောလှုပ်ရှားမှုစွမ်းရည်ကို ပြန်လည်ရရှိလာနိုင်မှုနှင့် လွတ်လပ်ပျော်ရွှင်သောဘဝကို ပြန်လည်ပိုင်ဆိုင်လာနိုင်မှု အစရှိသည့် လူနာများ၏ခွဲစိတ်မှုခံယူပြီး မျှော်လင့်ထားသောရလဒ်များကို ဖြည့်ဆည်းပေးခြင်းဖြင့်လည်းကောင်း ထိုအထူးအလေးထားမှုသည် ကျွန်ုပ်တို့၏“လူနာများ၏ကျေနပ်ခြင်း” ဟူသော အရေးကြီးဆုံးရည်မှန်းချက်ကို ပြည့်ဝစေပါသည်။  
Watch this video with subtitles to learn more about the Orthopeadic Center. 
ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည်မကြာသေးခင်က“ဒူးဆစ်ရိုးပြုပြင်အစားထိုးပေးခြင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များအတွက်တရားဝင်အသိအမှတ်ပြုခြင်း" ကို Joint Commission International (JCI) ထံမှလက်ခံရရှိခဲ့သည်။ဤအချက်ကကျွန်ုပ်တို့သည်နိုင်ငံတကာအဆင့်မီအရည်အသွေးမြင့်မားသောကျန်းမာရေးစောင့်ရှောက်မှုကို ပေးနေကြောင်း သက်သေပြနေပါသည်။

ဝန်ဆောင်မှုများ

 
  • အထွေထွေအရိုးရောဂါကုပညာ
  • ကျောရိုးခွဲစိတ်မှု
  • အရိုး၊ အကြော အဆစ်နှင့် သက်ဆိုင်သော ကင်ဆာရောဂါပညာ
  • အာရုံကြောမျှင်များ၏ ရောဂါကုသမှု
  • အရိုးပွခြင်း (သို့) အရိုးအလေးချိန်လျော့ကျစေသောရောဂါများ အပါအဝင် ဇီဝဓာတုဖြစ်စဉ်ဆိုင်ရာ အရိုးရောဂါများ
  • အရိုးအကြောအဆစ်ထိခိုက်မှု
  • ကလေးအရိုးအကြောအဆစ်ကုသမှုနှင့်ဆိုင်သော ဆေးပညာ
  • အဆစ်အတွင်း ကြည့်ရှုစစ်ဆေးခြင်း နှင့် လေ့ကျင့်ခန်းနှင့်ပတ်သက်သော ကာကွယ်ကုသမှုဆိုင်ရာဆေးပညာ
  • ပေါင်ဆစ်ရိုးပြန်လည်အစားထိုးမှု
  • ဒူးခွဲစိတ်မှု
  • လက်ခွဲစိတ်မှု
  • ခြေချင်းဝတ် ခွဲစိတ်မှု
  • ခြေထောက်ခွဲစိတ်မှု

အဆောက်အအုံ

 
  • ပြင်ပလူနာဌာန
  • ပတ်တီး (သို့) သွင်းပုံအခန်းများနှင့်ဆေးကုသရန် နေရာများ
  • 1.5 Tesla သံလိုက်စက်ကွင်းအသုံးပြုသော MRI အပါအဝင် စုံလင်သော ပုံရိပ်ရိုက်ရန်အထောက်အပံ့
  • အရိုးသိပ်သည်းမှုအား စမ်းသပ်သောစက် (အရိုးပွခြင်း နှင့် အရိုးသိပ်သည်းမှုကို တိုင်းတာရန်)
  • နာတာရှည် ကြွက်သားစွန်းအရွက်ရောင်ခြင်းကို ကိုယ်တွင်းထိုးဖောက်ဝင်ရောက်မှုမရှိသောနည်းဖြင့် ကုသရန်အတွက် ခန္ဓာကိုယ်ပြင်ပတွင်မြန်ဆန်သောလှိုင်းလုံးကိုသုံး၍ကုသခြင်း(ESWT)
  • ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာပြန်လည်သန်စွမ်းရေးဌာန တွင် ပြန်လည်သန်စွမ်းရေးနှင့်ဆိုင်သော ဆေးပညာအကြံဉာဏ်နှင့် ရူပကုထုံးများ ရရှိနိုင်ပါသည်။
  • သမားတော်တစ်ယောက်ချင်းစီ၏တိုင်ပင်ဆွေးနွေးခန်းတွင် ကွန်ပြူတာတွင် ထားသိုထားသော လူနာမှတ်တမ်းများ
  • ဓာတ်ရောင်ခြည်သင့်မှုအား အနည်းဆုံးဖြစ်အောင်လျှော့ချထားသော အိပ်စရေးဓာတ်ရောင်ခြည်

လူနာများအား ကျန်းမာရေးစောင့်ရှောက်ခြင်း


ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည်လူနာများဆေးကုသပြီးနောက် အရည်အသွေးမြင့်မားသောဘဝကိုဆက်လက်ပိုင်ဆိုင်နိုင်ခြင်း၏အရေးကြီးမှုကိုအသိအမှတ်ပြုပါသည်။ ထိုအတွက်ကြောင့် ကျွန်ုပ်တို့သည် အဆစ်ပြုပြင်အစားထိုးခွဲစိတ်မှုကို ခံယူသော လူနာများအား လုပ်ငန်းစဉ်တစ်ခုစီတိုင်းတွင် နိုင်ငံတကာအဆင့်မီ ဂရုပြုစောင့်ရှောက်မှုကိုပေးပါသည်။ကျွန်ုပ်တို့၏ကျွမ်းကျင်သူဆရာဝန်များနှင့်ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည်အဆစ်ပြုပြင်အစားထိုးခွဲစိတ်မှုခံယူသောလူနာမျာအားစောင့်ရှောက်ရာတွင် အထူးလေ့ကျင့်မှုရရှိထားသူများ ဖြစ်သည်။
  • လူနာများသည်ခွဲစိတ်မှုမပြုမီ၊ပြုလုပ်စဉ်အတွင်းနှင့်ပြုလုပ်ပြီးကုသမှုလုပ်ငန်းစဉ်များကို သေချာစွာနားလည်ရန် ခွဲစိတ်မှုမပြုမီ သင်တန်းတက်ရသည်။လူနာများအား၎င်းတို့၏နေ့စဉ်လှုပ်ရှားမှုများနှင့်ဆီလျော်သော အကြံပြုချက်များနှင့်တကွ ခွဲစိတ်မှုပြုလုပ်ပြီး ပြုမူလုပ်ဆောင်ရမည့်အရာများကို အကြံပေးပါသည်။
  • ခွဲစိတ်ပြီးမြန်ဆန်စွာနာလန်ထူလာနိုင်စေရန်နှင့်ပျို့ချင်အံချင်ဖြစ်ခြင်း၊ အော့အံခြင်းနှင့်ခေါင်းမူးခြင်းအစရှိသောဆိုးကျိုးများဖြစ်ပေါ်လာနိုင်ခြင်း အလားအလာကိုလျှော့ချပေးရန်ဖြစ်နိုင်ပါကလူနာများကိုမော်ဖိမ်းမပါသော မေ့ဆေးသာ ပေးပါသည်။
  • ကျွန်ုပ်တို့သည်သွေးခဲခြင်းနှင့်ပိုးဝင်ခြင်းအစရှိသောခွဲစိတ်မှုမှဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ရန် အစွမ်းကုန် ဂရုပြုပါသည်။
  • ဆေးနှင့်သက်ဆိုင်သောပစ္စည်းများနှင့်ပစ္စည်းကိရိယာများကိုရွေးချယ်ရာတွင်အန္တရာယ်ကင်းရှင်းရေးသည်ကျွန်ုပ်တို့ဉီးစားပေးသောအရာဖြစ်သည်။ ဥပမာ။ ခွဲစိတ်ဆရာဝန်များ၏ ခွဲစိတ်ခန်းဝတ် ဝတ်စုံများကို ပိုးကပ်ခြင်းမှ ကာကွယ်ရန် စီမံထားသည်။
  • ကျွန်ုပ်တို့၏ဆေးနှင့်ဆိုင်သောပြန်လည်သန်စွမ်းရေးကျွမ်းကျင်သူပညာရှင်များနှင့် ရုပ်ပိုင်းဆိုင်ရာကုသပေးသူများသည် စံချိန်မီသော ကိုယ့်ကိုယ်ကိုစောင့်ရှောက်မှု၊ ရုပ်ပိုင်းဆိုင်ရာကုသမှုနှင့် ပြန်လည်သန်စွမ်းရေးဆိုင်ရာ လှုပ်ရှားမှုများနှင့်ဆိုင်သော အကြံပြုချက်များကို ပေးပါသည်။
  • ကျွန်ုပ်တို့သည်ခွဲစိတ်မှု၏ရလဒ်များအပေါ် နောက်ဆက်တွဲစစ်ဆေးပြုစုကုသမှုများကို အစဉ် (သို့) အခါအားလျော်စွာ ပြုလုပ်ပါသည်။
  • ကျွန်ုပ်တို့သည်လူနာများအားလက်ကမ်းစာစောင်များနှင့်DVDများမှတစ်ဆင့် အရိုးအဆစ်ရောင်ခြင်း၊ ခွဲစိတ်ကုထုံးနှင့် ခွဲစိတ်ပြီး ကိုယ့်ကိုယ်ကိုစောင့်ရှောက်မှုအစရှိသောအကြောင်းအရာမျိုးစုံနှင့်ပတ်သက်သည့် အကျိုးရှိသောဗဟုသုတအချက်အလက်များကို ပေးဝေပါသည်။

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။