ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာန
ဘမ်ရုန်ရက်ဒ်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် ဦးနှောက်နှင့်အာရုံကြောဆေးပညာတွင် အကောင်းဆုံးဌာနဟု အသိအမှတ်ပြုခြင်းခံရသောဌာန ဖြစ်သည်။ ကျွန်ုပ်တို့သည် ဦးနှောက်နှင့်အာရုံကြောနှင့်ဆိုင်သောရောဂါများ ပြီးပြည့်စုံသောကုသမှုနှင့် ပြုစုစောင့်ရှောက်မှုအတွက် ပြည့်စုံကျယ်ပြန့်သော ရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ ခွဲစိတ်ခြင်းနှင့် ပြန်လည်သန်စွမ်းရေးနှင့် ဆိုင်သော ဝန်ဆောင်မှုများကို ပေးပါသည်။
2 ပင်မရုံးခွဲ:
ဦးနှောက်နှင့်အာရုံကြောဗေဒ
ဦးနှောက်နှင့်အာရုံကြောဗေဒ၊ဦးနှောက်နှင့် မှတ်ဉာဏ်ဆေးခန်းတွင် ဦးနှောက်နှင့်အာရုံကြောနှင့် ပတ်သက်သောရောဂါအခြေအနေများအား လေ့လာစစ်ဆေးခြင်းနှင့် ဆေးကုသခြင်းတို့ကို ပြုလုပ်ပေးသည်။
ဦးနှောက်နှင့်အာရုံကြောခွဲစိတ်မှု
ဦးနှောက်နှင့်အာရုံကြောခွဲစိတ်မှုတွင် ဦးနှောက်နှင့်အာရုံကြော၊ ကျောရိုးပိုင်းဆိုင်ရာအခြေအနေများခွဲစိတ်ကုသမှုများ ပါဝင်သည်။
ကျွမ်းကျင်သောအဖွဲ့
ဦးနှောက်နှင့်အာရုံကြောဗေဒပညာရှင်၊ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်ပေါင်း၂၅ယောက်ကျော်တို့သည်မှတ်ဉာဏ်ချွတ်ယွင်းမှုမှဦးနှောက်ခွဲစိတ်မှုအထိအမျိုးမျိုးသောနယ်ပယ်ရပ်တွင်အထူးပြုသူများဖြစ်သည်။ ထိုဆရာဝန်များသည်အမေရိကန်၊အင်္ဂလန်၊ကနေဒါနှင့်သြစတြေးလျအစရှိသောနိုင်ငံများရှိ နိုင်ငံတကာတက္ကသိုလ်နှင့်ထိပ်သီးထိုင်းတက္ကသိုလ်များတွင်လေ့လာသင်ကြားခဲ့သူများ ဖြစ်သည်။
ထို့အပြင်ဘမ်ရုန်ရက်ဒ်၌ လူနာများနာလန်ထူစဉ်တွင်ကိုယ်လက်အင်္ဂါလှုပ်ရှားမှုပြန်လည်ရရှိစေရန်ကူညီပေးမည့်ပြန်လည်သန်စွမ်းရေးဆရာဝန်များနှင့်ရောဂါကုသသူများပါဝင်သည့်ဝန်ထမ်းအဖွဲ့ကြီးရှိပါသည်။
ဦးနှောက်နှင့်အာရုံကြောဗေဒ
ထိုဌာနများ၏ဆရာဝန်များနှင့်ဝန်ထမ်းများသည်ဦးနှောက်နှင့်အာရုံကြောနှင့်ဆိုင်သော ရောဂါဝေဒနာများကိုပထမအဆင့်အနေဖြင့်လေ့လာစစ်ဆေးပေးသူများဖြစ်သည်။၎င်းတို့၏လေ့လာစစ်ဆေးမှုမှရရှိလာသောရလဒ်များအပေါ်မူတည်၍လူနာများအားဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်သို့ရည်ညွှန်းပေးမည်ဖြစ်သည်။
အာရုံကြောသိပ္ပံစင်တာတွင် အထူးဆေးခန်း သုံးမျိုးရှိပါသည်
ဦးနှောက်နှင့်အာရုံကြောခွဲစိတ်မှု
ဦးနှောက်ပိုင်းဆိုင်ရာ ချွတ်ယွင်း၍ ခွဲစိတ်ရန်လိုအပ်သောလူနာများအား အကြံပေးခြင်းနှင့် ကုသပေးခြင်းများ ပြုလုပ်ရန် ဌါနမှ ဦးနှောက်ခွဲစိတ်ဆရာဝန်များအဖွဲ့ကို ထားထားပေးသည်။ ဖြစ်လေ့ဖြစ်ထရှိသောရောဂါအခြေအနေများမှာဉီးနှောက်သွေးကြောမှသွေးထွက်ခြင်းဦးနှောက်အဖုအကျိတ်များ၊ဦးနှောက်သွေးကြောဖောင်းပွခြင်းနှင့်ကျောရိုးပိုင်းဆိုင်ရာ အခြေအနေများဖြစ်သည်။ထိုရောဂါများသည်ဆိုးရွားသောအခြေအနေများ ဖြစ်လေ့ရှိပြီး၊ ကျွန်ုပ်တို့၏ကျွမ်းကျင်သူများသည်အန္တရာယ်ကင်းမှုနှင့်အကျိုးရရှိနိုင်မှုတို့ကိုချိန်ထိုးဆုံးဖြတ်ကာအကောင်းဆုံးကုထုံးနည်းလမ်းကို အသုံးပြုပါသည်။
ကိုယ်ခန္ဓာကျန်းမာသန်စွမ်းရေးနှင်ဆိုင်သည့်ရောဂါကုသသူများပါဝင်သောပြန်လည်သန်စွမ်းရေးအဖွဲ့သည်သင့်ကိုနာမကျန်းမှုအတွက်ပြုစုစောင့်ရှောက်ရန်နည်းလမ်းများအားလမ်းညွှန်ပေးပြီး၊နာလန်ထူလာခြင်းဖြစ်စဉ်တစ်လျှောက်လုံးအတွက်လမ်းပြကူညီပေးပါသည်။ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာနသည်
ပြန်လည်သန်စွမ်းရေးဌာနနှင့် ပူးပေါင်း၍ကိုယ်လက်အင်္ဂါလှုပ်ရှားမှုပြန်လည်ရရှိစေရန်တိကျသောပြန်လည်သန်စွမ်းရေးအစီအစဉ်များကိုစီမံပေးပါသည်။ထို့အပြင်အာဟာရပညာရှင်များသည်လေဖြတ်လေငန်းရောဂါဖြစ်ပွားနိုင်မှုအလားအလာကိုထိန်းချုပ်ပေးခြင်းအားဖြင့် သင့်ကို အကူအညီပေးရန် အသင့်ရှိပါသည်။
ဌာနရှိသူနာပြုများသည်လေဖြတ်လေငန်းရောဂါ၊အတက်ရောဂါလူနာများနှင့်၎င်းတို့၏မိသားစုများအတွက်ကျန်းမာရေးအခြေအနေကိုနားလည်ရန်နှင့်ရောဂါပြဿနာများကြီးထွားလာနိုင်သည့်အန္တရာယ်ကိုလျှော့ချနိုင်ရန်အသိပညာပေးခြင်းများကိုပြုလုပ်ပါသည်။
Dementia Screening
သူငယ်ပြန်ရောဂါ စစ်ဆေးခြင်း ပက်ကေ့ချ် အလွန့်အလွန်မေ့ခြင်း၊ရောက်နေသောနေရာမသိခြင်း၊အတိတ်မေ့ခြင်း သို့မဟုတ် မိသားစုတွင် သူငယ်ပြန်ရောဂါရှိသော လူနာများအတွက်