ကျောက်ကပ်ရောဂါကုဌာန

ကျောက်ကပ်ရောဂါကုဌာနသည် ပညာရပ်နယ်ပယ်ပေါင်းစုံမှ လူနာပြုစုစောင့်ရှောက်မှုအဖွဲ့ ဖြစ်ပြီး၊ ကာလတိုနှင့် နာတာရှည် ကျောက်ကပ်ရောဂါအတွက် ကုသမှုကို ပံ့ပိုးပေးထားပါသည်။ ကျွန်ုပ်တို့၏အဖွဲ့တွင် နိုင်ငံတကာနှင့် နိုင်ငံအတွင်း တရားဝင်အသိအမှတ်ပြုခြင်းခံသော ကျောက်ကပ်ရောဂါအထူးကုများ ပါဝင်ပြီး၊ ၎င်းတို့သည် အာဟာရပညာရှင်များ၊ ဆေးဝါးဆိုင်ရာကျွမ်းကျင်သူများနှင့် ဆေးရုံသူနာပြုညှိနှိုင်းသူများနှင့် တွဲဖက်အလုပ်လုပ်ကာ ကျောက်ကပ်နှင့် ဆက်နွယ်နေသည့် ရောဂါပြဿနာများအား ရှာဖွေတွေ့ရှိရန်နှင့် ကုသပေးရန်အတွက် သင်၏နေထိုင်စားသောက်မှုပုံစံအလုံးစုံကို လေ့လာသုံးသပ်ကူညီပေးလျက် ရှိပါသည်။
  • အခြေနေ
     
    • ကျောက်ကပ်၏ဆောင်ရွက်မှု ရုတ်တရက်ရပ်တန့်ခြင်း
    • နာတာရှည်ကျောက်ကပ်ရောဂါ (CKD)
    • ခန္ဓာကိုယ်တွင်း ဓာတ်ဆားများနှင့် အချဉ်ဓာတ်၊ထုံးဓာတ် ပုံမမှန်ဖြစ်မှုများ
    • သွေးတိုးရောဂါ နှင့် ဆီ:ချိုရောဂါ နှင့် ဆက်နွယ်နေသော ကျောက်ကပ်ရောဂါပြဿနာများ
    • မျိုးရိုးလိုက်တတ်သော ကျောက်ကပ်ရောဂါနှင့် မျိုးရိုးမလိုက်တတ်သော ကျောက်ကပ်ရောဂါများ (ဥပမာ။ ကျောက်ကပ်တွင်ရေအိတ်များစွာရှိသောရောဂါ၊ အယ်ပို့စ်ကျောက်ကပ်ရောင်ရောဂါ၊ ထွေးလုံးငယ်ကျောက်ကပ်ရောင်ရမ်းနာ၊ နောက်ဆုံးအဆင့်နာတာရှည်ကျောက်ကပ်ရောဂါ)
  • အဖြေရှာခြင်း
    • ဆီးထဲတွင် ပါဝင်သောအရာများကို တိုင်းတာစစ်ဆေးရန် ဆီးနမူနာ (၂၄) နာရီ ကောက်ခံခြင်း
    • သွေးစစ်ခြင်း
      • (သွေးဖြူဥအမျိုးအစားတစ်ခုစီအပါအဝင်) သွေးဥနှုန်းထားများစစ်ဆေးခြင်း (CBC)
      • သွေးထဲရှိနိုင်ထရိုဂျင်ပမာဏ (BUN)
      • သွေးအတွင်းရှိ ခရီတီနင်းဓာတ်
      • ဓာတ်ဆားပါဝင်မှု (ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကလိုရိုက်ဓာတ်၊ သကြားဓာတ်၊ ကယ်လစီယမ်ဓာတ်၊ ဖော့စ်ဖိုရပ်ဓာတ်၊ albumin အသားဓာတ် )
      • အသားဓာတ်စုစုပေါင်း
      • ကိုလက်စတောအဆီပမာဏ
    • ကျောက်ကပ်ရှိ ဆံခြည်မျှင်သွေးကြောထုံး၏စစ်ထုတ်နှုန်း(eGFR)  သွေးအတွင်းရှိ ခရီတီနင်းဓာတ်ကို အသုံးပြု၍ (နာတာရှည်ကျောက်ကပ်ရောဂါနှင့် အခြားကျောက်ကပ်နှင့်ဆက်နွယ်နေသည့် ရောဂါပြဿနာများအား ရှာဖွေတွေ့ရှိရန် အသုံးများသော နည်းလမ်း)
    • ကျောက်ကပ်ပုံရိပ်ရိုက်လေ့လာခြင်း။ ကျောက်ကပ်အား အာထရာစောင်းဖြင့် ကြည့်ရှုခြင်း၊ ကျောက်ကပ်သွေးကြောများထဲရှိ သွေးများရွေ့လျားမှုကို doppler ဖြင့် စစ်ဆေးခြင်း၊ ကွန်ပြူတာအကူအိပ်စ်ရေးရောင်ခြည် (CT) ဓာတ်မှန်၊ သွေးကြောများအား သံလိုက်စက်ကွင်းအသုံးပြုသော (MRI) ဖြင့် ဓာတ်မှန်ရိုက်ခြင်း
      • ဆီးလမ်းကြောင်းပိတ်ဆို့မှုအား စစ်ဆေးရန် (ဥပမာ။ ကျောက်ကပ်တွင် ကျောက်တည်ခြင်း)
      • ကျောက်ကပ်၏အရွယ်အစားကို ခန်းမှန်ခြေတိုင်းတာရန်
      • ကျောက်ကပ်တွင်ရေအိတ်များစွာရှိသောရောဂါအတွက် စစ်ဆေးခြင်း
      • ကျောက်ကပ်သွေးကြောကျဉ်းခြင်းကဲ့သို့သော ရောဂါအခြေအနေများအား ရှာဖွေတွေ့ရှိရန်
    • ဆီးထဲရှိအသားဓာတ်ပမာဏကိုတိုင်းတာခြင်း (ဆီးထဲတွင် အသားဓာတ်တွေ့ရှိခြင်းသည် ကျောက်ကပ်တွင် ရောဂါပြဿနာရှိကြောင်း ဖော်ပြနေသည်။)
      • ဆီးအတွင်းစွန့်ပစ်သော အသားဓာတ်နှင့် ခရီတီနင်းဓာတ်အချိုး
      • ဆီးအတွင်းစွန့်ပစ်သော microalbumin အသားဓာတ်အမှုန့်နှင့် ခရီတီနင်းဓာတ်အချိုး
    • ဆီးစစ်ဆေးခြင်းနှင့် ဆီးအနည်များအားလေ့လာခြင်း ( နာတာရှည်ကျောက်ကပ်ရောဂါ နှင့် ကျောက်ကပ်ရောဂါအမျိုးအစားကို ဖော်ထုတ်ရန်အတွက်)
  • ကုသမှု
    • သွေးအတွင်းရှိ မလိုလားအပ်သောပစ္စည်းအားဖယ်ရှားပြီး သွေးလဲလှယ်ပေးခြင်း
    • ကျောက်ကပ်သန့်စင်သည့်ဌာနတွင် ကျောက်ကပ်သန့်စင်ခြင်း ကို အညစ်အကြေးများသန့်စင်ဖယ်ရှားခြင်းနှင့်ဆိုင်သောဌာနတွင်)
    • အသည်းအတွင်းအညစ်အကြေးများဖယ်ထုတ်သန့်စင်ခြင်း
    • အာဟာရဆိုင်ရာဗဟုသုတအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း။ ကျောက်ကပ်ရောဂါတွင် အထူးပြုလေ့လာထားသည့် အာဟာရပညာရှင်ထံမှ ချင့်ချိန်စားရမည့်အစားအစာနှင့် ပတ်သက်၍ အကြံဉာဏ်
    • ကျောက်ကပ်အစားထိုးကုသမှုများ
      • ကျောက်ကပ်မှ ရေပိုနှင့်အညစ်အကြေးများအား ပြတ်တောင်းပြတ်တောင်း ဖယ်ထုတ်သန့်စင်ပေးခြင်း (IHD)
      • ကျောက်ကပ်မှ ရေပိုနှင့်အညစ်ကြေများအား အဆက်မပြတ် ဖယ်ထုတ်သန့်စင်ပေးခြင်း (CRRT)
      • ဗိုက်အတွင်းသို့ပိုက်ထည့်၍ ခန္ဓာကိုယ်တွင်းအဆိပ်ဓာတ်များအား အဆက်မပြတ် ဖယ်ရှားပေးခြင်း
      • ကျောက်ကပ်အစားထိုးကုသခြင်း ပြည်ပရှိလူနာများအတွက် အသက်ရှင်လျက်ရှိသော မိသားစုအမျိုးများမှ ပေးလှူသောကျောက်ကပ်များသာ)

နာတာရှည်ကျောက်ကပ်ရောဂါ (CKD)

CKDနုသူများသည် အဆင့်ပိုမြင့်ပြီး သေသည်အထိ ရောဂါလက္ခဏာကို မတွေ့နိုင်ပါ။ ထိုသို့ဖြစ်သည့်အခါ အားနည်းခြင်း ဇဝေဇဝါဖြစ်ခြင်း စားချင်စိတ်ပျောက်ခြင်း အမိုးနီးရားကဲ့သို့ ခံတွင်းအနံ့ရခြင်း ယားယံခြင်း ဖြူဖတ်ဖြူရော်ဖြစ်ခြင်း(အသားရည်ဖျော့ခြင်း) ခြေထောက်နှင့်အဆစ်ယောင်ခြင်း သို့မဟုတ် ညအချိန်တွင် မကြာခဏ ဆီးသွားခြင်းကို တွေ့ကြုံရတတ်သည်။ ဆရာဝန်များက လူနာများအတွက် သင့်တော်သော ကုသမှုအစီစဉ်များကို ဆုံးဖြတ်ရန် ကျောက်ကပ်အလုပ်လုပ်ပုံကို တိုင်းတာရန် ခရီတီတင်းသွေးစစ်ခြင်း အပါအဝင် GFRကို ဆုံးဖြတ်ရန် ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းကို အက်ထရာဆောင်း သို့မဟုတ် စီတီစကန်ရိုက်ခြင်းကိုလည်း ပြလုပ်၍ စစ်ဆေးမည်ဖြစ်သည်။ အချို့သောကိစ္စရပ်များတွင် ဆရာဝန်များက စမ်းသပ်ရန်အတွက် ကျောက်ကပ်အသားစယူ၍ စစ်ဆေးခြင်းကိုလည်း ပြုလုပ်သည်။ CKDသည် ရောဂါနုသောအခါ ရောဂါလက္ခဏာမပြသောကြောင့် ကျောက်ကပ်အလုပ်လုပ်သည်ကို တိုင်းတာရန် ခရီတီတင်းသွေးစစ်ခြင်းနှင့် ရောဂါမည်သည့်အဆင့်ရောက်နေပြီကို GFRမှ တိုင်းတာနိုင်ပြီး ဆုံးဖြတ်ပေးသည်။

ကျောက်ကပ်အစားထိုးခြင်း

 

ကျောက်ကပ်ပျက်ဆီးပြီးဖြစ်သော တချို့လူများတွင် ကျောက်ကပ်ကို အစားထိုးနိုင်သည်။ အစားထိုးရန် ခွဲစိတ်နေစဉ် အလှူရှင်မှ ကျန်းမာသောကျောက်ကပ်ကို သင့်ခန္ဓာကိုယ်သို့ ထည့်သွင်းပေးသည်။ သင့်ကျောက်ကပ်နှစ်ခုလုပ်နေကျအလုပ်ကို ကျောက်ကပ်အသစ်ကလုပ်မည်ဖြစ်သည်။လှူသောကျောက်ကပ်မှာ အသက်ရှင်လျှက်ရှိသော အမျိုးထဲမှသာ ရသည်။

ကျောက်ကပ်အစားထိုးခြင်းသည် ကျောက်ကပ်ပျက်ဆီးပြီးသားအတွက် ကုသခြင်းဖြစ်ပြီး ရောဂါပျောက်ကင်းသွားမည် မဟုတ်ပါ။ သင်၏ကိုယ်ခံအားစနစ်မှ ကျောက်ကပ်အသစ်ကို မငြင်းဆန်ကြောင်း သေချာရန် နေ့စဉ် ဆေးသောက်သုံးရမည်။ ဆရာဝန်နှင့်လည်း ပုံမှန်တွေ့ရန် လိုသည်။ အစားထိုးထား၍ အလုပ်လုပ်သော ကျောက်ကပ်သည် စွန့်ပစ်စရာများကို စစ်ရာတွင် ကျောက်ကပ်ဆေးခြင်းထက် ပိုမိုကောင်းမွန်စွာ အလုပ်လုပ်ပြီး သင့်ကို ကျန်းမာစေသည်။ မည်သို့ပင်ဆိုစေကာမူ ကျောက်ကပ်အစားထိုးခြင်းသည် လူတိုင်းအတွက် မဟုတ်ပေ။ ကျောက်ကပ်အစားထိုးခွဲစိတ်ရန်အတွက် သင်၏ကျန်းမာရေးမကောင်းကြောင်းကို သင်၏ဆရာဝန်က သင့်ကို ပြောကောင်းပြောလိမ့်မည်။

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။