အရိုးအဆစ်ပြုပြင်အစားထိုးပေးသောဌာန
ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးတွင် သမားတော်များနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူပညာရှင်များသည် ခေတ်အမီဆုံးစက်ပစ္စည်းကိရိယာများနှင့် နည်းပညာများကိုသုံးကာ အရိုးအဆစ်ပြုပြင်အစားထိုးခွဲစိတ်မှုများကို ပြုလုပ်ပေးပါသည်။
အဆစ်ပြန်လည်အစားထိုးမှုအမျိုးအစားများ
ဒူးဆစ်ရိုးတစ်ခုလုံးအား
- သမားရိုးကျခွဲစိတ်မှု: ပြုပြင်အစားထိုးပေးသော ခွဲစိတ်မှု (TKR)
- ကွန်ပြူတာအကူအညီဖြင့် ခွဲစိတ်မှု
- စက်ရုပ်အကူအညီဖြင့် ခွဲစိတ်မှု (MAKOplasty®)
အစားထိုးကုသပေးခြင်း (PKA)
- ပျက်စီးနေသော ဒူးဆစ်အစိတ်အပိုင်းအားဖြတ်တောက်၍ ဒူးဆစ်အစိတ်အပိုင်းအား အစားထိုးကုသခြင်း (UKA)
- ဂုံညင်းရိုးနှင့် ပေါင်ရိုးကြားအစိတ်အပိုင်း (PFJ)
ပေါင်ရိုးအစားထိုးခွဲစိတ်မှု
- စက်ရုပ်အကူအညီဖြင့် ခွဲစိတ်မှု (MAKOplasty®)
- တင်ပါးအစားထိုး ခွဲစိတ်ခြင်း
Dorrလေးဖက်နာဌာန ယူအက်စ်အေ
လူနာများကိုမှတ်ပုံတင်ခြင်းမှအစခွဲစိတ်ပြီးနောက်ဆက်တွဲစစ်ဆေးပြုစုကုသမှုများပြုလုပ်ခြင်းအထိကုသမှုလုပ်ငန်းစဉ်၏အဆင့်တိုင်းတွင်နိုင်ငံတကာအဆင့်မီပြုစုစောင့်ရှောက်မှုကိုပေးရန်အထူးအလေးထားပါသည်။လူနာများအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေးခြင်းဖြင့်လည်းကောင်း၊မြန်ဆန်သောနာလန်ထူမှု၊ခွဲစိတ်ပြီးအနည်းဆုံးဖြစ်သောနာကျင်မှု၊တိုးတက်ကောင်းမွန်လာသောဒူး၏လုပ်ဆောင်မှု၊ပုံမှန်ဖြစ်သောလှုပ်ရှားမှုစွမ်းရည်ကိုပြန်လည်ရရှိလာနိုင်မှုနှင့်လွတ်လပ်ပျော်ရွှင်သောဘဝကိုပြန်လည်ပိုင်ဆိုင်လာနိုင်မှုအစရှိသည့်လူနာများ၏ခွဲစိတ်မှုခံယူပြီးမျှော်လင့်ထားသောရလဒ်များကိုဖြည့်ဆည်းပေးခြင်းဖြင့်လည်းကောင်းထိုအထူးအလေးထားမှုသည်ကျွန်ုပ်တို့၏“လူနာများ၏ကျေနပ်ခြင်း” ဟူသောအရေးကြီးဆုံးရည်မှန်းချက်ကို ပြည့်ဝစေပါသည်။
ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည်အရိုးအဆစ်ပြုပြင်အစားထိုးခွဲစိတ်ဆရာဝန်၊စက်ရုပ်လက်မောင်းအကူအညီဖြင့်အရိုးအဆစ်ပြုပြင်အစားထိုးခြင်းစနစ်ကို တီထွင်ခဲ့သူနှင့်အမေရိကန်ရှိDorr Arthritis Instituteကိုတည်ထောင်ခဲ့သူ (Dr. Lawrence D. Dorr) နှင့် ဆေးပညာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ထိုပူးပေါင်းမှုသည်အနာဂတ်တွင်လူနာများအားကုသရာတွင်ကျွန်ုပ်တို့သည်ပို၍ကောင်းသောနည်းလမ်းများကိုဆက်လက်ဖန်းတီးနိုင်စေရန်အတွက်နှင့်အရိုးအဆစ်ပြုပြင်အစားထိုးခွဲစိတ်မှုဆိုင်ရာပညာဗဟုသုတဖလှယ်ရေးအတွက်အထောက်အကူဖြစ်စေသည်။
ကွန်ပြူတာအကူအညီဖြင့် ခွဲစိတ်မှု
ခွဲစိတ်မှုဆိုင်ရာကွန်ပြူတာလမ်းပြမှုနည်းပညာဖြင့်ခွဲစိတ်ဆရာဝန်သည်လျှပ်စစ်ကြိုးမပါသည့်trackerသုံးကာလူနာ၏တိကျသောဒူးတည်ဆောက်ပုံကိုတိုက်ရိုက်အချက်အလက်များလုပ်ဆောင်မှုမှတစ်ဆင့်ကွန်ပြူတာသို့ပို့နိုင်သည်။ဤနည်းဖြင့်ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်စဉ်အတွင်းခွဲစိတ်မှုဖြစ်စဉ်ကိုချက်ချင်းလေ့လာသုံးသပ်နိုင်သည်။
ကွန်ပြူတာအကူအညီဖြင့်အဆစ်ပြုပြင်အစားထိုးမှု၏ကောင်းကျိုးများ
- ပုံမှန်စက်ကိရိယာများသုံးခြင်းထက်အဆစ်အနေအထားပုံမမှန်ဖြစ်နိုင်မှုကို လျှော့ချပေးခြင်းနှင့် ပို၍တိကျသောနေရာအထားကို ဖြစ်စေခြင်း
- ခွဲစိတ်ဆရာဝန်အားခွဲစိတ်စဉ်တွင်တိကျသောနေရာကိုသိရှိစေသောကြောင့်အစားထိုးအဆစ်သည် ပို၍တာရှည်ခံမည် ဖြစ်သည်။
- ခွဲစိတ်စဉ်တွင်တစ်ရှူးးပျော့၏တိကျသောဟန်ချက်ညီမှုကိုရရှိစေသောကြောင့်ခွဲစိတ်ပြီးချိန်တွင်ဒူး၏လုပ်ဆောင်မှုကိုတိုးတက်ကောင်းမွန်စေသည်။
- သေးငယ်သောခွဲစိတ်အရာမှတစ်ဆင့်အစားထိုးမှုကိုပြုလုပ်နိုင်သောကြောင့်ခွဲစိတ်ပြီးချိန်တွင်နာကျင်မှုကိုလျော့နည်းစေပြီး၊မြန်ဆန်စွာ နာလန်ထူလာနိုင်စေသည်။
စက်ရုပ်အကူအညီဖြင့် အရိုးအဆစ်ပြုပြင်အစားထိုးခွဲစိတ်ခြင်း
အရိုးအဆစ်ပြုပြင်အစားထိုးခွဲစိတ်ရာတွင်ဘမ်ရုန်ရက်ဒ်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် (MAKOplasty)ကိုသုံးကာ စက်ရုပ်လက်မောင်း၏အကူအညီဖြင့် အရိုးအဆစ်ပြုပြင်အစားထိုးခွဲစိတ်မှု ပြုလုပ်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့တွင် ၎င်းနည်းစနစ်ကိုသုံး၍ ဒူးနှင့်ပေါင်ထိပ်ရိုးပြုပြင်အစားထိုးခွဲစိတ်မှုပြုလုပ်ရန် နည်းပညာနှင့် ကျွမ်းကျင်မှုများရှိပါသည်။ ၎င်းနည်းပညာနှင့် ကျွန်ုပ်တို့အထူးကုဆရာဝန်အဖွဲ့၏ကျွမ်းကျင်မှုနှင့် အတွေ့အကြုံကို ပေါင်းစပ်ကာ စက်ရုပ်လက်မောင်း၏အကူအညီဖြင့် ခွဲစိတ်ကုသမှုသည် ခွဲစိတ်ဆရာဝန်အား အဆစ်အတုကို ပိုမိုတိကျသောနေရာတွင် ထားပေးနိုင်စေသည်။ ၎င်းကုထုံးသည် အဆစ်အတု၏ သက်တမ်းကိုလည်း ပိုမိုရှည်ကြာစေသည်။
စက်ရုပ်အကူအညီဖြင့်အရိုးအဆစ်ပြုပြင်အစားထိုးခြင်း၏ ကောင်းကျိုးများ
- တိကျသောအရိုးအဆစ်အတုပြုပြင်အစားထိုးခြင်းသည်တစ်သျှူးပျော့ထိခိုက်မှုကိုလျော့နည်းစေပြီး၊အရိုးအနည်းငယ်သာဖြတ်ထုတ်ရန်လိုသည်။
- ယေဘုယျအားဖြင့် လူနာသည် ဆေးရုံတွင် တစ်ရက်လောက်သာ နေရန်လိုပြီး စောလျင်စွာ အိမ်သို့ပြန်နိုင်မည် ဖြစ်သည်။ နာလန်ထူလာရန် ဆေးရုံတွင် သုံးရက်ထက် ပို၍နေရန် မလိုအပ်ပေ။
- ခွဲစိတ်နေစဉ် ကြွက်သားကြောနှင့်အရိုးနုကို မထိခိုက်သောကြောင့် လူနာသည် ဒူးကို လျှောလျှောရှူရှူ ရွှေ့လျားနိုင်သည်။
- စက်ရုံလက်မောင်းက ခွဲစိတ်ဆရာဝန်ကို အရိုး၏လိုအပ်သောအပိုင်းကိုသာ ဖြတ်ထုတ်စေသောကြောင့် နာကြင်မှုကို လျှော့နည်းစေသည်။