ကင်ဆာဆေးခန်း

 
ကင်ဆာရောဂါသည်ကမ္ဘာတစ်ဝှမ်းတွင်သေဆုံးမှုအများဆုံးဖြစ်စေသောရောဂါတစ်ခုဖြစ်သည်။ကင်ဆာရောဂါကိုစောလျှင်စွာစစ်ဆေးခြင်းသည်ကုသမှုအောင်မြင်ရန်အခွင့်အလမ်းများကိုများစွာတိုးမြင့်စေပြီး အသက်ဘေးမှ အမှန်ပင် ကာကွယ်ပေးပါသည်။

နာတာရှည်ရောင်ရမ်းခြင်း၊ဆေးလိပ်နှင့်အရက်သုံးစွဲခြင်း၊နေရောင်ခြည်နှင့်ဓာတ်ရောင်ခြည်ဖြင့်ထိတွေ့ခြင်း၊ဟော်မုန်းချို့ယွင်းမှုများ၊ကျွန်ုပ်တို့၏လေ၊အစားအစာ၊ရေတို့ညစ်ညမ်းမှုနှင့် ဓာတုပစ္စည်းများပါဝင်မှုကဲ့သို့သောရောဂါအန္တရာယ်ဖြစ်စေသည့်အကြောင်းအရာများကို ရှောင်ရှားခြင်းနှင့်ကြိုတင်စစ်ဆေးခြင်းအားဖြင့်ကင်ဆာရောဂါကြောင့်သေဆုံးမှု(၇၅)ရာခိုင်နှုန်းကို ကြိုတင်ကာကွယ်နိုင်သည်ဟု မကြာသေးမီက ပြုလုပ်ခဲ့သောလေ့လာမှုအချို့တွင် ဖော်ပြထားသည်။

Vitallife Integrativeကင်ဆာဆေးခန်းတွင်ကျွန်ုပ်တို့သည်ကင်ဆာရောဂါကိုစောလျှင်စွာ တွေ့ရှိရန်ပေါင်းစည်းထားသောနည်းလမ်းကိုသုံးပါသည်။ကျွန်ုပ်တို့သည်သမားရိုးကျစစ်ဆေးခြင်းနှင့်ပေါင်းစည်းထားသောစစ်ဆေးခြင်းတို့ကိုပေါင်းစပ်ကာစစ်ဆေးမှုနှစ်မျိုးလုံး၏ အကောင်းဆုံးအရာများကို လူနာများအား ပေးပါသည်။

"ကင်ဆာရောဂါကိုငြင်းပယ်လိုက်ပါ" ဟူသော ကြိုတင်ကာကွယ်ခြင်းနှင့် စမ်းသပ်စစ်ဆေးမှု အစီအစဉ်တွဲများသည်မသိနိုင်သောရောဂါအန္တရာယ်ဖြစ်စေနိုင်သည့်အရာများကိုတွေ့ရှိရန်နှင့်ရောဂါလက္ခဏာများမပေါ်မီသင့်ကိုယ်ခန္ဓာကိုကင်ဆာရောဂါအတွက်စစ်ဆေးရန် စီမံထားပါသည်။

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။