ဒေသတွင် လိုအပ်သမျှကိုပံ့ပိုးပေးနိုင်ဆုံး ကင်ဆာဌါန ဖြစ်သည့်အတွက် ကျွန်ုပ်တို့သည် ကင်ဆာကိုတားဆီးရန် ကုသရန်နှင့် သုတေသနပြုရန် တာဝန်ယူထားသည်။ ကင်ဆာကို ကုသမှုခံယူနေသူများ အသက်ရှည်စေရန် ကုသမှုအထူးအစီစဉ်ကို တကမ္ဘာလုံးတွင် လိုအပ်နေသည်။ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာ ဆေးရုံရှိ ဟော်ရီဇုန်စင်တာမှ ကင်ဆာကို ရှုထောင့်ပေါင်းစုံမှ အဖြေရှာကုသရန် ကျွမ်းကျင်ပညာရှင်အသင်း၏ ကင်ဆာပညာရှင်၊ဓါတ်မှန်ပညာရှင်၊သွေးဖြူဥ သွေးနီဥ စစ်ဆေးသောပညာရှင်နှင့် များစွာသော ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူနာများကို ဘဝ၏အကောင်းဆုံး အရည်အသွေးကို ပေးသည်။ နှစ်စဉ်နှစ်တိုင်း တကမ္ဘာလုံးရှိ ကင်ဆာကုသမှုနှင့်အဖြေရှာရန်လာသော လူနာပေါင်း ၂,၉၀ဝ၀ကျော်ကို ဟော်ရီဇုန်စင်တာမှ လွယ်ကူချောမောအောင် လုပ်ဆောင်ပေးသည်။ ဝန်ထမ်းအယောက်၃၀နှင့် အထူးကုသမားတော်၂၇ယောက်ပါဝင်ပြီး သူတို့ထဲမှ တော်တော်များများသည် အမေရိကန် ကင်ဆာအထူးကုအဖွဲ့တွင် ပါဝင်သောကြောင့် လူနာများသည် လူကောင်းလက်ထဲတွင် ရောက်နေပြီကိုသိသောကြောင့် အပျော်ရွှင်ဆုံးနေထိုင်ရန်သာ အာရုံစိုက်ရန်လိုတော့သည်။