နှလုံးကုဌာန

ဘမ်ရွန်ဂရက်နှလုံးကုဌာန ၌ ကာကွယ်ခြင်းနှင့် စောလျင်စွာရောဂါတွေ့ရှိခြင်းမှ ရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ နှလုံးခွဲစိတ်ခြင်းနှင့် ပြန်လည်သန်စွမ်းရေးအထိ နှလုံးကျန်းမာရေးအတွက် ပြည့်စုံသောနည်းလမ်းများကို အသုံးပြုပါသည်။

နှလုံးကုဌာနအကြောင်း

ကျွန်ုပ်တို့သည် တစ်လလျှင် နှလုံးရောဂါပေါင်း (၃၀၀၀)ကျော်ကိုစစ်ဆေးကုသမှုပြုလုပ်ပြီးထို(၃၀၀၀)ကျော်မှ(၁၀၀၀)ကျော်သည်နှလုံးပုံရိပ်ပဲ့တင်သံရိုက်ခြင်းကဲ့သို့သောကိုယ်တွင်းထိုးဖောက်မှုမရှိသောလုပ်ထုံးများဖြစ်သည်။ဘမ်ရွန်ဂရက်သည်နိုင်ငံတကာမှလာရောက်သော လူနာများကြောင့်ဆရာဝန်များသည်ရှုပ်ထွေးလှသောနှလုံးရောဂါပေါင်းမျိုးစုံနှင့်တွေ့ကြုံခဲ့ဖူးပြီး ဖြစ်သည်။

အထူးကု

နှလုံးကုဌာန၏ ၃၀ ကျော်သော ကျွမ်းကျင်သူပညာရှင်များတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဘယ်ဂျီယန် အစရှိသောနိုင်ငံများ၌ လေ့လားသင်ယူဆည်းပူးခဲ့ကြသည့် ဆေးနှင့်ဆိုင်သောဆရာဝန်များ၊သွေးကြောနှင့်ဆိုင်သောကျွမ်းကျင်သူများ၊နှလုံးခွဲစိတ်ဆရာဝန်များ၊နှလုံးပြန်လည်သန်စွမ်းရေးနှင့်ဆိုင်သောပညာရှင်များနှင့်ကလေးနှလုံးအထူးကုဆရာဝန်များကဲ့သို့သောအခြားသက်ဆိုင်ရာကျွမ်းကျင်သူများပါဝင်သည်။ကျွန်ုပ်တို့၏ဆရာဝန်များသည်ကျွမ်းကျင်သည်အထိလေ့ကျင့်သင်ယူထားသောသူနာပြုများ၊ဆေးဝါးကျွမ်းကျင်သူများနှင့် အာဟာရပညာရှင်များနှင့် လက်တွဲ၍စောင့်ရှောက်ပေးလျှက်ရှိပါသည်။

  • အခြေနေ
  • ကုသမှု
     
    • သွေးပိတ်ခြင်းကိုလျှော့ချသော ကုသမှု
    • ကျဉ်းနေသောနှလုံးသွေးကြောကို ဘောလုံးဖြင့် ပြန်ချဲ့ခြင်း
    • ရောဂါရှာဖွေရေးအတွက် နှလုံးသွေးကြောဓာတ်မှန်ရိုက်ရန် နှလုံးပိုက်ထည့်ခြင်း
    • နှလုံးသွေးလွှတ်ကြောလမ်းလွဲရန် အခြားနေရာမှသွေးကြောများဖြင့် ခွဲစိတ်ကုသခြင်း(CABG - နှလုံးခွဲစိတ်ခြင်း)
    • နှလုံးသို့သွေးပေးသော သွေးကြောကို CTရိုက်ခြင်း
    • WATCHMANကို အသုံးပြု၍ ဘယ်နှလုံးသွေးဝင်ကြောကို ပိတ်ခြင်း
    • သွေးကြောမှတဆင့် အဆို့ရှင်ကိုအစားထိုးခြင်း(TAVI)
    • နှလုံးခုန်ထိန်းစက် တပ်ဆင်ခြင်း
  • အဖြေရှာခြင်း

    နှလုံးရောဂါရှာဖွေရန် သွေးစစ်ဆေးခြင်းမပါဝင်သော နည်းပညာပေါင်း (၁၅) ခု​ကျော်ကို အသုံးပြုထားသည်။

    • နှလုံး၏လျှပ်စစ်စွမ်းရည်စစ်ဆေးရန် အီးကေဂျီရိုက်ခြင်း (EKG)

    • နှလုံးအဲကိုးပုံရိပ်ရိုက်ခြင်းနှင့် လှုပ်ရှားမှုပြုလုပ်စေကာ နှလုံးအဲကိုးပုံရိပ်ရိုက်ခြင်း

    • ပြေးစက်ပေါ်တွင်ပြေးစေ၍ နှလုံးခံနိုင်ရည်ရှိမှုကို စမ်းသပ်ခြင်း (EST)

    • နှလုံး၏လုပ်ဆောင်မှုများအား၂၄နာရီ ဟော်တာဖြင့် ကြည့်ရှုခြင်း     

    • သွေးကြောများအားဓာတ်မှန်ရိုက်ခြင်း

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။