သန္ဓေတည်ခြင်းနှင့်ဆိုင်သောဌာနနှင့် ဖန်ပြွန်သန္ဓေတည်ခြင်းဌာန

သန္ဓေတည်ခြင်းနှင့် ဖန်ပြွန်သန္ဓေတည်ခြင်း ဆေးခန်းသည် ကလေးရလိုပြီး သန္ဓေတည်ရန် အခက်အခဲဖြစ်နေသောဇနီးမောင်နှံများအား ကူညီပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ဆရာဝန်များနှင့် သန္ဓေသားဆိုင်ရာကျွမ်းကျင်သူများ အဖွဲ့သည် အရည်အချင်းပြည့်မီပြီး၊ သန္ဓေရနိုင်မှုနှင့်ပတ်သက်သောပြဿနာများနှင့် ပြဿနာအကြောင်းအရင်းများကို တိကျစွာ သိရှိရန်အတွက် ပြည့်စုံသော ရောဂါရှာဖွေမှုများကို လုပ်ဆောင်နိုင်ပါသည်။

သန္ဓေမတည်နိုင်ခြင်းသည်မျိုးပွားအဖွဲ့အစည်း၏ပုံမှန်လုပ်ဆောင်မှုကိုထိခိုက်စေသော ရောဂါများကြောင့် ဖြစ်လေ့ရှိပြီး၊ ၎င်းတို့သည်သဘာဝအတိုင်းသန္ဓေတည်ရန်ဟန့်တားမှုကို ဖြစ်စေသည်။သန္ဓေမတည်နိုင်ခြင်းသည်အမျိုးသမီး(သို့) အမျိုးသား(သို့)လုံးဝမသိနိုင်သောအကြောင်းများကြောင့်ပင် ဖြစ်နိုင်ပါသည်။
 

သန္ဓေတည်ခြင်းနှင့် ဖန်ပြွန်သန္ဓေတည်ခြင်း ဆေးခန်းတွင်သန္ဓေမတည်နိုင်ခြင်းနှင့်ဆိုင်သော ပြဿနာများကိုရောဂါရှာဖွေရန်နှင့်ကုသရန်ပြည့်စုံသောဝန်ဆောင်မှုများကိုရရှိနိုင်ပါသည်။
 

အမျိုးသမီးကြောင့်ဖြစ်သော သန္ဓေမတည်နိုင်ခြင်း  အမျိုးသားကြောင့်ဖြစ်သော သန္ဓေမတည်နိုင်ခြင်း
သန္ဓေတည်ခြင်းနှင့်ဖန်ပြွန်သန္ဓေတည်ခြင်းဆေးခန်းတွင်သင်၏သန္ဓေတည်နိုင်သော အလားအလာကိုမြှင့်တင်ပေးနိုင်ရန်သင့်လျော်ပြီးဘေးအန္တရာယ်ကင်းရှင်းသော လုပ်ထုံးများဖြင့်သန္ဓေမတည်နိုင်မှုပြဿနာနှင့်ပတ်သက်၍ရောဂါရှာဖွေကုသပေးပါသည်။ ၄၀%သောသန္ဓေမတည်နိုင်ခြင်းအခြေအနေများသည်အမျိုးသားကြောင့်ဖြစ်သော သန္ဓေမတည်နိုင်ခြင်း အခြေအနေများဖြစ်သည်။သန္ဓေတည်ခြင်းနှင့်ဖန်ပြွန်သန္ဓေတည်ခြင်းဆေးခန်းတွင်အမျိုးသားကြောင့်ဖြစ်သောသန္ဓေမတည်နိုင်မှုရောဂါပြဿနာများကိုရှာဖွေကာဇနီးမောင်နှံများ ကိုယ်ဝန်ရရှိရေးအတွက်ကူညီရန်နိုင်ငံတကာတွင်အသုံးပြုနေသော စက်ပစ္စည်းကိရိယာများနှင့်ကုထုံးများကို အသုံးပြုပါသည်။

အမျိုးသမီးကြောင့်ဖြစ်သော သန္ဓေမတည်နိုင်ခြင်း

အမျိုးသမီးကြောင့်ဖြစ်သော သန္ဓေမတည်နိုင်ခြင်း အကြောင်းအရင်းများ
  • ဟိုမုန်းနှင့်ဆိုင်သော အကြောင်းအရင်းများ
  • တင်ပဆုံ၌ရောဂါပိုးရှိခြင်း၊ သားအိမ်အတွင်းလွှာရောဂါ သို့ တင်ပဆုံခွဲစိတ်မှုကြောင့်ဖြစ်သော သားအိမ်ပြွန်ရောဂါများ
  • ပုံမှန်မဟုတ်သော သားအိမ်
  • သုက်ကောင်များ မမျိုးဥကို သန္ဓေမတည်နိုင်စေသည့် သားအိမ်လည်တံရောဂါများ
  • အရွယ်မတိုင်ခင် သွေးဆုံးခြင်း
  • သန္ဓေတည်နိုင်ခြင်းအား လျော့ကျစေသော အောက်ပါအပါအဝင် ဆေးဝါးမှီဝဲသုံးစွဲမှုအမျိုးမျိုးဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း and နှင့် ကင်ဆာဆေးကုသမှု
 
အဖြေရှာခြင်း
  • ဟော်မုန်းပမာဏနှင့် မျိုးရိုးဗီဇအားစစ်ဆေးခြင်း
  • တင်ပဆုံအတွင်းပိုင်းအင်္ဂါများအား အာထရာစောင်းဖြင့် ကြည့်ရှုခြင်း
  • သားအိမ်အတွင်းပိုင်းအင်္ဂါများအား မှန်ပြောင်းဖြင့် ကြည့်ရှုခြင်း
  • သားအိမ်နှင့် သားဥပြွန်အား ကြည့်ရှုသောဓာတ်မှန်
 
သားသမီးရစေရန် ကူညီပေးသောနည်းပညာများ 
  • ဖန်ပြွန်၌သန္ဓေတည်စေခြင်း (IVF)
  • သားဥကြွေစေရန်လှုံ့ဆော်ပေးခြင်း
  • မျိုးရိုးဗီဇစမ်းသပ်ခြင်းPre-genetic Diagnosis (PGD)

အမျိုးသားကြောင့်ဖြစ်သော သန္ဓေမတည်နိုင်ခြင်း

အမျိုးသားကြောင့်ဖြစ်သော သန္ဓေမတည်နိုင်ခြင်း အကြောင်းအရင်းများ
  • သုက်ကောင်အရေအတွက်နှင့် လှုပ်ရှားမှုကို ထိခိုက်စေသောရောဂါများ
  • လိင်တံတောင့်တင်းခြင်း (သို့) သုက်လွှတ်ခြင်းနှင့်ဆိုင်သော ပြဿနာများ
  • သုက်ကောင်၏အရည်အသွေးအား ထိခိုက်စေနိုင်သော ကပ်ပယ်အိတ်အတွင်းပိုင်းသွေးကြောများ ရောင်ရမ်းခြင်း
  • ယောက်ျားဟော်မုန်းဓာတ် ချို့တဲ့ခြင်း
  • အသဲရောင်ရောဂါကဲ့သို့သော သန္ဓေတည်နိုင်မှုကို လျော့နည်းစေနိုင်သည့်ရောဂါများ ကျောက်ကပ်ရောဂါ၊ လိင်တံရောဂါပိုးရှိခြင်းနှင့် အမျိုးသားမျိုးပွားအဖွဲ့အစည်းတွင် ရောဂါပိုးရှိခြင်း
  • သုက်ထုတ်လုပ်နိုင်မှုကို ထိခိုက်စေသည့် မျိုးရိုးဗီဇရောဂါ
  • သုက်ကောင်အားသယ်ဆောင်ပေးသော မျိုးပွားအင်္ဂါလမ်းကြောင်းပိတ်ဆို့ခြင်း

အဖြေရှာခြင်း
  • သုက်ရည်အား လေ့လာဆန်းစစ်ခြင်း
  • ဟော်မုန်းပမာဏနှင့် မျိုးရိုးဗီဇအားစစ်ဆေးခြင်း
  • ဝှေးစေ့နှင့် ဝှေးစေ့၏သွေးကြောများအား အာထရာစောင်းဖြင့် ကြည့်ရှုခြင်း
 
သားသမီးရစေရန်ကူညီပေးသော နည်းပညာများ
  • အမဆဲလ်အတွင်းပိုင်းသို့ သုက်ကောင်များ ထည့်သွင်းခြင်း (ICSI)
  • သားအိမ်အတွင်းသို့ သုက်ရည် ထည့်သွင်းပေးခြင်း (IUI)
  • ဝှေးစေ့အညှာမှ သုက်ရည် စုပ်ယူခြင်း(PESA), ဝှေးစေ့မှ သုက်ရည် ထုတ်ယူခြင်း(TESE)နှင့် မှန်ပြောင်းသုံး၍ ဝှေးစေ့အညှာမှ သုက်ရည် စုပ်ယူခြင်း(MESA)

ကုသမှု

ကံကောင်းထောက်မစွာပင် မြုံခြင်းကိုကုသချင်သော အမျိုးသားရော အမျိုးသမီးရောပါ ဘေးကင်းစွာနှင့် ထိရောက်စွာ ကုသနိုင်ပြီဖြစ်သည်။

  • သားအိမ်အတွင်းသို့ သုက်ရည် ထည့်သွင်းပေးခြင်း (IUI)
  • အမဆဲလ်အတွင်းပိုင်းသို့ သုက်ကောင်များ ထည့်သွင်းခြင်း (ICSI)
  • နှင့် မှန်ပြောင်းသုံး၍ ဝှေးစေ့အညှာမှ သုက်ရည် စုပ်ယူခြင်း(MESA)
  • ဝှေးစေ့အညှာမှ သုက်ရည် စုပ်ယူခြင်း(PESA)
  • ဝှေးစေ့မှ သုက်ရည် ထုတ်ယူခြင်း(TESE)
  • ဖန်ပြွန်သန္ဓေနည်းလမ်း(IVF) သို့မဟုတ် မမျိုးဥကိုလှုံ့ဆော်ခြင်းတို့ ပါဝင်သည်။
  • မျိုးရိုဗီဇအလိုက်ဖြစ်ပွားတတ်သော မွေးရာပါရောဂါ(PGD)

မျိုးရိုဗီဇအလိုက်ဖြစ်ပွားတတ်သော မွေးရာပါရောဂါ

PGD ဆိုသည်မှာ မျိုးရိုဗီဇကို စမ်းသပ်ခြင်း သို့မဟုတ် ဖန်ပြွန်သန္ဓေသားမလုပ်မီ ခရိုမိုဇုန်းအရေအတွက် သာမန်ဖြစ်မဖြစ် သို့မဟုတ် ဉာဏ်ရည်မမှီခြင်း သို့မဟုတ် သွေးအားနည်းရောဂါကဲ့သို့ မျိုးရိုးဗီဇမှ ရလာသောရောဂါများကို သန္ဓေသားတွင် စစ်ဆေးရန်ဖြစ်သည်။
ဤနည်းလမ်းသည်လည်း ခဲထားသောမျိုးဥများကို သန္ဓေတည်နိုင်ချေများစေသည်။ကျွန်ုပ်တို့ဆေးရုံသည် လူ့ကျင့်ဝတ်နှင့်ညီသောမူကို စွဲကိုင်ထားပြီး ဤဝန်ဆောင်မှုကို ပေးခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဆေးကောင်စီမှ ခွင့်ပြုချက်ရပြီးဖြစ်သည်။

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။