နား၊ နှာခေါင်း၊ လည်ချောင်းဌာန
နာ၊ နှာခေါင်း၊ လည်ချောင်းဌာန တွင် ကလေးများနှင့် အရွယ်ရောက်ပြီးသူများ၌ ဖြစ်သော နား၊နှာခေါင်းနှင့်လည်ချောင်း နှင့်ဆိုင်သော ရောဂါအခြေအနေများအတွက်ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။ တိုင်ပင်ဆွေးနွေးခြင်းမှစ၍ နား၊နှာခေါင်းနှင့်လည်ချောင်း ပြဿနာများရှိသော လူနာများကို စောင့်ရှောက်မှုပေးရာတွင် အထူးပြုနယ်ပယ်ရပ်အသီးသီး၌ လေ့ကျင့်သင်ကြားခဲ့ကြသော နားနှင့်လည်ပြွန်ရောဂါပညာရှင်များ၊ အကြားအာရုံပညာရှင်များ၊ စကားပြောလေ့ကျင့်သင်ကြားကုသမှုနှင့်ဆိုင်သောပညာရှင်များနှင့်ဆေးပညာရှင်များ၏ ကျွမ်းကျင်မှုကို လိုအပ်ပါက ရှုပ်ထွေးသောခွဲစိတ်ကုသမှုအထိ ဝန်ဆောင်မှုမျိုးစုံကို ရရှိနိုင်ပါသည်။
ရောဂါနှင့်အခြေနေအတွက် အဖြေရှာခြင်း
နား၊နှာခေါင်းနှင့်လည်ချောင်းရောဂါအခြေအနေများအတွက်ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း ဝန်ဆောင်မှုများတွင် အောက်ပါရောဂါအခြေအနေများလည်း ပါဝင်သည်။
- နားရောင်ခြင်း၊နားနာခြင်း၊နားအတွင်းရှိဖိအား၊အကြားအာရုံပြဿနာများ၊နားတွင်အသံမြည်နေခြင်းတို့အပါအဝင်၊နားနှင့်အကြားအာရုံချွတ်ယွင်းမှု မူးဝေခြင်း
- အာသီးရောင်ခြင်း၊လည်ချောင်းရောင်ခြင်း၊အဆက်မပြတ်ချောင်းဆိုးခြင်း၊ အသံပြဿနာနှင့်သိုင်းရွိက်ချွတ်ယွင်းခြင်းတို့အပါအဝင်ခံတွင်းခန်း၊ လည်ချောင်းနှင့် အသံအိုးပြဿနာများ
- နာတာရှည်နှာခေါင်းအလွှာပါးရောင်ခြင်း၊ နှာခေါင်းဘေးရှိ ရိုးတွင်းလေအိပ်ငယ်များရောင်ခြင်း၊ဓာတ်မတည့်မှုနှင့်အနံ့အာရုံချွတ်ယွင်းခြင်း အပါအဝင် နှာခေါင်းအတွင်းအပေါ်ယံလွှာရောင်ခြင်း
- နား၊ နှာခေါင်းနှင့် လည်ချောင်းကင်ဆာ သို့ အဖုအကျိတ်များ
- အိပ်နေစဉ်ဟောက်ခြင်းနှင့် အိပ်နေစဉ် အသက်ရှုရပ်ခြင်း
နားအကြားအာရုံနှင့် ဟန်ချက်ထိန်းညှိမှုဌာန
ကလေးများနှင့်အရွယ်ရောက်ပြီးသူများတွင်ဖြစ်ပေါ်သောအကြားအာရုံနှင့်ဟန်ချက်ထိန်းညှိမှုလုပ်ဆောင်ချက်၊မူးဝေခြင်းနှင့်ပတ်သက်သည့်ရောဂါအခြေအနေများအတွက်ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း ဝန်ဆောင်မှုများကို ပေးပါသည်။
အိပ်နေစဉ်အတွင်း
ဦးနှောက်၊နှလုံးနှင့်အသက်ရှုမှုလုပ်ငန်းများအားလေ့လာသည့်ဌာနသည်အိပ်နေစဉ်ဟောက်ခြင်းနှင့်အိပ်နေစဉ်အသက်ရှုရပ်ခြင်းအပါအဝင်အိပ်မပျော်သောရောဂါများအားရောဂါရှာဖွေခြင်းနှင့်ကုသခြင်းဝန်ဆောင်မှုများကိုပေးပါသည်။