အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဌာန

အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများသည် ပို၍ ဖြစ်လေ့ဖြစ်ထရှိလာသည်နှင့်အမျှသင့်လျော်သော   ဆေးကုသမှုကို မခံယူပါက နောက်ပိုင်းတွင် ဆိုးရွားသောကျန်းမာရေးအကျိုးဆက်များနှင့် ကြုံတွေ့ရရန် အလားအလာရှိပါသည်။ အစာအိမ်မှအချဉ်ဓာတ်များအစာပြွန်ပေါ်သို့ဝင်ရောက်သောရောဂါ၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသည်းရောင်ရောဂါနှင့် အစာအိမ်နှင့်အူလမ်းကြောင်းနှင့်အသည်းကင်ဆာ အစရှိသောရောဂါပြဿနာများသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပေါ်နိုင်ပေသည်။ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဌာန ကို အောက်ပါနယ်ပယ်မှ ကျွမ်းကျင်သူပေါင်း (၂၀) နီးပါးဖြင့် ဖွဲ့စည်းထားပါသည်။
အစာအိမ်နှင့်အူလမ်းကြောင်း

အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများလေ့လာခြင်း။ဤဆေးပညာအထူးပြုမှုသည် (အစာပြွန်၊ အစာအိမ်၊ အူသေးနှင့်အူမကြီး)တို့ပါဝင်သောအစာအိမ်နှင့်အူလမ်းကြောင်း အဖွဲ့အစည်းကို လေ့လာခြင်း ဖြစ်သည်။ကလေးအစာအိမ်နှင့်အူလမ်းကြောင်းရောဂါများလေ့လာခြင်းများ ပါဝင်သည်။

အသည်း 
အသည်းနှင့်ဆက်နွယ်နေသောအင်္ဂါများအားလေ့လာခြင်း။: ဤဆေးပညာအထူးပြုမှုသည်အသည်းနှင့်အသည်း ဆက်နွယ်နေသောအင်္ဂါများဖြစ်သည့်(သည်းခြေအိတ်၊သရက်ရွက်၊ ပန်ကရိယနှင့် သည်းခြေနှင့် သည်းခြေပြွန်)တို့ကို လေ့လာခြင်းဖြစ်သည်။
ရောဂါရှာဖွေရန် မှန်ပြောင်းဖြင့်ကြည့်ရှုခြင်း။ 
ရောဂါအရင်းအမြစ်ကိုရှာဖွေတွေ့ရှိရန်ရှည်လျားသေးသွယ်ပြီးကွေး၍လွယ်သော ပိုက်လုံး၏ထိပ်တွင် ကင်မရာတပ်ဆင်ထားသည့် မှန်ပြောင်းကိုသုံး၍ ကိုယ်တွင်းအင်္ဂါများကို ကြည့်ရှုစစ်ဆေးခြင်း။
ရောဂါကုသရန် မှန်ပြောင်း 
ဖြင့်ကြည့်ရှုခြင်း။ ရောဂါကုသရန် ကိုယ်တွင်းသို့ မှန်ပြောင်းထည့်ပြီး ကြည့်ရှုခြင်း။

ကျွန်ုပ်တို့ကုသပေးသော ရောဂါအမည်များ

ဗိုက်နာခြင်း  သည်းခြေကျောက်
အရက်သောက်ခြင်းကြောင့်ဖြစ်သော အသည်းရောဂါ  အစာအိမ်နှင့်အူလမ်းကြောင်းရောင်ခြင်း
အစာပြွန်ရောဂါ GERD(စားချဉ့်ပြန်ရောဂါ)
သည်းခြေနှင့် သည်းခြေပြွန်နှင့်ဆိုင်သောရောဂါ အစာလမ်းကြောင်းပိုးဝင်ခြင်း
အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာရောဂါ ရင်ပူခြင်း
စီးလိယက်ရောဂါ အသဲရောင်အသားဝါရောဂါ
ဝမ်းသွားသောပုံစံပြောင်းလဲခြင်း အူအတွင်း သွေးထွက်ခြင်း
ကိုလန်ဂျီယိုကာစီနိုးမား အူလမ်းကြောင်းယောင်ခြင်း  
အသဲခြောက်ရောဂါ IBS(အူလမ်းကြောင်းရောဂါ)
အစာချေလမ်းကြောင်းတွင် အနာဖြစ်ခြင်း အရက်မသောက်ဘဲဖြစ်သော အသည်းရောဂါ
အူမကြီးအသားပို သရက်ရွက်ရောဂါ
ဝမ်းချုပ်ခြင်း PUD(အစာအိမ်နှင့်အူနံရံအနာ)
ခရွန်းရောဂါ စအိုမှ သွေးထွက်ခြင်း
ဝမ်းလျှောခြင်း အစာအိမ်နာ
အူမကြီးရောဂါနှင့်အူမကြီးရောင်ခြင်း မြိုချရန်ခက်ခဲခြင်း(ဒစ်ဖာဂီးရား)
သည်းခြေပြဿနာ အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း

အဖြေရှာရန်နှင့်ကုသရန် နည်းလမ်းများရှိသည်

Fibroscan

Fibroscan’s ultrasound elastrography uses low frequency elastic waves to deliver highly accurate assessments of liver fibrosis.

Colonoscopy

The term “colonoscopy” means looking inside the colon. It is a procedure performed commonly by a gastroenterologist, a well-trained sub-specialist.

Colon Capsule

Capsule colonoscopy is a procedure similar to the capsule endoscopy for the small intestine. The major difference is that the colon capsule is equipped with two cameras on either side.

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။