ဆီးချိုရောဂါအစီအစဉ်

ဆီးချိုရောဂါအစီအစဉ် တွင် ဆီးချိုရောဂါနှင့် ဟော်မုန်းဓာတ်ချွတ်ယွင်းမှုများအား ကုသရန် ပြည့်စုံကျယ်ပြန့်သောနည်းကို အသုံးချခြင်းဖြစ်သည်။ ၎င်း၏ နိုင်ငံတကာတွင် လေ့ကျင့်သင်ကြားခဲ့သောအဖွဲ့ဖြစ်သည့် ဆီးချိုရောဂါနှင့်ဆိုင်သောကျွမ်းကျင်သူများသည် ကလေးသူငယ်များနှင့် အရွယ်ရောက်ပြီးသူများအား သူတို့၏ကျန်းမာရေးကို သူတို့ကိုယ်တိုင်စောင့်ရှောက်နိုင်စေရန် အကူအညီပေးသည်။

ဆီးချိုပရိုဂမ်မှ ဆီးချိုရှိသူအတွက် လိုအပ်သော တားမြစ်ပေးခြင်း အဖြေရှာခြင်း ပညာပေးခြင်းနှင့်ကုသပေးခြင်းတို့လုပ်ရန် ကူညီပေးပြီး သာမန်ဘဝနီးပါး နေနိုင်စေရန် ရည်ရွယ်သည်။ ဆီးချိုပုံမှန်စစ်ဆေးခြင်းဖြင့် သင်၏ လက်ရှိနှင့်အနာဂတ်ကျန်းမာရေးနှင့်ဆက်စပ်သော အရေးကြီးသော အချက်လက်များကို ပေးသောကြောင့် ဆီးချိုဖြစ်ရန်ရှိမရှိ သိနိုင်သည်။ ဆီချိုစစ်ဆေးရာတွင် သွေးထဲမှ ဟေမိုဂလိုဘင် A1Cနှင့် ဆီးထဲမှ အယ်ဗြူမင်ကို စစ်ဆေးပေးသည်။

ဝန်ဆောင်မှုများ

  • ရောဂါမဖြစ်အောင် ကာကွယ်ရန် "ဆီးချိုရောဂါမဖြစ်မီအခြေအနေများ" ကို ရှာဖွေဖော်ထုတ်ခြင်း
  • ကလေးမမွေးဖွားမီ ဆီးချိုရောဂါရှိသောအမျိုးသမီးအတွက် ကုထုံးများပြဌာန်းမှု
  • လေဆာဖြင့် ဆီးချိုနှင့်ဆက်နွယ်နေသော မျက်စိရောဂါကို ကုသခြင်းနှင့် မျက်စိကန်းမှုမှ ကာကွယ်ခြင်း
  • အစားအသောက်နှင့် အလေ့အထပိုင်းဆိုင်ရာများအားဆွေးနွေးခြင်း
  • လူတိုင်းနှင့် သက်ဆိုင်သော ကျန်းမာရေးနှင့် ဆေးပညာဆိုင်ရာ အသိပညာ
  • အခြားဟိုမုန်းဓာတ်နှင့်ဆိုင်သောရောဂါများအား ရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသခြင်း

HbA1cစစ်ဆေးခြင်း၏ ရည်ရွယ်ချက်

HbA1cသည်သင်သည် ဆီးချိုကို ၃လအတွင်း အမျိုးအစား၁ အမျိုးစား၂ အမျိုးအစား၃ကို မည်သို့ကိုင်တွယ်နေသည်ကို ဆရာဝန်များက ခြုံ၍သိစေနိုင်သည်။ ဆီးချိုနုသောအချိန်တွင် အဖြေရှာတွေ့ပါက ဤစမ်းသပ်မှုကို သင့်HbA1cအဆင့် ပုံမှန်ဖြစ်စေရန် အသုံးပြုသည်။

ဆရာဝန်များကလည်း ဤအချက်လက်များကိုသုံး၍ သင်၏စားသောက်နေထိုင်ပုံ၊လေ့ကျင့်ခန်းနှင့် လိုအပ်သောဆေးဝါးများကို ထိန်းညှိပေးနိုင်သည်။ ဤစမ်းသပ်မှုကို လုပ်ရမယ့်အကြိမ်အရေတွက်မှာ သင်၏ကုသမှုအစီစဉ်နှင့်ရည်ရွယ်ချက်ပေါ် မူတည်ပြီး ယခင်က ဆီးချိုကို မည်သို့ကိုင်တွယ်နေသည်ပေါ်မူတည်၍ ပြုလုပ်သော်လည်း ဤစမ်းသပ်မှုကို၃လတခါလုပ်လေ့ရှိသည်။


စမ်းသပ်မှုအဖြေကို အမြန်ဆုံးရနိုင်ပြီး ဘမ်ရွန်ဂရက်တွင် မိမိစမ်းသပ်မှုအတွက် သုံးနိုင်ခြင်းသို့မဟုတ်ကျန်းမာရေးစစ်ဆေးသောပက်ကေ့ချ်တွင်သုံးနိုင်သည်။မိမိစားလိုသောက်လိုသည်များကို သာမန်အတိုင်းလုပ်နိုင်သောကြောင့် စမ်းသပ်မှုမလုပ်ခင် ပြင်ဆင်မှုနည်းနည်းလုပ်ရန်လိုသည်။

နောက်ထပ် ဆီးချိုစစ်ဆေးခြင်း

အကယ်၍HbA1Cစမ်းသပ်သောအဖြေသည်အပြောင်းအလဲမရှိခြင်းသို့မဟုတ် ကိုယ်ဝန်ရှိပါကအခြားသွေးစစ်ခြင်းများတွင်သွေးထဲရှိဂလူးကိုးစ်ကိုစစ်ခြင်းသုံးနိုင်သည့်အပြင်အစာရှောင်၍ဂလူးကို့စ်စစ်ခြင်းဆိုသည်မှာအနည်းဆုံး၈နာရီကြာအစာရှောင်၍ သွေးထဲရှိ ဂလူးကို့စ်အဆင့်ကို စစ်ဆေးခြင်းခြစ်သည်။ အစာရှောင်၍စစ်သော ဂလူးကို့စ်အဆင့်မှာ ၁၀ဝmg/dlဖြစ်စေထိုထက်နည်းသည်ဖြစ်စေပုံမှန်ဖြစ်ပြီး၁၂၆mg/dLသို့မဟုတ်၂ခါစစ်ဆေးပြီး ထိုထက်များနေပါက ဆီးချိုရှိသည်။

သွေးထဲရှိသကြားကိုစစ်ခြင်း:နောက်ဆုံးဘယ်တော့စားထားသည်ကို အမှုမပြုဘဲ သွေးကိုယူပါသည်။ သွေးထဲရှိ ဂလူးကို့စ်အဆင့်မှာ ၂၀ဝmg/dLရှိပါက အမျိုးအစား၂ဖြစ်သော ဆီးချိုကြို(T2DM)ဖြစ်နိုင်ချေ ရှိပါသည်။

ဂလူးကို့စ်ခံနိုင်ရည်စစ်ဆေးခြင်းမှာပထမဆုံးအစာရှောင်၍ထားသောသင့်ကိုသကြားရည်ပေ:ပြီ: သွေးထဲရှိ သကြားဓါတ်ကို တိုင်းတာခြင်းဖြစ်သည်။

Package နှင့်စစ်ဆေးခြင်း

ဆီးချိုစစ်ဆေးခြင်း

HbA1C ဆီးထဲတွင် အသားဓါတ်စစ်ဆေးခြင်း ၂,၂၆၀ ဘက်

သွေးတိုးစစ်ဆေးခြင်း

ဆီးထဲတွင် အသားဓါတ်စစ်ဆေးခြင်း ၁,၃၂၀ ဘက်

သိုင်းရွက်စစ်ဆေးခြင်း

TSH Free T4

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။