Children With Special Needs
ကူညီထောက်ပံ့မှုအထူးတလည်လိုအပ်သောကလေးများဖွံ့ဖြိုးရေးဌာနတွင်အော်တစ်ဇင်ရောဂါနှင့်ဖွံ့ဖြိုးမှုနှေးကွေးပြီးအာရုံစိုက်နိုင်မှုနည်းပါးမှုများအပါအဝင်ကူညီထောက်ပံ့မှုအထူးတလည်လိုအပ်သောကလေးများအား ကလေးတစ်ယောက်စီ၏ စွမ်းဆောင်ရည်အပေါ်မူတည်၍ သင့်လျော်သော လေ့ကျင့်လှုပ်ရှားမှုများ ပြုလုပ်စေခြင်းဖြင့် ပံ့ပိုးပေးပါသည်။ ထိုလေ့ကျင့်လှုပ်ရှားမှုများကိုကလေးသူငယ်ဖွံ့ဖြိုးမှုနှင့်အလေ့အထပိုင်းဆိုင်ရာအထူးကုဆရာဝန်၊ကလေးကိုယ်ကာယပိုင်းဆိုင်ရာကုသသူများ၊လုပ်ငန်းခွင်ဆိုင်ရာကုသသူများနှင့် ကလေးစိတ်ရောဂါအထူးကုဆရာဝန်များကကလေး၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် စီမံထားပါသည်။
ကလေးမျက်စိရောဂါဌာန
ယေဘုယျအားဖြင့်ကလေးအထူးကုဆရာဝန်သည်မွေးကင်းစမှအသက်သုံးနှစ်အထိကလေးငယ်များ၏မျက်စိချွတ်ယွင်းမှုများကိုစစ်ဆေးပြီး၊အသက်သုံးနှစ်ကျော်လွန်ပြီးနောက် the US Preventive Services Task Force သည်အမြင်အာရုံနည်းခြင်း (ပျင်းရိသောမျက်စိ)၊ အမြင်အာရုံချွတ်ယွင်းခြင်းများနှင့်အခြားရောဂါများကိုကာကွယ်ရန်ကလေးများအားလုံးအားပဏာမမျက်စိစမ်းသပ်စစ်ဆေးမှုပြုလုပ်သင့်သည်ဟုအကြံပြုထားသည်။
အမြင်အာရုံနည်းခြင်း၊ ပုံမမှန်သောအမြင်အာရုံ၊ မျက်စိစွေခြင်း၊ မျက်ခွံပုံမမှန်ဖြစ်ခြင်း အစရှိသောရောဂါအခြေအနေများ၊မျက်စိအတွင်းအမြင်လွှာပိုင်းဆိုင်ရာရောဂါများနှင့်မျက်စိအာရုံကြောများချွတ်ယွင်းခြင်းများစမ်းသပ် စစ်ဆေးပေးသည်။