ကိုယ်အလေးချိန်လျှော့ချရန် ခွဲစိတ်မှု

ကျန်းမာရေးနှင့်မညီညွတ်သော အဝလွန်ကဲမှု

ကီလို (၄၅) သို့ ပေါင် (၁၀၀) အဝလွန်ခြင်းအား ကျန်းမာရေးနှင့်မညီညွတ်သောအဝလွန်ကဲမှုဟုအဓိပ္ပာယ်ဖွင့်ဆိုထားပြီး၊ထိုအဝလွန်မှုသည်လူ၏ကိုယ်ခန္ဓာအလေးချိန်နှင့်အရပ်အမြင့်ကိုအချိုးကျမကျလေ့လာသောကိန်းဂဏန်း(BMI)၄၀နှင့်ညီမျှသည်။ကိုယ်ခန္ဓာအလေးချိန်သည်ဤအဆင့်ကိုရောက်ရှိသောအခါထိုလူတွင်ဆိုးရွားသည့်ကျန်းမာရေးပြဿနာများဖြစ်လာနိုင်သောအလားအလာရှိပေသည်။ထို့ကြောင့်လည်းယခုအခါတွင်ကျန်းမာရေးနှင့်မညီညွတ်သောအဝလွန်ကဲမှုကို ခန္ဓာကိုယ်အရွယ်အစားကွဲပြားမှုဟုသာမကပဲ ရောဂါအဖြစ် လူအများက လက်ခံသတ်မှတ်ထားကြသည်။


ကိုယ်ခန္ဓာအလေးချိန်သည် ဤအဆင့်ကိုရောက်ရှိသောအခါ သမားရိုးကျကိုယ်အလေးချိန်လျော့စေရန် ကြိုးပမ်းမှုများဖြစ်သည့် အစာလျှော့စားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ပိန်ဆေးများအားသောက်သုံးမှုများသည်တာရှည်ခံသောရလဒ်များကိုများသောအားဖြင့် မပေးနိုင်ပါ။ထိုလူနာများအတွက်ကိုယ်အလေးချိန်လျှော့ချရန်ခွဲစိတ်မှုသည်အောင်မြင်ပြီးတာရှည်ခံသောကိုယ်အလေးချိန်လျှော့ချထိန်းသိမ်းမှုအတွက်လက်တွေ့ကျသောနည်းလမ်းသာဖြစ်သည်။အမေရိကန်နိုင်ငံရှိအမျိုးသားကျန်းမားရေးနှင့်ဆိုင်ရာအဖွဲ့အစည်း(NIH)က ဤကဲ့သို့ခွဲစိတ်ကုသမှုမျိုးကို ကျန်းမာရေးနှင့်မညီညွတ်သောအဝလွန်ကဲမှုအတွက် ထိရောက်သောကုသမှုအဖြစ် လက်ခံအတည်ပြုပြီးဖြစ်ပါသည်။

ကျန်းမာရေးအန္တရာယ်များ

  • ဆီးချိုရောဂါ
  • မြင့်မားတဲ့သွေးဖိအား နှင့် မြင့်မားတဲ့ cholesterol
  • နှလုံးအမောဖောက်ခြင်းနှင့် နှလုံးခုန်ရုတ်တရက်ရပ်တန့်ခြင်း 
  • လေဖြတ်ခြင်းနှင့်အသက်အန္တရာယ်
  • ညဘက်အိပ်နေစဉ် အသက်ရှုရပ်တန့်ခြင်း
  • အသဲအဆီဖုံးရောဂါ၊ သည်းခြေအိတ်ကျောက်တည်ခြင်းနှင့် သည်းခြေအိတ်ပိုးဝင်ခြင်း
  • ရင်ပူခြင်း (သို့) အစာအိမ်မှအချဉ်ဓာတ်များအစာပြွန်ပေါ်သို့ဝင်ရောက်သောရောဂါ (GERD)
  • ကျော၊ တင်ပါး၊ ဒူးနှင့် ခြေချင်းဝတ်တို့ရှိ အလေးချိန်ခံပေးသည့် အရိုးဆက်နှင့်အဆစ်တို့တွင် နာကျင်မှု
  • ပုံမှန်မဟုတ်သောရာသီပြဿနာများ နှင့်မျိုးမပွားနိုင်ခြင်း
  • အချို့သောကင်ဆာရောဂါများ ဖြစ်ပွားနိုင်သည့်အလားအလာများလာခြင်း
  • ဘဝသက်တမ်းတိုလာခြင်း
  • ကိုယ်ဝန်ပြဿနာများ

ကိုယ်အလေးချိန်ကျဆင်းရန် နည်းလမ်းများ

ဝမ်းဗိုက်ကြည့်မှန်ပြောင်းအကူအညီဖြင့် ကိုယ်အလေးချိန်လျှော့ချရန် ခွဲစိတ်မှု သည် ကိုယ်တွင်းသို့ အနည်းငယ်သာ ထိုးဖောက်ဝင်ရောက်သောခွဲစိတ်မှုမျိုးဖြစ်ပြီး၊ အစာအိမ်၏အစာလက်ခံနိုင်သောပမာဏကို လျှော့ချပေးကာ လူ့ကိုယ်အလေးချိန်ကို လျှော့ချရန် ဝမ်းဗိုက်ကြည့်မှန်ပြောင်းအကူညီနှင့် အစာအိမ်ကို ခွဲစိတ်မှုဖြင့်ဖြတ်ကူးဆက်ပေးခြင်း၊ အစာအိမ်အကြီးပိုင်းကိုဖြတ်၍ပြွန်သဏ္ဍန်ပြုလုပ်ခြင်းနှင့်၊ အစာအိမ်ကို ကြိုးချည်ခြင်းတို့ ပြုလုပ်ပေးသည်။

အစာအိမ်ကို ခွဲစိတ်ခြင်း

ဝမ်းဗိုက်ကြည့်မှန်ပြောင်း Roux-en-Y အစာအိမ်ခွဲစိတ်ခြင်းကို ဝမ်းဗိုက်တွင် အပေါက်ငယ်ဖောက်ပြီးဝမ်းဗိုက်ကြည့်မှန်ပြောင်းထည့်သောနည်းဖြစ်သည်။ဝမ်းဗိုက်အတွင်းကို ကောင်းမွန်စွာမြင်နိုင်စေရန် ပိန်သေးသောကင်မရာကိုထည့်သည်။တခြားအပေါက်တွင် ခွဲစိတ်မှုပြုရန် ရှည်လျားသော ကိရိယာကို ဗိုက်ခွဲစရာမလိုဘဲ ထည့်သည်။သေးငယ်သော ဝမ်းဗိုက်အသစ်ပြုလုပ်ရန် အူသေးနှင့်ဆက်ထားသော ကျန်သည့်ဝမ်းဗိုက်တွင် ကိရိယာကိုထည့်သည်။ခွဲစိတ်ခြင်းသည် လူနာ၏ဗိုက်အရွယ်စားကိုသေးစေပြီး စားတာနည်းစေသည်။သို့သော် ဗိုက်ဆာတာနည်းပြီး ဗိုက်ပြည့်မြန်စေသည်။  

အစာအိမ်အကြီးပိုင်းကိုဖြတ်၍ပြွန်သဏ္ဍန်ပြုလုပ်ခြင်း


အစာအိမ်အကြီးပိုင်းကိုဖြတ်၍ပြွန်သဏ္ဍန်ပြုလုပ်ခြင်းသည် ကိုယ်အလေးချိန်ကျစေရန် ဝမ်းဗိုက်ရှိအပိုင်းကို ဖယ်ရှားပြီး သူ့စွမ်းဆောင်ရည်ကို ကျစေရန် ပွင့်နေသောအပိုင်းကို ပိတ်ခြင်းဖြစ်သည်။ခွဲစိတ်မှုကို ဗိုက်တွင် လေးနေရာဖြတ်၍ အစာအိမ်တွင်းမှန်ပြောင်းဖြင့်ကြည့်သည်။ထို့နောက် ဗိုက်မှ ၇၅မှ ၈၀ရာခိုင်နှုန်းထိ ဖယ်ရှားသည်။ဤလုပ်ထုံးလုပ်နည်းသည် ဆေးရုံတွင် ခေတ္တသာနေရန်လိုသည်။ခွဲစိတ်ခြင်း၏ ရည်ရွယ်ချက်မှာ ဗိုက်မဆာစေဘဲ စားသောပမာဏ သိသိသာသာ လျှော့နည်းစေရန်ဖြစ်သည်။အစားစားချင်စိတ်ကို ဝမ်းဗိုက်အသစ်မှ ထိန်းချုပ်ပြီး ဗိုက်ပြည့်နေစေသည်။ 

ခွဲစိတ်ရန်သင့်လျော်သောသူ

၁) BMI(ကျန်းမာသောကိုယ်အလေးချိန်)သည် ၄၀ သို့မဟုတ် ထိုထက်များသော ကိုယ်ခန္ဓာအလေးချိန် ၄၅ကီလိုဂရမ်(၁၀ဝပေါင်)နီးပါးရှိသော လူနာများ
၂) ကိုယ်အလေးချိန်များသောကြောင့်ဖြစ်သော အဆစ်နာခြင်း၊အိပ်စက်စဉ် အသက်ရှူခက်ခဲခြင်း၊သွေးတိုးခြင်းနှင့် ဆီးချိုကဲ့သို့ ကျန်းမာရေးပြဿာရှိပြီးသော BMI ၄၀ထက်နည်းသော လူနာများ

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။