နှလုံးစည်းချက်မမှန်ခြင်းကုဌါန

ဘန်ရွန်ဂရက်ဆေးရုံရှိ နှလုံးစည်းချက်မမှန်ခြင်းကုဌါနသည် နှလုံးစည်းချက်မမှန်ခြင်းနှင့် နှလုံးလျှပ်စစ်စီးဆင်းမှုတွင် အထူးပြုထားသော အတွေ့ကြုံရှိ နှလုံးအထူးကုဆရာဝန်များကို ခန့်အပ်ထားပါသည်။ ပရော်ဖက်ဆာ ဒေါက်တာကွန်လာဝီ နာဒီမာနီ ဦးဆောင်သောအဖွဲ့မှ နှလုံးစည်းချက်မမှန်ခြင်းနှင့် နှလုံးလျှပ်စစ်စီးဆင်းမှုနယ်ပယ်တွင် ကမ္ဘာတဝှမ်းလုံးမှ လူနာများကို ကုသပေးလျှက်ရှိပါသည်။ 

နှလုံးစည်းချက်မမှန်ခြင်း ဆိုသည်မှာ

နှလုံးခုန်နှုန်း မြန်လွန်းခြင်း နှေးလွန်းခြင်းကို ဆေးဝေါဟာရအရ ခေါ်ဆိုခြင်းဖြစ်သည်။နှလုံး၏လျှပ်စစ်စီးကြောင်းပြတ်တောက်ခြင်းဖြစ်စေ၊လျှပ်စစ်စနစ်အပြောင်းအလဲဖြစ်သည်ဖြစ်စေ၊နှလုံးစည်းချက်မမှန်ခြင်းကိုဖြစ်စေတတ်ပြီးနှလုံးမှသွေးအလုံအလောက်မညှစ်ထုတ်နိုင်ပဲခန္ဓာကိုယ်အတွင်းသွေးလည်ပတ်မှုကိုတားဆီးနိုင်သည်။နှလုံးစည်းချက်မမှန်ခြင်းသည်လေဖြတ်ခြင်းနှင့်နှလုံးရုတ်တရက်ရပ်စေသော အန္တရာယ်ကိုဖြစ်နိုင်သည်။

ကျွမ်းကျင်သောအဖွဲ့

ကျွမ်းကျင်သောအဖွဲ့ ပရော်ဖက်ဆာ ဒေါက်တာကွန်လာဝီသည်  ၁၉၈၀တွင် UCLAရှိ West Los Angeles VA Medical Centerတွင် နှလုံးဆိုင်ရာ ဆေးပညာကို သင်ယူခဲ့သည်။ နှလုံးစည်းချက်မမှန်ခြင်းနှင့်နှလုံးလျှပ်စစ်မစီးနိုင်ခြင်းနယ်ပင်တွင် ရှေ့ဆောင်ဖြစ်သော ပရော်ဖက်ဆာ ဒေါက်တာကွန်လာဝီသည် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းကို ခွဲစိတ်ကုသရန် နည်းလမ်းရှာရာတွင် ပထမဆုံးအောင်မြင်ခဲ့ပြီး ၎င်းအတွက် နိုင်ငံတကာအသိအမှတ်ပြုခြင်းကို ခံရသည်။ အရှေ့တောင်အာရှတွင် ဘာကြောင့်မှန်းမသိရဘဲ ရုတ်တရက်သေသော လက္ခဏာဖြစ်သည့် Brugadaရောဂါလက္ခဏာကို ပထမဆုံး ရှင်းပြနိုင်ခဲ့ပြီး ၎င်းကိုကုသရန် နည်းလမ်းရှာဖွေခဲ့သည်။ 

နှလုံးစည်းချက်မမှန်ခြင်း ရောဂါလက္ခဏာ

နှလုံးစည်းချက်မမှန်သောသူ တော်တော်များများသည် သူတို့တွင် ထိုရောဂါဖြစ်နေသည်ကို မသိဘဲ ဆေးစစ်ပြီးမှဖြစ်စေ တခြားရောဂါကိုကုသောအခါတွင်ဖြစ်စေ ကုသမှုကို ခံယူရတတ်သည်။

  • မူးဝေခြင်း
  • အသက်ရှူမဝခြင်း
  • သတိလစ်ခြင်း
  • နှလုံးအောင့်ခြင်း
  • မူးမော်ခြင်း
  • မေ့လဲခြင်း
  • နှလုံးတုန်ခြင်း

နှလုံးစည်းချက်မမှန်ခြင်းကို ကုသခြင်း

နှလုံးစည်းချက်မမှန်ခြင်းကို ကုသရန် ကမ္ဘာတဝှမ်းမှ အဆင့်မြင့်ဆုံးနှင့်နောက်ဆုံးပေါ် ကုသမှုများကို အဖွဲ့မှပေးပါသည်။ 

  • နှလုံးခုန်နှုန်းကို ထိန်းရန် ဆေးဝါး
  • နှလုံးခုန်နှုန်းထိန်းစက်
  • လျှပ်စီးကြောင့် သို့မဟုတ် ဆေးအသုံးပြုကာ နှလုံးစည်းချက်မှန်စေခြင်း
  • စည်းချက်မမှန်ခြင်းကိုဖြစ်စေသည့် တစ်ရှူးအားဖျက်ဆီးပစ်သည့် ကုထုံး
  • ရင်ဘက်တွင်ထည့်သွင်းနိုင်သော အရေးပေါ် နှလုံးပြန်ခုန်စက်
  • နှလုံးလျှပ်စစ်စီးမှုကို လေ့လာသော စမ်းသပ်ခန်း-EP Lab
  • နှလုံးလျှပ်စစ်စီးမှုကိုလေ့လာခြင်း
  • WATCHMAN စက်ထည့်သွင်းအသုံးပြု၍ နှလုံးစည်းချက်မှန်စေခြင်း နှင့် နှလုံးသွေးလွှတ်ကြောကုသမှု

 နှလုံးလျှပ်စစ်စီးမှုကို လေ့လာသော စမ်းသပ်ခန်း

ဘမ်ရွန်ဂရက်ဆေးရုံရှိ (EP Lab)မှ  နှလုံးစည်းချက်မမှန်ခြင်း(နှလုံးခုန်နှုန်း သာမန်မဟုတ်ခြင်း) သို့မဟုတ် နှလုံးလျှပ်စစ်စီးကြောင်းစနစ် ပုံမှန်မဟုတ်ခြင်းကို အဖြေရှာခြင်းနှင့် ကုသပေးခြင်း ပြုလုပ်ပေးပါသည်။ နှလုံးလျှပ်စစ်စီးမှုကို လေ့လာသော စမ်းသပ်ခန်းမှ နှလုံးလျှပ်စစ်စီးမှုကို လေ့လာသော အထူးကုအဖွဲ့သည် အဆင့်မြင့်ဆုံး ဆေးဖက်ဆိုင်ရာပစ္စည်းကိရိယာနှင့်နည်းပညာကိုသုံးထားပါသည်။နှလုံး၏လျှပ်စစ်စီးစနစ်ပုံမမှန်ခြင်းဖြစ်စေသည်ကို သိရှိရန်၊ကုသရန် CARTOစနစ်ကို အသုံးပြုပါသည်။ဤအဆင့်မြင့် နည်းပညာသစ်သည် ပုံမမှန်ခြင်း၏ ပုံရိပ်ယောင်ကို ထုတ်ပေးသောကြောင့် အတိအကျအဖြေရှာနိုင်ကာ ကုသမှုကိုပိုမိုထိရောက်စေပြီးအကျိုးဆက်အနေနှင့်လူနာများ၏အခက်အခဲများကို လျှော့ချပေးပါသည်။

အကောင်းဆုံး နှလုံးစည်းချက်မမှန်ခြင်းကုဌါန

လူနာ၏အတ္ထုပတ္တိ

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။