လေဆိပ်ဆိုက်ရောက်ရာကောင်တာ
သင်အဆင်ပြေစေရန်အတွက် ကျွန်ုပ်တို့သည်ဆူဗနာဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘမ်ရွန်ဂရက်ဆေးရုံကြီး (သို့) နီးစပ်ရာဟိုတယ်များသို့ Shuttle Van ကားဖြင့် အကြိုအပို့ ဝန်ဆောင်မှုကို ပြုလုပ်ပေးပါသည်။
တွေ့ဆုံနှုတ်ဆက်ခြင်း လူဝင်မှုကြီးကြပ်ရေးကောင်တာမှ အမြန်ထွက်နိုင်ရန် ဝန်ဆောင်မှု၊ လက်တွန်းလှည်းအကူအညီ၊ လေဆိပ်၌ ခရီးသည်နှင့်အထုပ်အပိုးသယ်ရန်ကားသေးနှင့် အထုပ်အပိုးဆွဲပေးခြင်းတို့ အပါအဝင် VIP ဝန်ဆောင်မှုများကိုလည်း ပြင်ဆင်ပေးနိုင်ပါသည်။
အတွင်းလူနာအခန်းများ
သင်သည် သင်၏အခန်းအမျိုးအစားကို standard ကုတင် (၂) ခုပါသော အခန်းမှ VIP နှင့် Premiere Royal အထိ ရွေးချယ်နိုင်ပါသည်။
အခန်းစျေးနှုန်းများ
ဗီဇာနှင့် ဘာသာပြန်ဝန်ဆောင်မှု
သင်အဆင်ပြေစေရန်နှင့်အကောင်းဆုံးလူနာအတွေ့အကြုံရရှိရန်အတွက် ကျွန်ုပ်တို့သည် ဗီဇာဖိတ်ခေါ်ခြင်းစာနှင့် ဘာသာပြန်ဝန်ဆောင်မှု တို့ကို အခမဲ့ ပေးပါသည်။
အခြားဆရာဝန်တစ်ဦးထံမှ ဆေးကုသမှုလမ်းညွှန်ရယူရန်
ကျွန်ုပ်တို့၏အထူးကုဆရာဝန်များသည် သင်၏ရောဂါရှာဖွေခြင်းရလဒ်၊ ဆေးမှတ်တမ်းများ၊ ဓာတ်မှန်ပုံရိပ်များကို လေ့လာကြည့်ရှုပြီး၊ ကုန်ကျစရိတ်ခန့်မှန်းခြေ၊ နေရမည့်အချိန်ကာလနှင့် ပတ်သက်၍ အကြံပြုချက်များပေးကာ သင်မေးမြန်းလိုသည်များကို ဖြေကြားပေးပါသည်။
ကုသမှုအစီအစဉ်ကို (၂၄) နာရီအတွင်း ပို့ပေးမည်ဖြစ်ပြီး၊ ၎င်းဝန်ဆောင်မှုအတွက် အမေရိကန်ဒေါ်လာ (၇၅) ဒေါ်လာသာ ကျသင့်မည် ဖြစ်ပါသည်။
အာမခံထားရှိမှုနှင့် ငွေပေးချေရန်နည်းလမ်းမျာ:
ဆေးကုသရန်ခရီးသွားလမ်းညွှန်သူမျာ:
ကျွန်ုပ်တို့၏ဆေးကုသရန်ခရီးသွားလမ်းညွှန်သူများသည် သင်သည် ချောမွေ့၊လုံခြုံပြီးအောင်မြင်သော ဆေးကုသမှုခရီးအစဉ်တစ်ခု ရရှိရေးအတွက် သင်၏မေးခွန်းများအားလုံးကို ဖြေကြားပေးပြီး၊ လုပ်ငန်းစဉ်နှင့် ကြိုတင်ပြင်ဆင်ရမည်များကို သင်နားလည်နိုင်စေရန် ကူညီပေးနေပါသည်။