စက်ရုပ်အကူဖြင့် ကွန်ပြူတာလမ်းပြထိန်းကွပ်သော ကျောရိုးခွဲစိတ်မှု

စက်ရုပ်အကူဖြင့် ကွန်ပြူတာလမ်းပြထိန်းကွပ်သော ကျောရိုးခွဲစိတ်မှု

နှစ်ပေါင်း (၃၇) နှစ်ကျော်ကြာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကိုပေးခဲ့သောဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် ခေတ်နှင့်လျော်ညီစွာ တီထွင်ဆန်းသစ်မှုများ၊ စိတ်ကူးအကြံဉာဏ်ကောင်းများနှင့် မြန်ဆန်ထိရောက်သောလုပ်ထုံးလုပ်နည်းများကို လက်ခံကျင့်သုံးခြင်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများ၏အရည်အသွေးကို မြှင့်တင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသည်။

ဆေးဘက်ဆိုင်ရာအရည်အသွေးကို ခေတ်မီနည်းပညာသုံး၍ တိုးမြှင့်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ၄.၀ ခေတ်ဆီသို့

ကမ္ဘာပေါ်ရှိ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုပေးသောလုပ်ငန်းများသည် ၎င်းတို့၏ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏တန်ဖိုးကို မြှင့်တင်ပေးရန် တီထွင်ဆန်းသစ်မှုများနှင့် ခေတ်မီနည်းပညာများကို ပို၍ အလေးပေးလာကြသည်။ ဘမ်ရုန်ရက်ဒ်ဆေးရုံကြီးသည် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကိုပေးရာတွင် ပိုမိုမြန်ဆန်ထိရောက်စေရန် ခေတ်မီနည်းပညာကို အသုံးပြုနေပြီးဖြစ်သည်။

 “ဒေါက်တာ Somsak ကပြောကြားသည်မှာ− “ဉပမာအားဖြင့်” ဆေးဝါးကိုင် စက်ရုပ်”ကို ကြည့်ပါ။ ဘမ်ရွန်ဂရက်
ဟာ ၂၀၀၈ ခုနှစ်မှစ၍ ဤအဆင့်မြင့်ခေတ်မီနည်းပညာဖြစ်သည့် စက်ရုပ်အကူဖြင့်ဆေးဝါးကိုင်တွယ်တိုက်ကျွေးခြင်းစနစ်ကို အသုံးပြုခဲ့သည်။ ဤနည်းပညာသည် တိကျမှုနှင့် မြန်ဆန်ထိရောက်မှုကို ပေးပြီး၊ ဆေးဝါးများချိန်ဆကိုင်တွယ်တိုက်ကျွေးရာတွင် အမှားများကိုလည်း လျှော့ချပေးသည်။ လူနာများသည် ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိကျသောဆေးဝါးကို တိကျသောပမာဏအတိုင်း တိကျသောအချိန်တွင် မှန်ကန်စွာရရှိနိုင်သည် ဖြစ်သည်။ ၎င်းစနစ်သည် ကျွန်တော်တို့ရဲ့ ဆေးဝါးကျွမ်းကျင်သူများ၏အချိန်ကို သက်သာစေပြီး၊ လူနာများအား ပိုမိုဂရုစိုက်လာနိုင်စေတယ်။”

ထို့နောက် ၂၀၁၆ ခုနှစ်တွင်ဘမ်ရွန်ဂရက်သည် da Vinci စနစ် (da Vinci စက်ရုပ်) အကူအညီဖြင့် ဆီးကျိတ်ကင်ဆာရောဂါခွဲစိတ်မှုကို ပြုလုပ်ခဲ့သည်။ ၎င်းကို မီးယပ်ရောဂါဆိုင်ရာခွဲစိတ်မှုနှင့် ဝမ်းဗိုက်ကြည့်မှန်ပြောင်းအကူအညီဖြင့် ဝမ်းဗိုက်ခွဲစိတ်မှုတို့တွင်လည်း အသုံးပြုသည်။
 
စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ကုသမှုတွင် နည်းပညာသည် ခွဲစိတ်ဆရာဝန်များ၏ ခွဲစိတ်ခြင်းနှင့် နေ့စဉ်နှင့်အမျှ ပိုမိုမြန်ဆန်ထိရောက်လာသည့်စက်ရုပ်များ၏တိုးတက်မှုတို့တွင် ထင်ရှားထင်ဟပ်နေပါသည်။ အဓိကကျသည်မှာ နည်းပညာအားဖြင့် ခွဲစိတ်ဆရာဝန်များသည် ကိုယ်တွင်းအင်္ဂါများကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး၊ ၎င်းတို့သည် ခွဲစိတ်မှုကို အလွန်တိကျစွာ ပြုလုပ်နိုင်ပေသည်။



KMN_5709.jpg

ခွဲစိတ်ဆရာ၀န်များအား အထောက်အကူပြုသည့် စက်ရုပ်များသည် တိကျမှုနှင့် မြန်ဆန်ထိရောက်မှုတို့ကို ပေးသည်။

ဘမ်ရွန်ဂရက်သည် 2D ရင်ဘတ်ဓာတ်ရောင်ခြည် နှင့် O-arm ဓာတ်မှန်နည်းစနစ်အသုံးပြုသော ကိုယ်တွင်းသို့ အနည်းငယ်သာ ထိုးဖောက်ဝင်ရောက်သည့် ခွဲစိတ်ကုသမှုတို့နှင့်အတူ screw (၀က်အူ) ကို တိကျသောနေရာ၌ထားရှိခြင်းနည်းကို အသုံးပြုကာ ကျောရိုးခွဲစိတ်ခြင်းကို (၂၀၁၃) ခုနှစ်ကတည်းက လုပ်ဆောင်ပြီး ဖြစ်သည်။ ပြီးခဲ့သောငါးနှစ်ကျော်ကာလအတွင်း (၅၀၀) ဦးထက်မနည်းသောလူများသည်ဘမ်ရွန်ဂရက်တွင် ဤနည်းလမ်းဖြင့်ဆေးကုသခံယူခဲ့ကြပြီး ဖြစ်သည်။ ၎င်းနည်းပညာသည် အလွန်ထိရောက်ပြီး၊ ကောင်းမွန်သောခွဲစိတ်မှုရလဒ်များကို ပေးသောကြောင့် ဆရာဝန်များနှင့် လူနာများအာလုံးက နှစ်သက်လက်ခံကြသည်။ ဘမ်ရွန်ဂရက်သည် ၂၀၁၈ ခုနှစ်တွင် ကျောရိုးဆရာဝန်များအား ပို၍ကောင်းသော ပုံရိပ်များ၊ တိကျမှုနှင့် ထိန်းကွပ်မှုတို့ဖြင့် ခွဲစိတ်နိုင်စေသည့် စက်ရုပ်လက်မောင်းကို ယူဆောင်အသုံးပြုလာခြင်းဖြင့် နည်းပညာတွင် နောက်တစ်ဆင့်သို့ တက်လှမ်းခဲ့သည်။

ကျောရိုးဆစ်ခွဲစိတ်ဆရာဝန်များကို အကူအညီပေးရာတွင် ဤစက်ရုပ်လက်မောင်း၏ ပြောင်မြောက်သောစွမ်းဆောင်မှုမှာ ၎င်းသည် screw (၀က်အူ) ကို တိကျသောနေရာ၌ထားရှိနိုင်ရန်အတွက် ခွဲစိတ်ဆရာဝန်များအား တိကျသောနေရာပြနံပါတ်များပေး၍ လမ်းညွှန်ပေးခြင်းပင်ဖြစ်သည်။ ထို့အပြင် ၎င်း၏ 3D ဖန်သားပြင်တွင် ရှင်းလင်းထင်ရှားသောပုံရိပ်များပေါ်ကာ စက်ရုပ်လက်မောင်းသည် ဘက်ပေါင်းစုံသို့ လွတ်လပ်စွာ ကွေး၊ လှည့်၊ရွေ့လျားနိုင်သည်။ ၎င်းသည် ခွဲစိတ်ချိန်ကို တိုတောင်းစေကာ လူနာများ၏သွေးဆုံးရှုံးမှုကို လျော့နည်းစေပြီး၊ စက်ရုပ်၏အကူအညီဖြင့် အလွန်သေးငယ်သောခွဲစိတ်မှုများသာ ပြုလုပ်ရသဖြင့် ဘေးပတ်ဝန်းကျင်တစ်သျှူးများအားထိခိုက်မှုမရှိသောကြောင့် လူနာများသည် မြန်ဆန်စွာ နာလန်ထူလာနိုင်ပေသည်။

ဤကဲ့သို့သောခွဲစိတ်မှုမျိုးသည် screw (၀က်အူ) ကို တိကျသောနေရာ၌ထားရှိနိုင်ရန်အတွက် တိကျသောနေရာပြနံပါတ်များဖြင့် လမ်းညွှန်ပေးသည့်စက်ရုပ်လက်မောင်းကိုသာ လိုအပ်သည်မဟုတ်ပါ။ screw (ဝက်အူ) များအား ဘေးအန္တရာယ်ကင်းရှင်းစွာ ထားရှိနိုင်ရန် ခွဲစိတ်ဆရာဝန်များ၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့ကိုလည်း လိုအပ်ပေသည်။

စက်ရုပ်လက်မောင်းသည် ခွဲစိတ်ဆရာဝန်များ၏အလုပ်ကို ဖြည့်စွက်ပေးသည့် နည်းပညာဖြစ်ပြီး၊ ကျောရိုးဆစ်ဖိအားလျော့ကျစေရန်ခွဲစိတ်ခြင်းကဲ့သို့သော အနုစိတ်သည့်ခွဲစိတ်အပိုင်းများအတွက် ဆရာဝန်အား အချိန်ပိုမိုရရှိစေသည်။
စက်ရုပ်အကူဖြင့်ကျောရိုးခွဲစိတ်မှုသည် ကျောနာမှုအတွက် ကုသမှုနည်းလမ်းများစွာအနက်မှ တစ်နည်းဖြစ်သည်။ သမားတော်များသည် ရောဂါလက္ခဏာများနှင့် ဆေးစစ်မှုမှရရှိသောရလဒ်များအပြင် ကျောနာခြင်းအကြောင်းရင်းများအပေါ်မူတည်၍ အကြံပေးလမ်းညွှန်မှုများကို ပြုပါသည်။ ကုသမှုနည်းများတွင် ဆေးဝါးမှ ခွဲစိတ်မှုအထိ ရှိပြီး၊ ခွဲစိတ်မှုအမျိုးအစား အမျိုးမျိုးလည်းရှိသည်။ အသင့်လျော်ဆုံးသောကုသမှုကိုပေးရန် သမားတော်များက လူနာများ၏အဆင်သင့်မှုနှင့်ပြင်ဆင်မှုကို ထည့်သွင်းစဉ်းစား၍ ဆုံးဖြတ်သည်။

စက်ရုပ်ဆိုင်ရာနည်းပညာသည် ခွဲစိတ်ဆရာဝန်များအဖွဲ့အား ဘေးအန္တရာယ်ကင်းရှင်းပြီး မြန်ဆန်ထိရောက်စွာ ကျောရိုးခွဲစိတ်နိုင်စေရန်နှင့် လူနာများ၏စိုးရိမ်စိတ်ကိုလည်း အတိုင်းအတာတစ်ခုအထိ လျှော့ချပေးရန် ခွဲစိတ်မှုမပြုလုပ်ခင် ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာတွင်လည်း ခွဲစိတ်ဆရာဝန်များအဖွဲ့အား များစွာကူညီထောက်ပံ့ပေးသည်။

shallot-282.jpg

အသက်အိုမင်းလာသောလူ့အဖွဲ့အစည်းအတွက် ပြင်ဆင်ရာတွင် ဆေးပညာနယ်ပယ်ရပ်တွင် နောက်တစ်ဆင့် တက်လှမ်းမှု

ဘမ်ရွန်ဂရက်တွင် စက်ရုပ်ဆိုင်ရာ hardware နှင့် software အား ခွဲစိတ်ဆရာဝန်များ၏ကျွမ်းကျင်မှုနှင့် ပေါင်းစပ်ကာ စီမံလုပ်ဆောင်ရာတွင် ဤသို့နည်းပညာအသစ်ကို ကျောရိုးခွဲစိတ်မှုတွင် အသုံးပြုခြင်းသည် ထိုင်းနိုင်ငံ၏ဆေးပညာနယ်ပယ်ရပ်၌ နောက်တစ်ဆင့်သို့ အမှန်တကယ်ပင် တက်လှမ်းနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

ယေဘုယျအားဖြင့် ကျောရိုးခွဲစိတ်မှုကို ခံယူသောလူနာများအနက်မှ ၈၀−၉၀% သောလူနာများသည် ကျောရိုးယိုယွင်းပျက်စီးမှုရောဂါကို ခံစားကြရသည်။ ယခုတွင်မူ နယ်ပယ်မျိုးစုံတွင် ခေတ်မီနည်းပညာမျာဖြင့် လူတို့သည် ပို၍အသက်ရှည်စွာ နေထိုင်ကြရပြီး၊ ကျောရိုးပိုမိုယိုယွင်းပျက်စီးမှုဒဏ်ကို ကြုံတွေ့ကြရသည်။ သို့သော် ဤရောဂါကို အသက်ငယ်ရွယ်သူအုပ်စုများတွင်လည်း တွေ့ရပြီး၊ ၎င်းတို့၏နေထိုင်စားသောက်မှုနှင့် ကိုယ်အလေးချိန်များခြင်းတို့သည် ဤရောဂါဖြစ်ပွားစေရန်အခြေအနေကို ပိုမိုဖန်တီးပေးသည်။

နောက်ဆုံးအနေဖြင့် ဒေါက်တာ Somsak က ပြောကြားသည်မှာ− “အနာဂတ်တွင် စက်ရုပ်များသုံးခြင်းသည် ပိုမိုတွင်ကျယ်မည်ဖြစ်ပြီး၊ ဆေးပညာနယ်ပယ်ရပ်ကို ပိုမိုအကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။ ဆေးဘက်ဆိုင်ရာ တီထွင်ဆန်းသစ်မှုများတွင် ပထမဦးဆုံးနှင့် အဓိကဆေးရုံကြီးဖြစ်သည့်အားလျော်စွာ၊ လူနာများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးမီ စံချိန်စံနှုန်းများထိန်းသိမ်းရေးကို ဉီးစားပေးလျက် ကျွန်ုပ်တို့သည် ဆေးကုသမှုအရည်အသွေးကို မြှင့်တင်ပေးရန် သန္နိဌာန်ချထားပါသည်။ ကျွန်ုပ်တို့၏ ဆေးကုသမှုနှင့် ပြုစုစောင့်ရှောက်မှုတို့၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို တိုးမြှင့်ပေးရာတွင် ကျွန်ုပ်တို့၏ကျွမ်းကျင်သူများနှင့် နောက်ဆုံးပေါ်ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာကို ပေါင်းစပ်ရန် ရည်မှန်းပါသည်။ ဤအရာအားလုံးတို့သည် ကျွန်ုပ်တို့၏ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွင် လူနာတစ်ယောက်ချင်းစီနှင့်အားလုံးအတွက် ကောင်းမွန်သောကုသမှုရလဒ်များနှင့် အတွေ့အကြုံများကို ပေးရန်အတွက်သာ ဖြစ်ပါသည်။”
 

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။