အူမကြီး မှန်ပြောင်းကြည့်ခြင်း
“အူမကြီးမှန်ပြောင်းကြည့်ခြင်း”ဆိုသည်မှာ အူမကြီးလမ်းကြောင်းထဲကို ကြည့်ခြင်းဖြစ်သည်။ သေချာလေ့ကျင့်ပေးထားသော အူမကြီးအထူးကုဆရာဝန်မှ စစ်ဆေးမှုများကို ပြုလုပ်ပေးသည်။
အူမကြီး သို့မဟုတ် အူအတွင်းပိုင်းသည် သင့်အစာအိမ် သို့မဟုတ် GIလမ်းကြောင်း၏ နောက်ဆုံးအပိုင်းဖြစ်သည်။ အူအသေး၏အဆုံးနှင့်ဆက်နေသော အူမကြီး၏ ပထမဆုံးအပိုင်းမှစပြီး အစာဟောင်းစုရာနေရာနှင့် စအိုဝတွင် ဆုံးသည်။ အူသည် ၅ပေရှည်သော အခေါင်းကြီးဖြစ်ပြီး သူ့ကျန်သည့်လုပ်ဆောင်ချက်မှာ မစုပ်ယူနိုင်သော အစာများကို မပယ်ထုတ်မှီ သိုလှောင်ထားခြင်းဖြစ်သည်။
အူအတွင်းကြည့်သော အဓိက ကိရိယာမှာ ဗွီဒီယိုကင်မရာပါသော ရှည်၍ ပါးပြီး ပျော့ပျောင်းသောပြွန်ဖြစ်ပြီး အဆုံးတွင်အလင်းပါသော အူမကြီး မှန်ပြောင်းကြည့်ကိရိယာဖြစ်သည်။ အူလမ်းကြောင်းကြည့်ကိရိယာကို အမျိုးမျိုးထိန်းညှိခြင်းဖြင့် အစာအိမ်အူလမ်းကြောင်းဆရာဝန်မှ ကိရိယာကို မည်သည့်လမ်းကြောင်းကိုမဆို ပို့နိုင်ပြီး အူအတွင်းကို ကြည့်နိုင်သည်။ အစာအိမ်အူလမ်းကြောင်းကြည့်ကိရိယာမှ အရည်သွေးကောင်းသော ဓါတ်ပုံကို တီဗွီမော်နီတာတွင် ပြပြီး အသေးစိတ်ရှင်းသောပုံကို ပေးသည်။ အူမကြီး မှန်ပြောင်းကြည့်ခြင်းသည် အက်စ်ရေးထက် ပို၍ တိကျသည်။
ဤစစ်ဆေးမှုသည် တခြားကိရိယာများကိုလည်း အူမကြီး မှန်ပြောင်းကြည့်ခြင်းမှတဆင့် ဖြတ်သန်းစေသည်။ ၎င်းကို ကြီးထွားနေသော သံသယရှိဖွယ်ကို မနာကြင်ဘဲ ဖယ်ရှားနိုင်ရန် သို့မဟုတ် အူလမ်းကြောင်းကြည့်ကိရိယာကို နောက်ထပ်ဆန်းစစ်ရန် အသုံးပြုသည်။ ထိုနည်းဖြင့် အူမကြီး မှန်ပြောင်းကြည့်ခြင်းသည် ခွဲစိတ်မှုကို ရှောင်ရှားစေနိုင်ရန် သို့မဟုတ် မည်သို့သော ပိုမိုကောင်းမွန်သော ခွဲစိတ်မှုမျိုး လုပ်ရန် အထောက်အကူဖြစ်စေသည်။
အူလမ်းကြောင်းကြည့်ကိရိယာ၏ ပိုတိုသောနည်းလမ်းကို စအိုဝမှပြွန်သွင်းကြည့်ခြင်းဟုခေါ်ပြီး အူမကြီးအောက်ပိုင်းကိုသာ ကိရိယာနှင့်စစ်ဆေးခြင်းဖြစ်သည်။ သို့သော် အူမကြီး မှန်ပြောင်းကြည့်ခြင်းသည် အူမကြီးအပိုင်းအပြင် အူငယ်အပိုင်းကိုပါ စစ်ဆေးကြည့်ရန် ရှည်သည်။
မည်သို့လုပ်သနည်း
စစ်ဆေးနေစဉ်အတွင်း လုပ်ဆောင်သမျှသည် သင့်ကိုသက်တောင့်သက်သာ ဖြစ်စေရမည်။ သင့်ကို သက်တောင့်သက်သာဖြစ်ပြီး ငိုက်မျဉ်းစေသောဆေးကို အင်ထရာဗီးနက် သို့မဟုတ် အိုင်ဗွီမှ ထိုးသွင်းပေးသည်။ ဆေးက သင့်ကိုနှိုးကြား၍ပူးပေါင်းပါဝင်စေမည်ဖြစ်သော်လည်း တွေ့ကြုံရသည်များကို မှတ်မိမည်မဟုတ်ပေ။
သင်သက်တောင့်သက်သာဖြစ်သည်နှင့် အစာဟောင်းအိမ်စစ်ဆေးခြင်းကို သင့်ဆရာဝန်မှ လက်အိတ်ဝတ်၍ ချောမွတ်အောင်လုပ်ထားသောလက်ချောင်းများဖြင့် စစ်ဆေးမည်ဖြစ်သည်။ထို့နောက် ချောမွတ်နေသော အူလမ်းကြောင်းကြည့်ကိရိယာကို ထိုးသွင်းမည်ဖြစ်သည်။
ကိရိယာကို ဖြည်းဖြည်းနဲ့သတိထားကာ သွင်းသည့်အတွက် ဝမ်းသွားချင်သလို ခံစားရလိမ့်မည်။ပြီးလျှင် လေဝင်သွားသည့်အတွက် ကြွက်တက်သလို ဗိုက်ပြည့်သလို ခံစားရမည်။ သာမန်ဆိုလျှင် မသက်မသာ နည်းနည်း သို့မဟုတ် မဖြစ်သလောက်ပင်ဖြစ်သည်။
အူမကြီး မှန်ပြောင်းကြည့်ခြင်းအတွက် လိုအပ်သောအချိန် ကွာခြားလိမ့်မည်ဖြစ်သော်လည်း စမ်းသပ်ရန် မိနစ်၃၀သာကြာမည်။ပြီးလျှင် ဆေးပျယ်သည်အထိ လူနာဆောင်တွင် သင့်ကိုထားထားမည်ဖြစ်သည်။ ထိုအချိန်တွင် ဆရာဝန်က သင့်ကို အူလမ်းကြောင်းကြည့်ထားသောအဖြေကို ပေးမည်ဖြစ်ပြီး သင်သိဖို့လိုသော အချက်လက်များကို ပေးမည်ဖြစ်သည်။ သင့်ကို မည်သည့်အချိန်တွင် စားနိုင် သောက်နိုင်မည်ကို လမ်းညွှန်ပေးမည့် အပြင် သာမန်လုပ်နေကျအတိုင်း ပြန်လည်နေထိုင်မည့် တခြားလမ်းညွှန်မှုများကိုလည်း ပေးမည်ဖြစ်သည်။
အိမ်ပြန်ရန် အဆင်သင့်ဖြစ်သောအခါ ပို၍ အားရှိလာပြီး ဖျတ်လတ်လာမည်ဖြစ်သည်။ သို့သော် ကျန်သောတနေ့လုံး အနားယူသင့်သည်။ သင့်ကိုအိမ်သို့ခေါ်ဆောင်သွားရန် မိသားစုဝင်ဖြစ်စေ သူငယ်ချင်းဖြစ်စေ ခေါ်လာရန် အကြံပြုလိုပါသည်။
အဘယ့်ကြောင့် ထိုသို့လုပ်ရသနည်း
အူမကြီး မှန်ပြောင်းကြည့်ခြင်းသည် ဘေးကင်းပြီး သွေးဆုံးရှုံးမှု နာကြင်မှုနှင့် အခြားသော စမ်းသပ်မှုများတွင် တွေ့ရှိပြီးဖြစ်သော ဝမ်းလျှောခြင်းကဲ့သို့ ဝမ်းသွားပုံပြောင်းလဲမှု ပြဿနာများကို ဝေဖန်ပိုင်းခြားပေးရန် အသုံးဝင်သည်။ အူမကြီး မှန်ပြောင်းကြည့်ခြင်းထည့်ခြင်းဖြင့် ဝမ်းသွားရာတွင် သွေးပါခြင်းကိုလည်းလည်း အဖြေရှာပြီး ကုသနိုင်သည်။
အူမကြီး မှန်ပြောင်းကြည့်ခြင်းသည် အူကင်ဆာစစ်ဆေးရန်နှင့် အူအတွင်းပေါက်သော သာမန်မဟုတ်သည့် အူမကြီးအသားပိုကို ကုသရာတွင်လည်း အရေးပါသည်။ အသားပိုများသည် အရွယ်အစား အမျိုးမျိုးဖြစ်ပြီး များသောအားဖြင့် ကင်ဆာမဖြစ်စေသော်လည်း အချို့သည် ကင်ဆာဖြစ်စေနိုင်သည်။ သို့သော် အန္တရာယ်ရှိသည် သို့မဟုတ် အလွန့်အလွန် အန္တရာယ်ရှိသည်ကို အသားပိုကိုပဲ ကြည့်၍ ပြောရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အူမကြီး မှန်ပြောင်းကြည့်ခြင်းကို အသားပိုထုတ်ရန်သုံးပြီး ထိုနည်းပညာကို အသားပိုခွဲထုတ်ခြင်းဟုခေါ်သည်။
အူမကြီး မှန်ပြောင်းကြည့်ခြင်းကို လူနာမိသားစုမှ အမွေရသော အူကင်ဆာအတွက်လည်း စစ်ဆေးနိုင်သည်။
အူမကြီး မှန်ပြောင်းကြည့်ခြင်း၏ အန္တရာယ်နှင့်နောက်ဆက်တွဲအကျိုး
အူမကြီး မှန်ပြောင်းကြည့်ခြင်းသည် အန္တရာယ်မရှိသော လုပ်ထုံးလုပ်နည်းဖြစ်သော်လည်း မကြာခဏနောက်ဆက်တွဲအကျိုးဆက်များ ရှိတတ်သည်။ အူနံရံကို ထိုးဖောက်ခြင်းဖြစ်တတ်ပြီး ထိုသို့ဖြစ်ပါက ခွဲစိတ်ပြုပြင်ရသည်။ အသားပို ဖယ်ရှားခြင်း သို့မဟုတ် အသားစယူ၍ စစ်ဆေးသောအခါ သွေးကြောပေါက်ခြင်း(သွေးထွက်လွန်ခြင်း)ဖြစ်နိုင်ပြီး ရန်ဖန်ရန်ခါ သွေးထွက်သည်ကိုထိန်းရန် အူလမ်းကြောင်းကြည့် ကိရိယာကို ပြန်ထည့်ရသည်။
ဤလုပ်ထုံးလုပ်နည်းလုပ်ရာတွင် မေ့ဆေးသုံးရန်လိုအပ်သောကြောင့် ဆေးနှင့်ဆက်စပ်ပြီးအန္တရာယ်ဖြစ်တတ်သည်။ ဥပမာ ဓါတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးများဖြစ်ခြင်း ခန္ဓာကိုယ်ထဲကို ကိရိယာများထည့်သွင်းသည့်အခါ ပိုးမွှားဝင်နိုင်သော အန္တရာယ်ရှိသည်။
ထပ်မံ၍ ထိုသို့ ဆိုးကျိုးများ မဖြစ်နိုင်ပေ။ သင်စိုးရိမ်ပူပန်သော မည်သည့်ကိစ္စကိုမဆို ဆရာဝန်နှင့် တိုင်ပင်ပါ။
အူမကြီး မှန်ပြောင်းကြည့်ခြင်းကို အစားထိုးခြင်း
အူမကြီး မှန်ပြောင်းကြည့်ခြင်းကို တခြားနည်းနဲ့အစားထိုးရန် ဆရာဝန်က သင်နှင့်တိုင်ပင်လိမ့်မည်။
သင့်တော်သော လူနာ
အထူးကုနှင့်တွေ့ပြီးနောက် သင့်တော်သောလူနာ