ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် Quarantine ဝင်ခြင်း
ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ထိုင်းဒေသအာဏာပိုင်များမှ ထိုင်းနိုင်ငံသို့ ရောက်ရှိသည်နှင့် ကွာရန်တင်း ဝင်ရောက်ခြင်း (ရေဂါကူးစက်ပြန့်ပွားမှုမရှိစေရန် သီးသန့်ထားရှိခြင်း) အပါအဝင် နိုင်ငံတွင်းသို့ ဝင်ခွင့်ရနိုင်ရန်အတွက် ခွင့်ပြုချက်နှင့် စပ်လျဥ်း၍ စည်းမျဥ်းများ သတ်မှတ်ထား ပါသည်။ အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်ဆေးရုံကြီး အနေဖြင့်လည်း ယခုလို ခက်ခဲလှသည့်အချိန်အတွင်း၌ လူနာများ နှင့် အဖော်လိုက်ပါမည့် လူနာစောင့်များ၏ ကွာရန်တင်းဝင်ခြင်းအပြင် အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုများ စီစဥ်ပေးနိုင်ဖို့အတွက် လူနာများအား လက်ခံပေးနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
လိုအပ်သော စာရွက်စာတမ်း အချက်အလက်များ
- လူနာနှင့် အဖော်၏ ပတ်စ်ပို့ မိတ္တူ (မိတ္တူပေါ်တွင် လက်ရှိလက်မှတ်ထိုးပေးရန် လိုအပ်ပါသည်။)
- မှတ်ပုံတင်မိတ္တူများ
- သန်းခေါင်စာရင်းမိတ္တူများ
- ပတ်စ်ပို့ဆိုဒ် ကာလာဓါတ်ပုံ (၂)ပုံစီ
- ဗီဇာကြေး ဒေါ်လာ ၈၀
- လက်ရှိ မြန်မာနိုင်ငံတွင် ဆေးကုသနေသော ဆေးမှတ်တမ်းများ
- မြန်မာဆရာဝန်မှ ထိုင်းနိုင်ငံတွင် သွားရောက်ဆေးကုသရန် လိုအပ်ကြောင်း လွှဲစာ/ထောက်ခံချက်
- ပိုင်ဆိုင်မှုအထောက်အထား (ဥပမာ- ဘဏ်စာရင်း)
- ကျန်းမာရေးအာမခံ (၃)လစာ (Medical Maximum USD 100,000 တန်နှင့် COVID-19 Coverage)
- ဘမ်ရွန်ဂရက်ဆေးရုံကြီးမှ ခေါ်စာနှင့် Ministry of Public Health (Thailand) မှ Confirmation letter
- မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရုံးမှ ခွင့်ပြုချက်စာ
- လေယာဉ်လက်မှတ်/အချက်အလက်
- Fit to fly, ဆရာဝန်ထောက်ခံစာ (မထွက်ခွာမှီ (၇၂) နာရီ အတွင်း)
- COVID ကင်းရှင်းကြောင်း ထောက်ခံစာ (မထွက်ခွာမှီ (၇၂) နာရီ အတွင်း)
အထက်ပါအတိုင်း လုပ်ဆောင်ရမည့် အချက်အလက်များကို သိရှိလက်ခံပြီးသောအခါ ထိုင်းနိုင်ငံသို့ ဝင်ခွင့်တောင်းခံနိုင်ရန်အတွက် လက်ရှိနေထိုင်သည့် နိုင်ငံ၏ထိုင်းသံရုံးသို့ တင်ပြနိုင်ရန် လူနာအတွက် ထောက်ခံစာကို ဘမ်ရွန်ဂရက်ဆေးရုံကြီး မှ ထုတ်ပေးမှာဖြစ်သည်။ထိုအချိန်မှာပင် ဘမ်ရွန်ဂရက် ဆေးရုံမှတဆင့် လူနာ၏အချက်အလက်များကို ထိုင်းဒေသအာဏာပိုင်များဆီသို့ စဥ်းစားဆုံးဖြတ်ပေးဖို့ အတွက် ထုတ်ပေးမှာဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက် ဆေးရုံကြီးတွင် ကွာရန်တင်းဝင်ရောက်ခြင်းအတွက် စည်းမျဥ်းသတ်မှတ်ချက်များ
- လူနာတစ်ဦးနှင့် အဖော်လိုက်ပါမည့် လူနာစောင့်များသည် ထိုင်းနိုင်ငံသို့ ရောက်ရှိသည့် ရက်မှစတင်ပြီး ၁၄+၂ ရက်ကြာ ဘမ်ရွန်ဂရက်ဆေးရုံကြီး ၌ ကွာရန်တင်းဝင်ရောက်ရမည်ဖြစ်သည်။ (စတင်ရောက်ရှိသည့် ပထမဆုံးရက်ကို (၀) ရက်ဟုသတ်မှတ်ပြီး ကွာရန်တင်းဝင်ရောက်ခြင်းသည် (၁၅)ရက်မြောက်နေ့ တွင် ပြီးဆုံးမှာဖြစ်သည်)
- ကွာရန်တင်းဝင်နေစဥ် ကာလအတွင်းတွင် လူနာနှင့်အတူ လူနာစောင့် တစ်ဦးသာလျင် အခန်းတွင်မှပိုးများ အပြင်မထွက်အောင်ပြုလုပ်ထားသော အခန်းတွင် နေထိုင်ရမည်ဖြစ်ပြီး ဒုတိယနှင့် တတိယမြောက်လူနာစောင့်များကတော့ သီးသန့်တစ်ယောက်ခန်းများတွင် နေထိုင်ရမှာဖြစ်သည်။
- ကွာရန်တင်းဝင်ရောက်နေသည့် အချိန်တလျောက်တွင် လူနာတစ်ဦးတည်းသာ ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲစစ်ဆေးမှုများနှင့် လိုအပ်သည့် လုပ်ဆောင်ချက်များ အတွက် အခန်းမှထွက်ခွင့်ရမည်ဖြစ်ပြီး ကျန်လူနာစောင့်များအနေဖြင့် လူနာဆီသို့ သွားရောက်သည့် အချိန်တချို့မှလွဲ၍ အခန်းတွင်းမှာပင် ကျန်ရှိရမည်ဖြစ်သည်။
- အဖျားရှိခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာများအား နေ့စဥ် စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်သည်။
- ကိုဗစ်-၁၉(SARS-Co V-2) အတွက် real-time Polymerase Chain Reaction(rt-PCR) စစ်ဆေးမှုပြုလုပ်ရန် နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် ယူခြင်းကို ၃ကြိမ် ပြုလုပ်ရမှာဖြစ်ပြီး ၀ရက်,၇ ရက်မြောက်နှင့် ၁၄ရက်မြောက်နေ့တို့တွင် စစ်ဆေးသွားမှာဖြစ်ပါသည်။
- အကယ်၍ ကိုဗစ်-၁၉ စစ်ဆေးခြင်းအဖြေသည် ပေါ့စတစ် ဖြစ်ခဲ့သော် ကူးစက်ခံရသူအား ၎င်းတို့၏ကိုယ်ပိုင်စရိတ်ဖြင့်(အာမခံဝယ်ယူနိုင်ခြင်းဖြင့်) ဘမ်ရွန်ဂရက်ဆေးရုံကြီး ၌ ကုသမှုခံယူစေမှာဖြစ်သည်။
အိမ်သို့ မပြန်မီ လူနာအနေဖြင့် နေထိုင်သည့်နိုင်ငံရှိ သံရုံးမှ ထောက်ခံစာနှင့် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ ထောက်ခံစာ များယူရန်လိုပါသည်။(လုပ်ဆောင်ချိန် ၂-၃ရက် ကြာနိုင်ပါသည်)
ကျန်းမာရေးကုသမှုခံယူမည့် လူနာများအဖြစ် ထိုင်းနိုင်ငံသို့ဝင်ခွင့်ရသည့် နိုင်ငံခြားသားလူမျိုးများသည် ရောက်ရှိလာသည်နှင့် ဆေးရုံ၌ ကွာရန်တင်းဝင်ရောက်ရမည်ဖြစ်သည်။
ရောက်ရှိလာပြီး ဆေးရုံတက်ရောက်ရခြင်း နှင့် ကျသင့်ငွေ
၁၅ ညအတွက် စုစုပေါင်းကုန်ကျစရိတ် Baht
-
လူနာ (၁) ဦးတည်း - ၆၇,၅၀၀ ဘတ် ( 1 regular room* )
-
လူနာ (၁) ဦး နှင့် အဖော် (၁)ဦး - ၉၇,၅၀၀ ဘတ် ( 1 regular room* )
-
လူနာ (၁) ဦး နှင့် အဖော် (၂)ဦး - ၁၅၇,၅၀၀ ဘတ် ( 2 regular rooms*)
-
လူနာ (၁) ဦး နှင့် အဖော် (၃)ဦး - ၂၁၇,၅၀၀ ဘတ် (3 regular rooms*)
ပါဝင်ချက် - ၁၅ ညအတွက် ပုံမှန်ရိုးရိုး ဆေးရုံအခန်းခ၊သူနာပြုစောင့်ရှောက်မှု နှင့် ကိုယ်ပိုင် ကာကွယ်ရေး ပစ္စည်းများထားရှိပေးမှု၊ဆေးရုံစရိတ်၊တနေ့တာ အစားအသောက် ၃ကြိမ်နှင့် ကိုဗစ်-၁၉ စစ်ဆေး ခြင်း ၃ကြိမ်(၀ရက်၊၇ရက် နှင့် ၁၄ရက်မြောက်နေ့တို့တွင်)
ပါဝင်ချက်: ၁၅ည အတွက် resident အခန်းခ ၊တနေ့တာ အစားအသောက် ၃ ကြိမ်၊ကိုဗစ် ၁၉ စစ်ဆေးခြင်း(၃) ကြိမ် (၀ရက်၊၇ရက်နှင့် ၁၄ရက်မြောက်နေ့တို့တွင်) နှင့် နေ့စဥ် ဖျားနာမှု စောင့်ကြည့်စစ်ဆေးခြင်း