Vitallife ဟိုမုန်းဓာတ် စစ်ဆေးခြင်း

Vitallife ဟိုမုန်းဓာတ် စစ်ဆေးခြင်း

ဟိုမုန်းဓာတ်အနည်းငယ်မညီမျှခြင်းသည် ကြီးမားသောပြဿနာကို ဖြစ်စေသည်။ ဟိုမုန်းဓာတ်များသည် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် အသက်ရှည်ခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် အိပ်ခြင်းမှ ဆာလောင်ခြင်းအထိ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အားလုံးနီးပါးကို ထိန်းညှိပေးသော အဆိုပါဓာတု သတင်းပေးသမားများဖြင့် ပြည့်နေသည်။ ကျွန်ုပ်တို့၏ဟိုမုန်းဓာတ်များ ညီမျှနေသောအခါ ကျွန်ုပ်တို့သည် နေထိုင်ကောင်းပြီး၊ ဟိုမုန်းဓာတ်များ မညီမျှသောအခါတွင်မူ ကျွန်ုပ်တို့သည် ကျန်းမာရေးထိခိုက်မှုဒဏ်ကို ပြင်းစွာခံရသည်။

ဟိုမုန်းဓာတ်များသည် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် အသက်ရှည်ခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် အိပ်ခြင်းမှ ဆာလောင်ခြင်းအထိ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အားလုံးနီးပါးကို ထိန်းညှိပေးသော အဆိုပါဓာတု သတင်းပေးသမားများဖြင့် ပြည့်နေသည်။ ကျွန်ုပ်တို့၏ဟိုမုန်းဓာတ်များ ညီမျှနေသောအခါ ကျွန်ုပ်တို့သည် နေထိုင်ကောင်းပြီး၊ ဟိုမုန်းဓာတ်များ မညီမျှသောအခါတွင်မူ ကျွန်ုပ်တို့သည် ကျန်းမာရေးထိခိုက်မှုဒဏ်ကို ပြင်းစွာခံရသည်။

Vitallife တွင် ကျွန်ုပ်တို့သည် လူတို့၏ကျန်းမာရေးနှင့်အသက်ရှည်ခြင်းတို့အပေါ် အကျိုးသက်ရောက်စေသည်ဟုသိရှိထားသော မျိုးရိုးဗီဇနှင့်ဆိုင်သည့်မာကာများ (genetic markers) ကို ဓာတ်ခွဲကြည့်ရန် အမေရိကန်နှင့်ဥရောပရှိ ထိပ်တန်းမျိုးရိုးဗီဇစစ်ဆေးပေးသောကုမ္ပဏီများနှင့် လက်တွဲအလုပ်လုပ်ပါသည်။ ထိုအလွန်အရေးပါသောအချက်အလက်များကို သုံးကာ ကျွန်ုပ်တို့၏သမားတော်များသည် လူတစ်ဦးချင်းစီ၏နေထိုင်စားသောက်ပုံနှင့်သင့်လျော်သော လေ့ကျင့်ခန်း၊အစားအစာနှင့်အာဟာရနှင့်ဆိုင်သည့် လမ်းညွှန်မှုများကို ပေးနိုင်ပါသည်။

ဟိုမုန်းဓာတ်များကိုစစ်ဆေးခြင်းသည် နေထိုင်ကောင်းရန်နှင့် ကျန်းမာရေးအတွက် အရေးကြီးသည်ဟု ကျွန်ုပ်တို့သည် ယုံကြည်ကြသည်။ ဟိုမုန်းဓာတ်များသည် ကျန်းမာရေးနှင့်အသက်ရှည်ခြင်းတို့တွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် ၎င်းတို့အား လျစ်လျူရှု၍မရပါ။ အိပ်စက်ခြင်း၊ ဇီဝဖြစ်ပျက်မှုနှင့်၊ စိတ်အခြေအနေနှင့် လိင်စိတ်တက်ကြွမှုတို့အပေါ် တိုက်ရိုက်အကျိုးသက်ရောက်စေသော ဟိုမုန်းဓာတ်များနှင့် ဟိုမုန်းဓာတ်အနည်းအများပမာဏကို စစ်ဆေးရန်မှာ ကျွန်ုပ်တို့၏နည်းလမ်းဖြစ်ပါသည်။

ထိုင်းဘတ်ငွေ ၁၆,၀၀၀မှ စတင်သော စျေးနှုန်းအစီအစဉ်တွဲများ
Vitallife ၏ ဟိုမုန်းဓာတ်စစ်ဆေးခြင်းအကြောင်း ပိုမိုသိလိုပါက ဤနေရာတွင် ကလစ်နှိပ်ပါ

Vitallife ကျန်းမာရေးဌာန
210 Sukhumvit 1, Wattana, Bangkok 10110 Thailand
+၆၆ (၀) ၂၀၆၆−၈၈၉၉

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။