သင်နှင့်ကိုက်ညီသော ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်တွဲအား ရွေးချယ်ခြင်း

သင်နှင့်ကိုက်ညီသော ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်တွဲအား ရွေးချယ်ခြင်း

"ကြိုတင်ပြင်ဆင်မှု တစ်အောင်စသည် ကုသမှုတစ်ပေါင်နှင့် တူညီသည်" ကို သင်ကြားဖူးပါသလား။

ကြိုတင်ကာကွယ်မှုတစ်အောင်စသည် ကုသမှုတစ်ပေါင်နှင့် တူညီသည်" ကို သင်ကြားဖူးပါသလား။ ဆေးစစ်မှုဆိုသည်မှာ လက်ရှိအချိန်တွင် ကျန်းမာသည်ဟု ခံစားရသူများ ရောဂါများမကြီးထွားမီ ဖြစ်လာနိုင်သောပြဿနာများအား ကာကွယ်ရန်အတွက် တစ်အောင်စတန်ကြိုတင်ပြင်ဆင်မှုကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းသည် စိတ်ချမ်းသာခြင်း၊ ကောင်းမွန်သောကျန်းမာရေးအခြေအနေကို ထိန်းသိမ်းပေးခြင်း၊ ကြာရှည်ကျန်းမာစေရန် လမ်းကြောင်းတစ်ခုကို ဖန်တီးခြင်းနှင့် နောက်ဆုံးတွင် သင်၏ကျန်းမာရေး ပြုစုစောင့်ရှောက်မှုကုန်ကျစရိတ်ကို တဖြည်းဖြည်းလျော့ကျစေခြင်း စသောအကျိုးကျေးဇူးများစွာ ရရှိစေပါသည်။

အရိုးရှင်းဆုံးဆိုရသော် ကျွန်ုပ်တို့သည် သင့်ကို ဖြစ်နိုင်သမျှ ကျန်းမာစွာ နေစေလိုသဖြင့် ဘမ်ရွန်ဂရက်ဆေးရုံ၏ ကျန်းမာရေးစစ်ဆေးမှုဌာန၌ သင့်ကို ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်စေလိုပါသည်။ သင့်နှင့်ကိုက်ညီသော ကျန်းမာရေးစစ်ဆေးမှုကို ရရှိစေရန်အတွက် သင်ပိုမိုသိရှိနားလည်လာ​စေရန် ဤရိုးရှင်းသောလမ်းညွှန်ချက်ကို ကျွန်ုပ်တို့ ဖန်တီးထားပါသည်။

 

ကျန်းမာရေးစစ်ဆေးမှုနှင့် သင့်ဆရာဝန်၏ ရောဂါရှာဖွေစမ်းသပ်မှု မည်သို့ ကွဲပြားခြားနားသနည်း။

သင်၏ကျန်းမာရေးစစ်ဆေးမှုကို စာအုပ်တစ်အုပ်၏ ပထမဆုံး စာမျက်နှာဟု တွေးကြည့်ပါ။ ဤနေရာ၌ ကျွန်ုပ်တို့သည် သင်၏ကျန်းမာရေးသမိုင်းအများအပြားကို မသိသော်လည်း ကျန်းမာရေးစစ်ဆေးခြင်းဖြင့် သင်၏လက်ရှိကျန်းမာရေးအခြေအနေကို သိရှိနိုင်ပါသည်။ စာမျက်နှာတွေထဲကို ကျွန်ုပ်တို့ ရေးသွင်းပြီးလိုက်တာနဲ့ ပိုမို ပြီးပြည့်စုံသည့် အကြောင်းအရာအတွက် ပိုမိုအသေးစိတ်ကျသော အချက်အလက်များကို သင်လိုအပ်မှာပါ။ ထိုနေရာသည် သင့်ဆရာဝန်၏ အထူးရောဂါရှာဖွေရေးစစ်ဆေးမှုများ ပါဝင်လာသော နေရာဖြစ်သည်။ ၎င်းစစ်ဆေးမှုများသည် သင့်ဆရာဝန်အား ရောဂါများကို အသေးစိတ်အနီးကပ် အကဲဖြတ်ရန်နှင့် အဆုံးသတ်တွင် ရောဂါကို တိကျစွာရှာဖွေနိုင်ရန်နှင့် နောက်ပိုင်းတွင် သင်၏ရောဂါကုသမှုအစီအစဉ်၏တိုးတက်မှုကို စောင့်ကြည့်ရန်အတွက် အကူအညီပေးပါသည်။

သင်နှင့်ကိုက်ညီသော ကျန်းမာရေးစစ်ဆေးမှုကို မည်သို့ ရွေးချယ်မည်နည်း။

သင်၏အသက်အရွယ်၊ လိင်၊ ငွေကြေးနှင့် ကိုက်ညီသော ကျန်းမာရေးစစ်ဆေးမှုကို ဦးစွာရွေးချယ်ပါ။ ထို့နောက် သင်၏မိသားစုကျန်းမာရေးသမိုင်းနှင့် သင့်ကိုဒုက္ခပေးသော ကျန်းမာရေးပြဿနာများကဲ့သို့ အခြားအကြောင်းအရာများကို ထည့်သွင်းစဉ်းစားပါ။ ဘမ်ရွန်ဂရက်ဆေးရုံတွင်ရှိသော ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်တွဲများအား အသက်အရွယ်အလိုက်၊ လိင်အမျိုးအစားအလိုက် ဖြစ်လေ့ဖြစ်ထရှိသော ကျန်းမာရေးပြဿနာအားလုံးကို စစ်ဆေးရန် သေချာစွာ စီမံထားပါသည်။ လူတိုင်းတွင် ၎င်းတို့တစ်ဦးချင်းမေးခွန်းများနှင့် အကြောင်းအရာများ ရှိသည်ကို ကျွန်ုပ်တို့ နားလည်ပါသည်။ ဘမ်ရွန်ဂရက်ဆေးရုံ ကျန်းမာရေးစစ်ဆေးမှုဌာန၏ wetsite တွင် တစ်ဦးချင်းစီအတွက် သင့်လျော်မည့် ကျန်းမာရေးစစ်ဆေးမှု ကို စီမံဖန်တီးပေးနိုင်သော အကူအညီများရှိပါသည်။

 

စမ်းသပ်စစ်ဆေးမှုရလဒ်များက တိကျခိုင်မာသလား။

ဓာတ်ခွဲစစ်ဆေးမှုတိုင်း၏ တိကျမှုနှင့် ယုံကြည်အားထားနိုင်မှုမှာ အကြောင်းအရာမျိုးစုံပေါ်၌ အခြေခံကာ ဓာတ်ခွဲခန်း၏အဆင့်အတန်းမှာလည်း အချက်တစ်ချက်ဖြစ်သည်။ ဘမ်ရွန်ဂရက်ဆေးရုံသည် ဓာတ်ခွဲခန်းစက်ပစ္စည်းနှင့် ရောဂါဗေဒတွင် ကမ္ဘာလုံးထိပ်သီးဖြစ်သော အမေရိကန် ရောဂါဗေဒပညာရှင်များကောလိပ် (CAP)မှ တရားဝင်အသိအမှတ်ပြုထားသော ထိုင်းနိုင်ငံရှိ တစ်ခုတည်းသော ပုဂ္ဂလိကဆေးရုံ ဖြစ်သည်။ ဒါဘာကိုဆိုလိုပါသလဲ။ ကောင်းမွန်သောဓာတ်ခွဲခန်းသည် တိကျသေချာသောစစ်ဆေးမှုရလဒ်ကို ထုတ်ပေးရာတွင် အရေးကြီးဆုံးအပိုင်းဖြစ်သည်။

ကျန်းမာရေးစစ်ဆေးမှုသည် နေထိုင်စားသောက်မှုဓလေ့များကို ပြင်ဆင်ခြင်း (သို့) ထပ်မံရောဂါရှာဖွေစစ်ဆေးခြင်းတို့​ ပြုလုပ်သင့်သည့် အလားအလာရှိသောရောဂါပြဿနာများကို ရှာဖွေရန်အတွက် စီမံထားပါသည်။ အကယ်၍ သင်၏ဆရာဝန်သည် အရေးကြီးသောပြဿနာဟု ပြသနေသည့် ပုံမမှန်မှုများကို သတိပြုမိပါက သင်သည် ရောဂါရှာဖွေတွေ့ရှိမှုနှင့် ကုသမှုအစီအစဉ်များကို မရရှိမီ အထူးကျွမ်းကျင်သူထံမှ ထပ်မံအကဲဖြတ်စစ်ဆေးမှုကို ရရှိပါမည်။ အတိုချုပ်ဆိုရသော် ကျွန်ုပ်တို့၏စမ်းသပ်စစ်ဆေးမှုများသည် တိကျသေချာသော်လည်း ကောက်ချက်မချမီ အမြဲတမ်း ထပ်မံစစ်ဆေးပါသည်။

စမ်းသပ်စစ်ဆေးမှုဆောင်ရွက်ပြီးနောက်

သင်၏ကျန်းမာရေးစစ်ဆေးမှု ပြီးဆုံးပါက သင်၏ စစ်ဆေးမှုရလဒ်များနှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုများကို ဆောင်ရွက်ပါသည်။ သင့်ကိုကျန်းမာရေးစစ်ပေးသော ဆရာဝန်သည် သင့်ကျန်းမာရေးသမိုင်းကို ဆွေးနွေးပေးပြီး ကျန်းမာရေး ကောင်းမွန်စေသော ဘဝနေထိုင်မှုပုံစံများကို သင့်အားအကြံပေးကာ အနာဂါတ်တွင် ဖြစ်လာနိုင်သော ရောဂါများ ကင်ဝေးစေရန် ကူညီပေးသည်။ အချို့သောကိစ္စရပ်များ၌ ထပ်မံအကဲဖြတ်မှုများ လိုအပ်ပါက ကျွမ်းကျင်သူနှင့် သင့်အား ရက်ချိန်း ပြုလုပ်ပေးပါမည်။ သင်သည် သင်၏ကျန်းမာရေးနှင့် ပတ်သက်၍ ပိုမိုသိနားလည်ပြီး သင်၏ကျန်းမာရေးကို ပိုမို စောင့်ရှောက်နိုင်သော ခွန်အားများရရှိကာ ဤနေရာမှ ထွက်ခွာလိမ့်မည် ဖြစ်ပြီး၊ သင်သည် သင်၏နောက်အကြိမ်ကျန်းမာရေးစစ်ဆေးမှုတွင် ပိုမိုကောင်းမွန်သောရလဒ်များ ရရှိစေနိုင်မည် ဖြစ်သည်။

 

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးရှိ ကျန်းမာရေးစစ်ဆေးခြင်း စျေးနှုန်းအစီအစဉ်တွဲများ

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံတွင် သင်၏ တစ်ဦးချင်းလိုအပ်ချက်များနှင့် ကိုက်ညီသော ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်တွဲများကို ရရှိနိုင်ပါသည်။ ၎င်းတို့တွင် ပြည့်စုံသော တစ်ကိုယ်လုံးကျန်းမာရေးစစ်ဆေးမှုအစီအစဉ်တွဲများလည်း ပါဝင်ပါသည်။ ပိုမိုသိရှိလိုပါက  ဤနေရာ တွင် နှိပ်ပါ။ .

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံ ကျန်းမာရေးစစ်ဆေးမှုဌာနသည် နေ့စဉ် နံနက် ၆:၃၀ မှ ညနေ ၃:၀၀ နာရီအထိ ဖွင့်လှစ်ထားသည်။ ပိုမိုသိရှိရန် (သို့) ရက်ချိန်းယူရန် make an appointment >, ကျေးဇူးပြု၍  + ၆၆ ၂၀၁၁ ၂၂၂၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။