ဆီးချိုရောဂါအစီအစဉ်

ဆီးချိုရောဂါအစီအစဉ်

ဆီးချိုရောဂါသည် နှစ်စဉ် လူပေါင်း (၃.၄) သန်းသေဆုံးမှုကို ဖြစ်ပေါ်စေပြီး၊ သင့်လျော်သောကုသမှုကို မခံယူသူများတွင် မျက်စိကန်းခြင်းအပါအဝင် ဆိုးရွားသောကိုယ်အင်္ဂါမသန်အစွမ်းဖြစ်ခြင်းတို့ ဖြစ်ပေါ်စေသည်။

ဆီးချိုရောဂါ (သွေးထဲတွင် သကြားဓာတ်များနေခြင်း) သည် ကမ္ဘာကြီးတစ်ဝှမ်းလုံးတွင် ကံမကောင်းစွာဖြင့် ဖြစ်လေ့ဖြစ်ထရှိသော နာတာရှည်ရောဂါ ဖြစ်သည်။ ဆီးချိုရောဂါသည် သွေးထဲတွင် သကြားဓာတ်ကို မြင့်တက်စေကာ အချိန်အတန်ကြာသောအခါ အဓိကအားဖြင့် ဦးနှောက်၊ နှလုံး၊ အာရုံကြောမျှင်များ၊ မျက်စိနှင့် ကျောက်ကပ်များနှင့် များစွာသောကိုယ်အင်္ဂါတို့ကို ထိခိုက်ပျက်စီးစေသည်။

ဆီးချိုရောဂါ နှစ်မျိုးရှိပါသည်။ Type 1 ဆီးချိုရောဂါသည် ကိုယ်ခန္ဓာမှ အင်ဆူလင် (သကြားဓာတ်ကို ခန္ဓာကိုယ်ရှိဆဲလ်များအသုံးပြုနိုင်ရန် ကူညီပေးသောဟိုမုန်း) ကို မထုတ်ပေးနိုင်ခြင်းကြောင့် ဖြစ်ပြီး၊ Type 2 ဆီးချိုရောဂါသည် ကိုယ်ခန္ဓာက အင်ဆူလင်ကို ကောင်းမွန်စွာ မတုံ့ပြန်နိုင်ခြင်းကြောင့် ဖြစ်သည်။ Type 2 သည် ကမ္ဘာတစ်ဝှမ်းတွင် ပိုမို ဖြစ်လေ့ဖြစ်ထရှိပြီး၊ ဆီးချိုရောဂါအားလုံး၏ ၉၀− ၉၅% ရာခိုင်နှုန်းသည် ၎င်းကြောင့် ဖြစ်ရသည်။ လူပေါင်း (၄၂၂) သန်းကျော်သည် ဤရောဂါတစ်မျိုးမျိုးဖြင့် လက်ရှိအသက်ရှင်နေသည်ဟု ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO) က ဆိုသည်။ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါလက္ခဏာများတွင် အောက်ပါရောဂါလက္ခဏာများ ပါဝင်သည်။
  • အစာစားသော်လည်း အလွန်ဆာလောင်တတ်ခြင်း
  • လုံလောက်စွာ (သို့) ဝလင်စွာ စားသော်လည်း ကိုယ်အလေးချိန်ကျခြင်း
  • ရေငတ်မပြေခြင်းနှင့် မကြာခဏဆီးသွားခြင်း
  • အလွန်အမင်းပင်ပန်းနွမ်းလျခြင်းနှင့် မျက်စိမှုန်ခြင်း
  • ရှရာနှင့်ထိခိုက်ဒဏ်ရာများ နှေးကွေးစွာ ပျောက်ကင်းခြင်း
  • ထုံကျင်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း (သို့) ခြေနှင့်လက်များတွင် နာကျင်ခြင်း

သင်၌ ဆီးချိုရောဂါရှိသည်ဟု သင်ထင်ပါက ယခုအချိန်သည် ကျွမ်းကျင်သူတစ်ဦးထံမှ စမ်းသပ်စစ်ဆေးမှုကို ခံယူရန် အချိန်ဖြစ်ပေသည်။ ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးတွင် ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ရန် “ဆီးချိုအစပျိုးမှု”အား ရှာဖွေဖော်ထုတ်ခြင်း၊ မီးမဖွားမီဆီးချိုရှိသောအမျိုးသမီးများအား ကုသခြင်းနှင့်ဆိုင်သော လုပ်ထုံးလုပ်နည်းများနှင့် လေဆာကုထုံးဖြင့် ဆီးချိုရောဂါအားကုသခြင်း တို့အပါအဝင် အဆင့်မြင့်ဆုံးခေတ်မီနည်းပညာနှင့် ဝန်ဆောင်မှုများစွာကို ရရှိနိုင်ပါသည်။ 

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။