ဆေးရုံတစ်ခုသည် အရည်အသွေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးအလေးထားပါက ပြင်ပဘက်မလိုက်အဖွဲ့အစည်းများ၏ ၎င်းတို့အပေါ် လေ့လာအကဲဖြတ်အတည်ပြုခြင်းကို ရယူပေသည်။

Joint Commission International (JCI)

တရားဝင်အသိအမှတ်ပြုခြင်းခံရသောအဖွဲ့အစည်း Joint Commission International ဘမ်ရုန်ရက်ဒ်သည် အမေရိကန်ဆေးရုံများကို လေ့လာအကဲဖြတ် တရားဝန်အသိအမှတ်ပြုခြင်းများပြုလုပ်သည့် အဖွဲ့အစည်း၏ နိုင်ငံတကာစစ်ဆေးမှုအဖွဲ့ဖြစ်သည့် Joint Commission International (JCI) ၏ တရားဝင်အသိအမှတ်ပြုခြင်းခံရသော

ဆေးရုံတရားဝင်အသိအမှတ်ပြုခြင်း−HA

ဘမ်ရုန်ရက်ဒ်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် ထိုင်းနိုင်ငံတွင်ရှိသော ဆေးရုံပေါင်း (၈၀၀) အနက်မှ ပထမဦးဆုံးတရားဝင်အသိမှတ်ပြုခြင်းခံရသည့် ဆေးရုံဖြစ်ပြီ:၊ မကြာသေးခင်က တရားဝင်အသိအမှတ်ပြုခြင်းခံရသည့် တစ်ခုတည်းသော အဆင့်မြင့်ဆေးရုံကြီး ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုတရားဝင်အသိအမှတ်ပြုခြင်း (GHA)

GHI စံချိန်စံနှုန်းများသည် အဖွဲ့အစည်းတစ်ခု၏ ဆေးကုသမှုခံယူရန်ခရီးသည်သွားရောက်ခြင်းဆိုင်ရာဝန်ဆောင်မှုများကို ပံ့ပိုးပေးအပ်ပုံအား ဆုံးဖြတ်သတ်မှတ်ရန် ဆောင်ရွက်သော စနစ်တကျနှင့်ဘက်မလိုက်သည့် အကဲဖြတ်လုပ်ဆောင်မှုများ၏အုတ်မြစ် ဖြစ်သည်။ GHI စံချိန်စံနှုန်းများသည် ဆေးကုသမှုခံယူရန် ခရီးသည်သွားရောက်ခြင်းဆိုင်ရာ ကူညီပံ့ပိုးမှုလုပ်ငန်းစဉ် စက်ယန္တရားကြီးတစ်ခုလုံးအား အလေးပေးမှုပြုသည်။

နှစ်တစ်နှစ်အတွက်အကောင်းဆုံး ဆေးကုသမှုခံယူရန်ခရီးသည်သွားရောက်ရာဆေးရုံ

ဘမ်ရုန်ရက်ဒ်နှင့် Vitallife ၏ ထိပ်တန်း (၁၀) စာရင်းဝင်ခဲ့ခြင်းသည် ၎င်း၏ နိုင်ငံတကာစံချိန်မီအရည်အသွေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် ဦးဆောင်နိုင်မှုကို ထပ်မံ၍ အတည်ပြုခြင်းဖြစ်ရာ ထိုင်းနိုင်ငံအတွက် သတင်းကောင်းတစ်ခုနှင့် ဂုဏ်ယူဝင့်ကြွားစရာအချက် ဖြစ်ပေသည်။

ထိုင်းနိုင်ငံတွင် ယုံကြည်စိတ်အချရဆုံးဆေးရုံကြီး (၂၀၁၈)

ဘမ်ရုန်ရက်ဒ်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် အရှေ့တောင်အာရှသတင်းမဂ္ဂဇင်းမှ “ယုံကြည်စိတ်အချရဆုံးဆေးရုံကြီး (၂၀၁၈)” အဖြစ် “Thai Business Excellence Awards 2018” ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းအကောင်းဆုံးဆု (၂၀၁၈) ကို ရရှိခဲ့သည်။ ၎င်းဆုသည် သိသာထင်ရှားသောအောင်မြင်မှုကိုရရှိသည့် စီးပွားရေးလုပ်ငန်းများအား အသိအမှတ်ပြုရန်ဖြစ်ပြီး၊ ဘမ်ရုန်ရက်ဒ်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် ၎င်းဆုကိုရရှိသည့် ထိုင်းနိုင်ငံရှိ တစ်ခုတည်းသောဆေးရုံဖြစ်သည်။

၂၀၁၈ နှစ်အတွက် အကောင်းဆုံးဆေးရုံကြီး

ထိုင်းနိုင်ငံရှိ ဘမ်ရုန်ရက်ဒ်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် ၂၀၁၈ နှစ်အတွက် အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုအာရှဆု “Healthcare Asia Awards 2018”ကို ရရှိခဲ့သည်။ ဤနှစ်ဆုအတွက် ရွေးချယ်ရန်အဆိုပြုခံရသည့်အဖွဲ့အစည်းများကို Abhay Bangi, Partner, Life Sciences & Healthcare Lead, Ernst & Young; Mohit Grover, Life Sciences & Healthcare Leader, Deloitte, and; Sabrina Tay, Partner and Deputy Industry Lead, Healthcare RSM Singapore တို့ပါဝင်သောအဖွဲ့က အကဲဖြတ်ဆုံးဖြတ်မည်ဖြစ်သည်။

ကိုယ်စားလှယ်ရုံးနှင့် စကားပြောရန်
မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်

လူကြီးမင်းတို့၏ ဘာသာစကားကို ပြောနိုင်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ကိုယ်စားလှယ်များသည် ဆေးရုံကြီးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ခရီးသွားရန် အစီအစဉ်များ ကြိုတင် ဆောင်ရွက်ပေးရန်အတွက် ကူညီပေးရန် အသင့်ရှိပါသည်။ ဤဝန်ဆောင်မှုအတွက် ဆေးရုံကြီး၏ မူဝါဒနှင့်အညီ အပိုဝန်ဆောင်ခပေးရန် မလိုပါ။