ထိုင်းအမည် ဘမ်ရွန်ဂရက် (bahm-roong-RAHT)Bumrungrad၏အဓိပ္ပာယ်မှာ“လူများကိုပြုစုပါ"ဖြစ်ပြီးအရှေ့တောင်အာရှတွင်အကြီးဆုံးဆေးဘက်ဆိုင်ရာအဖွဲ့အစည်းဖြစ်သောဤဘန်ကောက်ရှိဆေးရုံကြီးနှင့်ဆေးကုသအဆောက်အအုံကိုမည်သည့်စကားစုကမှပိုမိုလှပစွာဖော်ပြ နှိုင်းယှဉ်၍ မရနိုင်ပါ။ နှစ်စဉ်အတွင်းလူနာနှင့်ပြင်ပလူနာတစ်သန်းကျော်သည်ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးတွင်ဆေးကုသမှုခံယူလျက်ရှိပါသည်။ ဤလူနာများအနက်မှ၄၀ရာခိုင်နှုန်းခန့်မှာဤဆေးရုံ၏သင့်တင့်မျှတသောဆေးကုသနှုန်းထားများနှင့်အရည်အသွေးမြင့်ပြုစုစောင့်ရှောက်မှုများ၏ဂုဏ်သတင်းများကြောင့်ထိုင်းနိုင်ငံသို့နိုင်ငံပေါင်း၁၉၀မှလာရောက်ဆေးကုသမှုခံယူရန်လာရောက်သောခရီးသည်များဖြစ်ကြသည်။ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးတွင်လူနာများအတွက်စောင့်ဆိုင်းချိန်အနည်းငယ်သာလိုပြီး အကောင်းဆုံးသော ဝန်ဆောင်မှုများနှင့် ကျန်းမာရေးစစ်ဆေးခြင်းမှ အစနှလုံးအစားထိုးကုသခြင်းအထိအထူးကုသမှုဝန်ဆောင်မှုမျိုးစုံကိုရရှိနိုင်ပါသည်။ထို့ကြောင့်လည်ဘမ်ရွန်ဂရက်သည်ဆေးကုသခံယူဖို့လာရောက်ရန်ကမ္ဘာ့အကောင်းဆုံးနေရာတစ်နေရာများအနက်မှတစ်ခုဖြစ်ပြီးနိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှုတွင်စံပြအဖြစ်ရပ်တည်နေသည်မှာအံ့ဖွယ်မဟုတ်ပါ။
ထိုင်းနိုင်ငံသည် ဆေးကုသမှုခံယူရန် ခရီးသည် ၃ သန်းကျော် နှစ်စဉ် လာရောက်ရာ နေရာဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွားများ ဆေးကုသမှုခံယူရန်အတွက် အများဆုံးသွားရောက်သည့် နေရာဖြစ်ပါသည်။ JCI နိုင်ငံတကာအသိအမှတ်ပြုခံရသော ဆေးရုံကြီး ၆၄ ခုရှိသောနေရာ ဖြစ်သည်။အောက်ပါအကြောင်းများကြောင့် လူအများသည် ထိုင်းနိုင်ငံကို ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရွေးချယ်ကြပါသည်။
ဖွံ့ဖြိုးတိုးတက်ပြီးသောကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအခြေခံအဆောက်အအုံများ။
စနစ်တကျ လေ့ကျင့်သင်ယူခဲ့သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ။
အဆင့်မြင့်ဆုံး ခေတ်မီနည်းပညာများ။
အကောင်းဆုံးဝန်ဆောင်မှုများနှင့်ပြူငှာသောပတ်ဝန်းကျင်။
ကုန်ကျစရိတ်သက်သာပြီးအရည်အသွေးမြင့်မားသော ကုသမှု။
အခြားရွေးချယ်နိုင်သောကုထုံးများနှင့်ခရီးသွားများအားဆွဲဆောင်နိုင်သောအရာများ။
ကျွန်ုပ်တို့သည် ဆေးကိုသုံးစွဲရမည့် ယူနစ်အလိုက် စီစဉ်ပြီး ဘားကုတ်ပါထည့်ထားသည့် ပြည့်စုံသော ထုတ်ပိုးမှု၊ သိမ်းဆည်းသိုလှောင်မှုနှင့် ဖြန့်ဖြူးခြင်းစနစ်ကို ကျင့်သုံးသည်။ ဤကဲ့သို့ Swisslog ဟု ခေါ်သော ဆေးဝါးကိုင် စက်ရုပ်ဖြင့် ခေတ်မီ ဆေးဝါးများအလိုအလျောက် စီမံခန့်ခွဲမှုစနစ်သည် အာရှတိုက်တွင် ပထမဦးဆုံး ကျင့်သုံးခြင်းဖြစ်သည်။
ဤနည်းပညာသည် မှားယွင်း ရှုပ်ထွေးမှုများကို လျှော့ချပေးခြင်း၊ အလွန်အကျွံ မှတ်သားထားရခြင်းများကို ရှောင်ရှားနိုင်ခြင်း၊ အဓိကဖြစ်စဉ်များကို ရှင်းလင်းလွယ်ကူစေခြင်းနှင့် လုပ်ဆောင်ချက်များပိုမိုထိရောက်စေခြင်းဖြင့် အကျိုးကျေးဇူးများ ပေးသည်။ ဤစနစ်သည် ကောင်းမွန်စွာ လေ့ကျင့်သင်ယူထားသော ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် နည်းပညာရှင်များအား ပုံမှန်လုပ်နေကျအလုပ်များတွင် အချိန်ကုန်သက်သာစေပြီး လူနာကုသမှုကို ပိုမိုအချိန်ပေးနိုင်စေသည်။
ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံ၏ ပထမဆုံးအသုံးပြုသော ဆေးဘက်ဆိုင်ရာ အလိုအလျောက်ဓာတ်ခွဲခန်းစနစ်ကို စတင်မိတ်ဆက်အသုံးပြုခြင်းဖြင့် လူနာဝန်ဆောင်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို အဆင့်သစ်တစ်ခုသို့ အရည်အသွေးမြှင့်တင်ထားပြီးဖြစ်သည်။ Beckman Coulter ၏ အလိုအလျောက်ဓာတ်ခွဲခန်းစနစ်သည် ကမ္ဘာ့အဆင့်တန်းမီဆေးရုံများစွာက အသုံးပြုသောနည်းပညာပင် ဖြစ်သည်။ ၎င်းသည် ဓာတ်ခွဲခန်းအဖြေထွက်ရန် စောင့်ရချိန်ကို လျော့နည်းစေပြီး တိကျမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုတို့ကို သေချာစေကာ အလုပ်ကို ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်စေသည်။ ဤစနစ်သစ်သည် သမားတော်များအား တိကျစွာနှင့် မြန်ဆန်ထိရောက်စွာ ရောဂါရှာဖွေရာနှင့် ဓာတ်ခွဲခန်းရလဒ်များကို ဖတ်ရာတွင် အထောက်အကူပြုသည်။
ဘမ်ရန်ရက်ဒ်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးတွင် ကျွန်ုပ်တို့သည် နောက်ဆုံးပေါ် 4D နည်းပညာကို အသုံးပြုထားသည်။ အသံလွန်လှိုင်းအသုံးပြု၍ ခန္ဓာကိုယ်တွင်းအင်္ဂါများအားပုံရိပ်ဖော်ခြင်းသည် တစ်စက္ကန့်တွင် (၂၅) ပုံကို စကင်ဖတ်ပေးနိုင်သည့် မြန်ဆန်သော ပုံရိပ်များရိုက်ယူနိုင်မှုကြောင့် လှုပ်ရှားနေသော သက်ရှိကဲ့သို့ ရုပ်ပုံကို ဖန်တီးပေးသည်။ ရလဒ်အနေဖြင့် သင့်ရင်သွေး၏ ပုံရိပ်ကို လှုပ်ရှားမှုပုံစံအဖြစ် တိုက်ရိုက် မြင်တွေ့နိုင်မည်ဖြစ်သည်။ လေးဖက်မြင် (4D) နည်းပညာသည် သင့်ကလေးကို ဝမ်းဗိုက်ထဲတွင် မျက်လုံးဖွင့်သည့်အခါနှင့် သမ်းသည့်အခါများတွင်ပင် သင်မြင်နိုင်အောင် လုပ်ဆောင်ပေးနိုင်သည်။
ကျွန်ုပ်တို့ဆေးရုံကြီးသည် ဥရောပတွင် ပထမဦးဆုံး စတင်မိတ်ဆက်ခဲ့သော ကင်ဆာကုသမှု နည်းပညာသစ်ဖြစ်သည့် ရောဂါကုသရာတွင်တိကျစေရန်အတွက် ပုံရိပ်များသုံး၍ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း (IGRT) ကို ထိုင်းနိုင်ငံတွင် စတင် အသုံးပြုကုသပေးနေသော ပထမဆုံးဆေးရုံဖြစ်သည်။ IGRT သည် ကင်ဆာကျိတ်ကို ဓာတ်ရောင်ခြည်ဖြင့်ကုသသည့်နည်းဖြင့် အကျိတ်နေရာကို ရှာဖွေကုသရာတွင် အတိကျဆုံးနည်းဖြစ်သည်။ အကျိတ်ကို မကုသမီတွင် နေရာအတိအကျကို သိရှိနိုင်ရန်အတွက် ပုံရိပ်ဖော်နည်းပညာကို အသုံးပြုသည်။
ထိုင်းနိုင်ငံတွင် ပထမဆုံးတပ်ဆင်အသုံးပြုခဲ့သော နည်းပညာထဲမှ တစ်ခုဖြစ်သည့် Siemens ၏ နောက်ဆုံးပေါ်နည်းပညာသည် ၃-၆ မီလီမီတာအထိ သေးငယ်သော အရွယ်အစားရှိသည့် မူမမှန်သော ဆဲလ်၏ တည်နေရာအတိအကျကို ဆရာဝန်များအနေဖြင့် ဖော်ထုတ်နိုင်စေသည်အထိ ပြတ်သားထင်ရှားမှုမြင့်မားသော ဓာတ်ပုံများကို ထုတ်ပေးနိုင်သည်။ စကင်စက်သည် CT သို့မဟုတ် MRI ကဲ့သို့ အခြားနည်းလမ်းများဖြင့် စစ်ဆေးပါက မတွေ့ရှိဘဲ ကျန်ခဲ့နိုင်သည့် ရောဂါအဆင့်များကို အသေးစိတ်စစ်ဆေးဖော်ထုတ်ပေးပြီး အန္တရာယ်ကင်း၍ နာကျင်မှုမရှိအောင် စစ်ဆေးပေးသည်။
ကျွန်ုပ်တို့ဆေးရုံ၏ ရင်သားကုသမှုဌာနတွင် ကွန်ပြူတာသုံး၍ ဓာတ်မှန်ဖြင့် ရင်သားအားစစ်ဆေးခြင်း (CAD) ကို ပေါင်းစပ်ကာ အတိကျဆုံး စစ်ဆေးသည့်စနစ်ကို ရရှိနိုင်အောင် ဆောင်ရွက်ထားသည်။ ကွန်ပြူတာသုံး၍ ဓာတ်မှန်ဖြင့် ရင်သားအားစစ်ဆေးခြင်းသည် ပို၍ခေတ်မီဆန်းသစ်သော ဓာတ်မှန်ဖြင့် ရင်သားအားစစ်ဆေးခြင်းနည်းပင် ဖြစ်သည်။ ၎င်းသည် ပိုမိုမြန်ဆန်ပြီး သက်သောင့်သက်သာရှိစေကာ ဆရာဝန်ကိုလည်း သမားရိုးကျ အိပ်စ်ရေးရောင်ခြည် ဓာတ်မှန်များထက် ပြတ်သားထင်ရှားမှုမြင့်မားသည့် ပိုမိုကောင်းမွန်သောပုံရိပ်များကို ထုတ်ပေးနိုင်သည်။ ဆေးရုံဆေးခန်းများတွင် လေ့လာမှုများအရ CAD ကွန်ပြူတာသုံး၍ ဓာတ်မှန်ဖြင့် ရင်သားအားစစ်ဆေးခြင်းသည် ကင်ဆာတွေ့ရှိမှုနှုန်းကို ၆ - ၂၀% အထိ မြင့်တက်စေကြောင်း သိရှိရသည်။ ဤစနစ်သည် ရောဂါရှိကြောင်း စက်များ၏ မှားယွင်းစွာပြသမှုများကိုလည်း လျှော့ချပေးသည်။
ဘမ်ရုန်ရက်ဒ်အပြည်ပြည်ဆိုင်ရာဆေးရုံတွင် Wi-Fi ကို လူနာများနှင့် ဧည့်သည်များ ဆေးရုံ၏မည်သည့်နေရာမှမဆို စွမ်းဆောင်ရည်လုံလောက်သောစက်ဖြင့် ချိတ်ဆက်သုံးစွဲနိုင်စေရန်အတွက် နေရာ (၃၀ဝ) ၌ တပ်ဆင်ပေးထားသည်။ Wi-Fi ကွန်ရက်သည် ထိုင်းနိုင်ငံတွင် အကြီးဆုံးကွန်ရက်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး နောက်ဆုံးပေါ်ခေတ်မီနည်းပညာကို အသုံးပြုထားကာ လုံခြုံစိတ်ချရမှုကို ပေးသဖြင့် Motorola's Enterprise Mobility Business မှ ချီးမြှင့်သော “အရှေ့တောင်အာရှတွင် အကောင်းဆုံးကြိုးမဲ့စနစ်” ဆုကို ရရှိထားသည်။
လူနာများကို ကူညီပံ့ပိုးပေးရန် Yangon International Medical Services ကို မြန်မာနိုင်ငံတွင် တရားဝင်ကိုယ်စားလှယ်အဖြစ် ကိုယ်စားလှယ်ရုံးဖွင့်ရန် ခန့်အပ်ထားပါသည်။ ၎င်းတို့၏ဝန်ဆောင်မှုများတွင်မြန်မာနိုင်ငံမှလူနာများအတွက် ဆေးကုသမှုအစီအစဉ်များနှင့်ခန့်မှန်းခြေကုန်ကျစရိတ်များကိုကူညီရယူပေးခြင်း ၊ ဆရာဝန်ရက်ချိန်းယူပေးခြင်း ၊ ဗီဇာကိစ္စများ နှင့် ခရီးသွားလာခြင်းအတွက်ပြင်ဆင်ပေးခြင်း၊ ထိုင်းနိုင်ငံအတွင်းလည်ပတ်သွားလာနိုင်ရန် ခရီးသွားဝန်ဆောင်မှုနှင့် အထူး VIP ဝန်ဆောင်မှုများ ပါဝင်သည်။ ထို ဝန်ဆောင်မှုများအားလုံးသည် အခမဲ့ဖြစ်ပါသည်။