ကျန်းမာရေးစောင့်ရှောက်မှုကမ္ဘာ
ဘမ်ရွန်ဂရက်
အပြည်ပြည်ဆိုင်ရာဆေးရုံကြီး
အမေရိကန်အခြေစိုက်အပြည်ပြည်ဆိုင်ရာပူးတွဲကော်မရှင်(JCI)မှတရားဝင်အသိအမှတ်ပြုထားသောအာရှ၏ ပထမဦးဆုံးဆေးရုံကြီးဖြစ်သည်။ဘမ်ရွန်ဂရက်
သည်ဆေးပညာနယ်ပယ်ရပ်ပေါင်းစုံတွင်အထူးပြုပြီးဘန်ကောက်မြို့၏အချက်အချာနေရာတွင်တည်ရှိသည်။အရှေ့တောင်အာရှတွင် အကြီးမားဆုံးပုဂ္ဂလိကဆေးရုံကြီးများအနက်မှ တစ်ခုဖြစ်ကာအထူးကုဌာနပေါင်း(၄၀)ကျော်ရှိသည်။ဘမ်ရွန်ဂရက်၌အဆင့်မြင့်ဆုံး ခေတ်မီရောဂါရှာဖွေရေး၊ကုသရေးနှင့်အထူးကြပ်မတ်စောင့်ရှောက်ရေးအထောက်အပံ့များနှင့်ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ရရှိနိင်သည်။
ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် Quarantine ဝင်ခြင်း
ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ထိုင်းဒေသအာဏာပိုင်များမှ ထိုင်းနိုင်ငံသို့ ရောက်ရှိသည်နှင့် ကွာရန်တင်း ဝင်ရောက်ခြင်း (ရေဂါကူးစက်ပြန့်ပွားမှုမရှိစေရန် သီးသန့်ထားရှိခြင်း) အပါအဝင် နိုင်ငံတွင်းသို့ ဝင်ခွင့်ရနိုင်ရန်အတွက် ခွင့်ပြုချက်နှင့် စပ်လျဥ်း၍ စည်းမျဥ်းများ သတ်မှတ်ထား ပါသည်။ အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်ဆေးရုံကြီး အနေဖြင့်လည်း ယခုလို ခက်ခဲလှသည့်အချိန်အတွင်း၌ လူနာများ နှင့် အဖော်လိုက်ပါမည့် လူနာစောင့်များ၏ ကွာရန်တင်းဝင်ခြင်းအပြင် အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုများ စီစဥ်ပေးနိုင်ဖို့အတွက် လူနာများအား လက်ခံပေးနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ထိုင်းနိုင်ငံတွင်ယုံကြည်စိတ်ချရဆုံးသောဆေးရုံကြီး
အထူးကုများ၏ပြုစုစောင့်ရှောက်မှု
သမားတော်များ၊ ခွဲစိတ်ဆရာဝန်ကြီးများ၊ အတိုင်ပင်ခံများ (၁၂၀၀) ခန့်ရှိသည့်အနက် (၂၂၀) ခန့်သည် အမေရိကန်အဖွဲ့၏ အသိအမှတ်ပြုလက်မှတ်ရရှိထားသူများဖြစ်ပြီး၊အနောက်တိုင်းမှဆေးကုသရန်လာသည့် ခရီးသွားများ၊ထိုင်းနိုင်ငံသို့ လာရောက်နေထိုင်သူများနှင့် ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ အထူးနှစ်သက်သော အဆောက်အအုံ ဖြစ်စေပါသည်။
ရောဂါအမည်များနှင့် ဆေးကုသမှုများ
ဆေးပညာအထူးပြုနယ်ပယ်ခွဲအားလုံးနီးပါးတွင် လုပ်ကိုင်လျက်ရှိသော ဆရာဝန်များက ရောဂါအမျိုးအမည်အားလုံးအတွက် ရောဂါရှာဖွေခြင်းနှင့် ကုသမှုများကိုဘမ်ရွန်ဂရက်မှလုပ်ဆောင်ပေးသည်။
အထူးကုဌာနများ
သင့်အတွက်သင့်လျော်သည့် ရောဂါစစ်ဆေးမှုစျေးနှုန်းအစီအစဉ်တွဲကို ရွေးချယ်ခြင်း
"ကြိုတင်ကာကွယ်မှုတစ်အောင်စသည် ကုသမှုတစ်ပေါင်နှင့် တူညီသည်" ကို သင်ကြားဖူးပါသလား။ ဆေးစစ်မှုဆိုသည်မှာ လက်ရှိအချိန်တွင် ကျန်းမာသည်ဟု ခံစားရသူများ ရောဂါများမကြီးထွားမီ ဖြစ်လာနိုင်သောပြဿနာများအား ကာကွယ်ရန်အတွက် တစ်အောင်စတန်ကြိုတင်ပြင်ဆင်မှုကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ ပုံမှန်စစ်ဆေးခြင်းဖြင့် ….
စက်ရုပ်အကူဖြင့် ကွန်ပြူတာလမ်းပြထိန်းကွပ်သောကျောရိုးခွဲစိတ်မှု
ခွဲစိတ်ဆရာ၀န်များအား အထောက်အကူပြုသည့် စက်ရုပ်များသည် တိကျမှုနှင့် မြန်ဆန်ထိရောက်မှုတို့ကို ပေးသည်။
ဘမ်ရွန်ဂရက်သည် 2D ရင်ဘတ်ဓာတ်ရောင်ခြည် နှင့် O-arm ဓာတ်မှန်နည်းစနစ်အသုံးပြုသော ကိုယ်တွင်းသို့ အနည်းငယ်သာ ထိုးဖောက်ဝင်ရောက်သည့် ခွဲစိတ်ကုသမှုတို့နှင့်အတူ တိကျသော screw (၀က်အူ) ကို တိကျသောနေရာ၌ထားရှိခြင်းနည်းကိုသုံးကာ ကျောရိုးခွဲစိတ်ခြင်းကို (၂၀၁၃) ခုနှစ်ကတည်းက လုပ်ဆောင်ပြီး ဖြစ်သည်။ ပြီးခဲ့သောငါးနှစ်ကျော်ကာလအတွင်း (၅၀၀) ဦးထက်မနည်းသောလူများသည် ဘမ်ရုန်ရက်ဒ်တွင် ဤနည်းလမ်းဖြင့်ဆေးကုသခံယူခဲ့ကြပြီး ဖြစ်သည်။
လူနာများ၏ပြောပြချက်များ
ဘမ်ရွန်ဂရက်သည် နှစ်စဉ် လူနာ (၁.၁) သန်းကို ပြုစုကုသမှုပေးပြီး ထိုလူနာများတွင် နိုင်ငံတကာမှ လူနာပေါင်း ၅၂၀၀၀၀ ကျော်ပါ၀င်သည်။
ပြောပြချက်များကို ကြည့်ရန်
ကျန်းမာရေးဌာန
Vitalife သည် ရောဂါကာကွယ်ရေး၊ ကျန်းမာရေးမြှင့်တင်မှုနှင့် နုပျိုလန်းဆန်းရေးတို့တွင် အဓိကထားသော အာရှ၏ ပထမဆုံးဆေးပညာအပေါ်အခြေခံသော ကျန်းမာရေးနှင့် တက်ကြွလန်းဆန်းရေးဆေးခန်း ဖြစ်သည်။ (၁၇) နှစ်ကျော်ကြာ လက်တွေ့လုပ်ဆောင်မှုများနှင့်အတူ ကျွန်ုပ်တို့တွင် လူနာများ၏ကျန်းမာရေး တိုးတက်အောင်မြင်မှု အထောက်အထားမှတ်တမ်းများ ရရှိထားပြီးဖြစ်သည်။ နောက်ဆုံးပေါ်နိုင်ငံတကာနည်းပညာရပ်များကို အသုံးပြု၍ ခေတ်မီကုထုံးများနှင့် နောက်ဆုံပေါ်ဆေးပညာဖြင့် Vitalife အဖွဲ့သည် သင် ပြန်လည်သစ်လွင်၊ လန်းဆန်း၊ ရှင်သန်တက်ကြွလာစေရေးအတွက် ရည်မှန်းသည်။